• Follow Us on

Home မူးယစ္ေဆးဝါး၊လက္နက္ႀကီး၊လက္နက္ငယ္မ်ား က်ပ္ဘီလီယံ ရာခ်ီ ဖမ္းမိသည့္ ေကာင္းခါးျပည္သူ့စစ္ ေဒသကို တပ္မေတာ္က အျပည့္အဝ ထိန္းခ်ဳပ္လိုက္ၿပီ

မူးယစ္ေဆးဝါး၊လက္နက္ႀကီး၊လက္နက္ငယ္မ်ား က်ပ္ဘီလီယံ ရာခ်ီ ဖမ္းမိသည့္ ေကာင္းခါးျပည္သူ့စစ္ ေဒသကို တပ္မေတာ္က အျပည့္အဝ ထိန္းခ်ဳပ္လိုက္ၿပီ

Share this post

ရန္ကုန္၊မတ္-၂၅

ရွမ္း(ေျမာက္)ကြတ္ခိုင္ၿမိဳ႕နယ္ေကာင္းခါးေဒသ၌ က်ပ္ဘိလီယံ ရာႏွင့္ခ်ီ၍မူးယစ္ေဆးဝါး၊လက္နက္ႀကီး၊လက္နက္ငယ္မ်ား က်ပ္ဘီလီယံ ရာခ်ီ ဖမ္းမိသည့္ ကိစၥရပ္ႏွင့္ ပတ္သက္ၿပီး ေကာင္းခါးျပည္သူ့စစ္ ေဒသကို တပ္မေတာ္က အျပည့္အဝ ထိန္းခ်ဳပ္လိုက္ၿပီလိုက္ေၾကာင္း ေကာင္းခါးျပည္သူ့စစ္ အဖြဲ႕ဝင္ တစ္ဦးကေျပာပါတယ္။

“ေကာင္းခါးဂိတ္ေတြအားလုံးကို တပ္မေတာ္က အျပည့္အဝထိန္းခ်ဳပ္လိုက္တာ။သြားခ်င္တိုင္းသြားမရ အေျခအေနတစ္ခုပါ။ဖမ္းမိမူးယစ္ ကိစၥေတြ လက္နက္ကိစၥေတြပါမယ္လို႔ ယူဆရပါတယ္”လို႔ ေကာင္းခါးျပည္သူ့စစ္ေခါင္းေဆာင္တစ္ဦးက ေျပာပါတယ္။

အဆိုပါ ျဖစ္စဉ္အေပၚ တပ္မေတာ္ေခါင္းေဆာင္တစ္ဦးက ေကာင္းခါးေဒသ မူးယစ္ ျဖစ္စဉ္ႏွင့္ ပတ္သက္၍ သတင္းေပးရန္ ပ်က္ကြက္မႈ စသည့္တို႔ႏွင့္ ေဆာင္ရြက္ရန္ရွိေၾကာင္း ဆိုပါတယ္။

အလားတူ ေကာင္းခါးေဒသ၌ ဖမ္းမိသည့္ မူးယစ္ထုတ္လုပ္ပစၥည္းမ်ား မူးယစ္ေဆးဝါးႏွင့္ဆက္စပ္သည့္ ပစၥည္းမ်ားကို တပ္မေတာ္က ျမန္မာႏိုင္ငံ၌ အေျခစိုက္သည့္ စစ္သံမွဴးမ်ားကို ေခၚယူျပသမႈလည္း ျပဳ႕လုပ္ထားၿပီးျဖစ္ပါတယ္။

အဆိုပါ ခရီးစဉ္အတြင္း၌ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက မူးယစ္ျဖစ္စဉ္ႏွင့္ပတ္သက္၍ ဥပေဒအထက္တြင္ မည္သူမွ် မရွိေစရေၾကာင္း မီဒီယာမ်ားကို ေျပာဆိုခဲ့ပါတယ္။

#PeopleMedia #ေကာင္းခါးျပည္သူ့စစ္ #ကြတ္ခိုင္

(unicode)
မူးယစ်ဆေးဝါး၊လက်နက်ကြီး၊လက်နက်ငယ်များ ကျပ်ဘီလီယံ ရာချီ ဖမ်းမိသည့် ကောင်းခါးပြည်သူ့စစ် ဒေသကို တပ်မတော်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီ
……………………………………………………………………………….

ရန်ကုန်၊မတ်-၂၅

ရှမ်း(မြောက်)ကွတ်ခိုင်မြို့နယ်ကောင်းခါးဒေသ၌ ကျပ်ဘိလီယံ ရာနှင့်ချီ၍မူးယစ်ဆေးဝါး၊လက်နက်ကြီး၊လက်နက်ငယ်များ ကျပ်ဘီလီယံ ရာချီ ဖမ်းမိသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ကောင်းခါးပြည်သူ့စစ် ဒေသကို တပ်မတော်က အပြည့်အဝ ထိန်းချုပ်လိုက်ပြီလိုက်ကြောင်း ကောင်းခါးပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။

“ကောင်းခါးဂိတ်တွေအားလုံးကို တပ်မတော်က အပြည့်အဝထိန်းချုပ်လိုက်တာ။သွားချင်တိုင်းသွားမရ အခြေအနေတစ်ခုပါ။ဖမ်းမိမူးယစ် ကိစ္စတွေ လက်နက်ကိစ္စတွေပါမယ်လို့ ယူဆရပါတယ်”လို့ ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်အပေါ် တပ်မတော်ခေါင်းဆောင်တစ်ဦးက ကောင်းခါးဒေသ မူးယစ် ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းပေးရန် ပျက်ကွက်မှု စသည့်တို့နှင့် ဆောင်ရွက်ရန်ရှိကြောင်း ဆိုပါတယ်။

အလားတူ ကောင်းခါးဒေသ၌ ဖမ်းမိသည့် မူးယစ်ထုတ်လုပ်ပစ္စည်းများ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် ပစ္စည်းများကို တပ်မတော်က မြန်မာနိုင်ငံ၌ အခြေစိုက်သည့် စစ်သံမှူးများကို ခေါ်ယူပြသမှုလည်း ပြု့လုပ်ထားပြီးဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ထွန်းထွန်းညီက မူးယစ်ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရကြောင်း မီဒီယာများကို ပြောဆိုခဲ့ပါတယ်။

#PeopleMedia #ကောင်းခါးပြည်သူ့စစ် #ကွတ်ခိုင်


Share this post