• Follow Us on

Home မူဆလင္ႏုိင္ငံမ်ား အားေကာင္းၿပီး လြတ္လပ္မႈရွိရန္လိုဟုု မေလးရွား ၀န္ႀကီးခ်ဳပ္ေျပာၾကား

မူဆလင္ႏုိင္ငံမ်ား အားေကာင္းၿပီး လြတ္လပ္မႈရွိရန္လိုဟုု မေလးရွား ၀န္ႀကီးခ်ဳပ္ေျပာၾကား

Share this post

ျပည္ပႏုိင္ငံေတြရဲ႕ ၾကား၀င္စြက္ဖက္မႈကို တြန္းလွန္ႏိုင္ဖို႔အတြက္ မူဆလင္ႏုိင္ငံမ်ား အားေကာင္းၿပီး လြတ္လပ္ မႈရွိဖို႔ လိုအပ္တယ္လို႕ မေလးရွား၀န္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္က ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ ေျပာပါတယ္။

ျပည္ပႏိုင္ငံေတြဟာ မူဆလင္ႏုိင္ငံေတြကို အခ်င္းခ်င္းတိုက္ခိုက္ၾကတာကို ျမင္ေတြ႕လိုၾကၿပီး အခုလို အခ်င္း ခ်င္းတုိက္ခိုက္ေနသမွ် မူဆလင္ႏိုင္ငံေတြဟာ အားေကာင္းမွာမဟုတ္ဘူးလို႔ မဟာသီယာက ေျပာပါတယ္။

ကြာလာလမ္ပူမွာ ျပဳလုပ္ခဲ့တဲ့ အစည္းအေ၀းပြဲတစ္ခုရဲ႕ အေမးအေျဖက႑မွာ မဟာသီယာက အခုလို ေျပာ ၾကားခဲ့တာျဖစ္ပါတယ္။ အင္အားႀကီးႏုိင္ငံေတြအားလံုးဟာ မိမိတို႔ႏိုင္ငံေတြမွာ ဘာပဲျဖစ္ေနျဖစ္ေန လႊမ္းမိုးလို ၾကၿပီး ဒါကို မိမိတို႔အေနနဲ႔ တြန္းလွန္ဖို႔လိုတယ္လို႔ မဟာသီယာက ေျပာပါတယ္။ ဒီလို တြန္းလွန္ဖို႔အတြက္ မူဆလင္ႏုိင္ငံေတြဟာ အားေကာင္းၿပီး လြတ္လပ္မႈရွိဖို႔လိုတယ္လို႔ မဟာသီယာက ေျပာၾကားခဲ့ပါတယ္။

#PeopleMedia #International

(Unicode)
မူဆလင်နိုင်ငံများ အားကောင်းပြီး လွတ်လပ်မှုရှိရန်လိုဟု မလေးရှား ဝန်ကြီးချုပ်ပြောကြား
…………………………………………………………

ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုကို တွန်းလှန်နိုင်ဖို့အတွက် မူဆလင်နိုင်ငံများ အားကောင်းပြီး လွတ်လပ် မှုရှိဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောပါတယ်။

ပြည်ပနိုင်ငံတွေဟာ မူဆလင်နိုင်ငံတွေကို အချင်းချင်းတိုက်ခိုက်ကြတာကို မြင်တွေ့လိုကြပြီး အခုလို အချင်း ချင်းတိုက်ခိုက်နေသမျှ မူဆလင်နိုင်ငံတွေဟာ အားကောင်းမှာမဟုတ်ဘူးလို့ မဟာသီယာက ပြောပါတယ်။

ကွာလာလမ်ပူမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပွဲတစ်ခုရဲ့ အမေးအဖြေကဏ္ဍမှာ မဟာသီယာက အခုလို ပြော ကြားခဲ့တာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံတွေအားလုံးဟာ မိမိတို့နိုင်ငံတွေမှာ ဘာပဲဖြစ်နေဖြစ်နေ လွှမ်းမိုးလို ကြပြီး ဒါကို မိမိတို့အနေနဲ့ တွန်းလှန်ဖို့လိုတယ်လို့ မဟာသီယာက ပြောပါတယ်။ ဒီလို တွန်းလှန်ဖို့အတွက် မူဆလင်နိုင်ငံတွေဟာ အားကောင်းပြီး လွတ်လပ်မှုရှိဖို့လိုတယ်လို့ မဟာသီယာက ပြောကြားခဲ့ပါတယ်။

#PeopleMedia #International


Share this post