• Follow Us on

Home မေကြးတိုင္းတြင္ တရားမဝင္သစ္စက္ ၃ ခုမွ သစ္ ၃၅ တန္ခန္႔ႏွင့္ လူ ၆ ဦး ဖမ္းဆီးရမိ

မေကြးတိုင္းတြင္ တရားမဝင္သစ္စက္ ၃ ခုမွ သစ္ ၃၅ တန္ခန္႔ႏွင့္ လူ ၆ ဦး ဖမ္းဆီးရမိ

Share this post

မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕နယ္ႏွင့္ ကံမၿမိဳ႕နယ္တို႔၏နယ္စပ္အနီးရွိ ေက်ာက္ပန္းေတာင္းေက်းရြာ ေဒသခံမ်ား လုပ္ကိုင္ေနၾကသည့္ တရားမဝင္သစ္စက္ ၃ ခုမွသစ္ ၃၅ တန္ခန္႔ သိမ္းဆည္းရမိခဲ့ေၾကာင္း မေကြးတိုင္းသစ္ေတာဦးစီးဌာနမွ သတင္းထုတ္ျပန္လိုက္သည္။

တရားမဝင္သစ္လုပ္ငန္းလုပ္ကိုင္ေနၾကသည့္ဓာတ္ပုံ၊ ဗီဒီယိုမ်ားကို လႊတ္ေတာ္ကိုယ္စားလွယ္ထံသို႔ ေဒသခံ မ်ားက ေပးပို႔တိုင္တန္းလာၾကသျဖင့္ သက္ဆိုင္ရာဝန္ႀကီးထံ တင္ျပၿပီး မင္းတုန္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းက ဦးေဆာင္ကာ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း လည္းသိရသည္။

ကြၽန္းသစ္၊ ပ်ဥ္းကတိုး၊ အျခားသစ္မ်ားႏွင့္ တရားမဝင္သစ္ခြဲျဖတ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ၿပီး ၎ရွာေဖြစစ္ေဆးေရးအဖြဲ႕ဝင္ေရာက္ရွာေဖြေနစဥ္ အမ်ိဳးသား(၆)ဦးအား ေတြ႕ရွိခဲ့ရသျဖင့္ ၎တို႔ အားေခၚယူစစ္ေဆးလွ်က္ရွိေနေၾကာင္း မေကြးတိုင္းေဒသႀကီး၊ သစ္ေတာဦးစီးဌာနမွၫႊန္မွဴးဦးစိုးတင့္က ေျပာသည္။

#PeopleMedia

(Unicode)
မကွေးတိုင်းတွင် တရားမဝင်သစ်စက် ၃ ခုမှ သစ် ၃၅ တန်ခန့်နှင့် လူ ၆ ဦး ဖမ်းဆီးရမိ
……………………………………………………

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်တို့၏နယ်စပ်အနီးရှိ ကျောက်ပန်းတောင်းကျေးရွာ ဒေသခံများ လုပ်ကိုင်နေကြသည့် တရားမဝင်သစ်စက် ၃ ခုမှသစ် ၃၅ တန်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း မကွေးတိုင်းသစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

တရားမဝင်သစ်လုပ်ငန်းလုပ်ကိုင်နေကြသည့်ဓာတ်ပုံ၊ ဗီဒီယိုများကို လွှတ်တော်ကိုယ်စားလှယ်ထံသို့ ဒေသခံ များက ပေးပို့တိုင်တန်းလာကြသဖြင့် သက်ဆိုင်ရာဝန်ကြီးထံ တင်ပြပြီး မင်းတုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဦးဆောင်ကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။

ကျွန်းသစ်၊ ပျဉ်းကတိုး၊ အခြားသစ်များနှင့် တရားမဝင်သစ်ခွဲဖြတ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းရှာဖွေစစ်ဆေးရေးအဖွဲ့ဝင်ရောက်ရှာဖွေနေစဉ် အမျိုးသား(၆)ဦးအား တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့ အားခေါ်ယူစစ်ဆေးလျှက်ရှိနေကြောင်း မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှညွှန်မှူးဦးစိုးတင့်က ပြောသည်။

#PeopleMedia


Share this post