• Follow Us on

Home မူးမြစ်တံတားတိုက်ပွဲ၌ တပ်မတော်မှ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး လက်နက်များ သိမ်းဆည်းခံခဲ့ရကြောင်း သတင်း သည် သတင်းအမှားသာဖြစ်၊ အဆိုပါတိုက်ပွဲသည် မိနစ်အနည်းငယ်ခန့်သာကြာပြီး ပစ်ပြေး တိုက်ပွဲဟုဆို

မူးမြစ်တံတားတိုက်ပွဲ၌ တပ်မတော်မှ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး လက်နက်များ သိမ်းဆည်းခံခဲ့ရကြောင်း သတင်း သည် သတင်းအမှားသာဖြစ်၊ အဆိုပါတိုက်ပွဲသည် မိနစ်အနည်းငယ်ခန့်သာကြာပြီး ပစ်ပြေး တိုက်ပွဲဟုဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ မူးမြစ်တံတားတိုက်ပွဲ၌ တပ်မတော်မှ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး လက်နက်များ သိမ်းဆည်းခံခဲ့ရကြောင်း သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲသည် မိနစ်အနည်းငယ်ခန့်သာကြာပြီး ပစ်ပြေးတိုက်ပွဲသာဖြစ်တယ်လို့ ပင်လည်ဘူးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ တာ ဝန်ရှိသူတစ်ဦးက People Media သို့ ပြောဆိုသည်။

 

စက်တင်ဘာ ၂၃ ရက်နေ့၌ မီဒီယာအချို့တွင် ပင်လည်ဘူးမြို့နယ်၊ မူးမြစ်တံတားတိုက်ပွဲ၌ တပ်မတော်မှ ကျဆုံးဒဏ်ရာရရှိမှုများဖြစ်ပြီး PDF အဖွဲ့မှ တပ်မတော်ပိုင်လက်နက်များကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ဖော် ပြခဲ့ကြသည်။

 

အဆိုပါ သတင်းဖြစ်စဉ်အပေါ် အတည်ပြုနိုင်ရန် People Media မှ ပင်လည်ဘူးမြို့ အုပ်ချုပ်ရေးတာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းရာ “တိုက်ပွဲက မူးမြစ်တံတားက တံတားအနီးမှာ PDF တွေက ချောင်းပစ်တာပါ။ ပစ်ပြေးလုပ်သွားတာ။ PDF အဖွဲ့တွေက ဝေးဝေးက ချောင်းပစ်တယ်။ ပစ်ပြီး ပြေးတာ” လို့ ပြောဆိုသည်။

 

ထပ်မံ၍ People Media သတင်းဌာနမှ အဆိုပါတိုက်ပွဲဖြစ်စဉ်၌ တပ်မတော်ပိုင် လက်နက်များသိမ်းဆည်းခံခဲ့ရ ကြောင်း မီဒီယာအချို့က ဖော်ပြထားမှုအပေါ် မေးမြန်းရာ “ဓါတ်ပုံအမှားတွေပါ။ အဲ့ဒီတိုက်ပွဲက ပစ်ပြီး ပြေးကုန် ကြတာ။ တပ်မတော်က ထိခိုက်မှုမရှိဘူး” လို့ ဆက်လက်ပြောဆိုပါတယ်။

 

Photo – CJ

 

#PeopleMedia #ပင်လည်ဘူးမြို့ #မူးမြစ်တံတား

 

(unicode)


…………………………………………………………………….

 


 


 


 


 


 

Photo – CJ

 



Share this post