• Follow Us on

Home မူးယစ်ဆေးသုံးစွဲသူများနှင့် မူးယစ်ဆေးရောင်းဝယ်သူများ သေဆုံးမှုအတွက် မည်သည့်အချိန်တွင်မှ တောင်းပန် မည်မဟုတ်ကြောင်း ဒူတာတေးပြော

မူးယစ်ဆေးသုံးစွဲသူများနှင့် မူးယစ်ဆေးရောင်းဝယ်သူများ သေဆုံးမှုအတွက် မည်သည့်အချိန်တွင်မှ တောင်းပန် မည်မဟုတ်ကြောင်း ဒူတာတေးပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅ (People Media)

 

လူ့အခွင့်အရေးအုပ်စုများအထိတ်တလန့်ဖြစ်ခဲ့ရသော ဖိလစ်ပိုင်သမ္မတဒူတာတေး၏ မူးယစ်ဆေးဝါးနှိမ်နှင်းမှုစစ် ဆင်ရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင်များပစ်ခတ်မှုများကြောင့် မူးယစ်ဆေးသုံးစွဲသူများနှင့် မူးယစ်ဆေး ရောင်း ဝယ်သူများဟု သံသယရှိသူများ၏ သေဆုံးမှုများအတွက် မည်သည့်အချိန်တွင်မှ တောင်းပန်လိမ့်မည်မဟုတ် ကြောင်း သမ္မတဒူတာတေးက ဇန်နဝါရီလ ၄ ရက်နေ့က ပြောကြားလိုက်သည်။

 

ဒူတာတေးအစိုးရလက်ထက်တွင် ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း မူးယစ်ဆေးဝါးနှိမ်နှင်း မှုစစ်ဆင်ရေးပြုလုပ်ခဲ့ရာ အဆိုပါစစ်ဆင်ရေးကာလအတွင်း မူးယစ်ဆေးဝါးသံသယမှုနှင့်ပတ်သက်၍ လူပေါင်း ၆,၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အစိုးရစာရင်းများအရ သိရသည်။

 

“အဲဒီ မူးယစ်ဆေးဝါးနဲ့ဆက်နွယ်တဲ့သူတွေသေဆုံးမှုနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်တော့မှ (ဘယ်တော့မှ) တောင်းပန်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို သတ်ချင်သတ်၊ ထောင်ထဲထည့်ချင်ထည့် ဘယ်တော့မှ မတောင်း ပန်ဘူး။” ဟု ဒူတာတေးက အပတ်စဉ်ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်ဆက်နွယ်သည်ဟုသံသယရှိသူများကို မစဉ်းစားမဆင်ခြင်ဘဲ သတ်ပစ်လိုက်ကြကြောင်း လူ့အခွင့်အရေးအဖွဲ့များနှင့် ဝေဖန်သူများက ပြောကြားခဲ့ကြသော်လည်း အဆိုပါ သေဆုံးသူများမှာ လက်နက်ကိုင်ဆောင်ထားကြပြီး ရဲတပ်ဖွဲ့ကဖမ်းဆီးရာတွင် အကြမ်းဖက်ပြန်လည်ခုခံခဲ့ကြ ကြောင်း ရဲတပ်ဖွဲ့ကပြန်လည်ပြောကြားခဲ့သည်။

 

ရဲတပ်ဖွဲ့ဝင်များ တာဝန်ချိန်အတွင်းဆောင်ရွက်သမျှကို အကာအကွယ်ပေးသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် အသက်အန္တရာယ်နှင့်ကြုံတွေ့ရနိုင်သည့်အခြေအနေမျိုးရင်ဆိုင်ရပါက ပြန်လည်ခုခံတိုက်ခိုက်နိုင်ကြောင်း ယခုနှစ်အတွင်း ပထမဦးဆုံးပြောကြားခဲ့သည့်မိန့်ခွန်းတွင် ဒူတာတေးက ထည့်သွင်းပြောကြားခဲ့သည်။

 

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒူတာတေးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တရားဥပ ဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်မည်ဟူသော ရွေးကောက်ပွဲကြွေးကြော်သံနှင့်အတူ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ တွင် အနိုင်ရလာခဲ့သူဖြစ်သည်။

 

သွေးကြွနေသည့် ခေါင်းဆောင်ဖြစ်သူ ဒူတာတေးသည် အခြေခံဥပဒေအရ လာမည့်နှစ်ရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့်မရှိတော့ပေ။ ဒူတာတေးကိုထောက်ခံသည့်နိုင်ငံရေးသမားတစ်ဦး ရွေးကောက်ခံရပါက အဆို ပါ မူးယစ်ဆေးဝါးနှိမ်နှင်းမှုစစ်ဆင်ရေးကာလဆောင်ရွက်ခဲ့သမျှကိစ္စနှင့်ပတ်သက်၍ ဒူတာတေးအား အရေးမယူ နိုင်ရန် ကာကွယ်သွားနိုင်ကြောင်း ဆန်းစစ်လေ့လာသူများက ပြောသည်။

 

Ref: Philippines’ Duterte says he will never apologize for drug war deaths

 

#PeopleMedia

 

(unicode)


……………………………………………………….


 


 


 


 


 


 


 


 

Ref: Philippines’ Duterte says he will never apologize for drug war deaths

 

#PeopleMedia


Share this post