• Follow Us on

Home မူႀကိဳကေလးငယ္မ်ားကို ျပင္သစ္မွ ေဆးမင္ေၾကာင္အမ်ားဆံုးထိုးထားသူ၏သင္ၾကားခြင့္ တားျမစ္

မူႀကိဳကေလးငယ္မ်ားကို ျပင္သစ္မွ ေဆးမင္ေၾကာင္အမ်ားဆံုးထိုးထားသူ၏သင္ၾကားခြင့္ တားျမစ္

Share this post

ပဲရစ္၊ စက္တင္ဘာ ၂၉
 
ေက်ာင္းသားမိဘမ်ားက သူ႔အသြင္အျပင္ကို ေစာဒကတက္ခဲ့ၿပီးေနာက္ မူလတန္းႀကိဳေက်ာင္းသားမ်ားအား သူ႔ကိုသင္ၾကားခြင့္တားျမစ္ထားသည္ဟု ျပင္သစ္ႏုိင္ငံ၏ေဆးမင္ေၾကာင္အမ်ားဆံုးအမ်ိဳးသားကေျပာသည္။
 
ဆီဗီယံ ဟီလိန္း၏ခႏၶာကိုယ္၊ မ်က္ႏွာႏွင့္ လွ်ာတို႔တြင္ ေဆးမင္ေၾကာင္မ်ားထိုးထားၿပီး မ်က္လံုးမ်ားကိုလည္း ခြဲစိတ္ၿပီးမင္နက္ထိုးထားသည္။
 
အသက္ ၃၅ ႏွစ္႐ွိသည့္ဟီလိန္းသည္ အသက္ ၆ ႏွစ္ႏွင့္အထက္ မူလတန္းေက်ာင္းသားမ်ားကို သင္ၾကားေပးေနေသးသည္။
 
မိဘမ်ားေစာဒကတက္သည့္ကေလးမ်ားကို သူသင္ၾကားေပးရျခင္းမ႐ွိဘဲ သူ႔တပည့္မ်ားက သူ႔ကိုသိသျဖင့္ သူ႔အသြင္အျပင္ႏွင့္ပတ္သက္၍ ေအးေအးခ်မ္းခ်မ္း႐ွိေၾကာင္း ဟီလိန္းကေျပာသည္။
 
အေ၀းမွသူ႔ကိုျမင္သျဖင့္ လူဆိုးဟုျမင္ၾကျခင္းျဖစ္ေၾကာင္း ဟီလိန္းက ႐ုိက္တာသတင္းေအဂ်င္စီကိုေျပာသည္။
 
၃ ႏွစ္၀န္းက်င္ကေလးငယ္မ်ားကို ဆက္လက္သင္ၾကားခြင့္မေပးေတာ့ေၾကာင္း အရာ႐ွိမ်ားက ဆံုးျဖတ္ခဲ့ၿပီး ထိုဆံုးျဖတ္ခ်က္သည္ အလြန္၀မ္းနည္းဖြယ္ေကာင္းေၾကာင္း ဟီလိန္းကေျပာသည္။
 
သူ၏ေဆးမင္ေၾကာင္မ်ားသည္ မတူညီေသာသူကိုလက္ခံႏိုင္ရန္ ကေလးမ်ားကိုသင္ၾကားေပးရာတြင္ အကူအညီျဖစ္ေၾကာင္း ဟီလိန္းကေျပာသည္။
 
Ref : France’s most tattooed man told not to teach nursery children
 
#PeopleMedia
 
(Unicode)
မူကြိုကလေးငယ်များကို ပြင်သစ်မှ ဆေးမင်ကြောင်အများဆုံးထိုးထားသူ၏သင်ကြားခွင့် တားမြစ်
……………………………………….
 
ပဲရစ်၊ စက်တင်ဘာ ၂၉
 
ကျောင်းသားမိဘများက သူ့အသွင်အပြင်ကို စောဒကတက်ခဲ့ပြီးနောက် မူလတန်းကြိုကျောင်းသားများအား သူ့ကိုသင်ကြားခွင့်တားမြစ်ထားသည်ဟု ပြင်သစ်နိုင်ငံ၏ဆေးမင်ကြောင်အများဆုံးအမျိုးသားကပြောသည်။
 
ဆီဗီယံ ဟီလိန်း၏ခန္ဓာကိုယ်၊ မျက်နှာနှင့် လျှာတို့တွင် ဆေးမင်ကြောင်များထိုးထားပြီး မျက်လုံးများကိုလည်း ခွဲစိတ်ပြီးမင်နက်ထိုးထားသည်။
 
အသက် ၃၅ နှစ်ရှိသည့်ဟီလိန်းသည် အသက် ၆ နှစ်နှင့်အထက် မူလတန်းကျောင်းသားများကို သင်ကြားပေးနေသေးသည်။
 
မိဘများစောဒကတက်သည့်ကလေးများကို သူသင်ကြားပေးရခြင်းမရှိဘဲ သူ့တပည့်များက သူ့ကိုသိသဖြင့် သူ့အသွင်အပြင်နှင့်ပတ်သက်၍ အေးအေးချမ်းချမ်းရှိကြောင်း ဟီလိန်းကပြောသည်။
 
အဝေးမှသူ့ကိုမြင်သဖြင့် လူဆိုးဟုမြင်ကြခြင်းဖြစ်ကြောင်း ဟီလိန်းက ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။
 
၃ နှစ်ဝန်းကျင်ကလေးငယ်များကို ဆက်လက်သင်ကြားခွင့်မပေးတော့ကြောင်း အရာရှိများက ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက်သည် အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်း ဟီလိန်းကပြောသည်။
 
သူ၏ဆေးမင်ကြောင်များသည် မတူညီသောသူကိုလက်ခံနိုင်ရန် ကလေးများကိုသင်ကြားပေးရာတွင် အကူအညီဖြစ်ကြောင်း ဟီလိန်းကပြောသည်။
 
Ref : France’s most tattooed man told not to teach nursery children
 
#PeopleMedia

Share this post