• Follow Us on

Home မေကြးတိုင္းေဒသႀကီးတြင္ ခိုးဝင္ဘဂၤါလီမ်ားဖမ္းဆီးရမိ

မေကြးတိုင္းေဒသႀကီးတြင္ ခိုးဝင္ဘဂၤါလီမ်ားဖမ္းဆီးရမိ

Share this post

မေကြးတိုင္းေဒသႀကီးအတြင္း ရခိုင္႐ိုးမႏွင့္ထိစပ္ေနသည့္ အထက္မင္းလွၿမိဳ႕ႏွင့္ မင္းဘူးၿမိဳ႕တို႔တြင္ ခိုးဝင္ ဘဂၤါလီ ၁၂ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္းသတင္းရရွိသည္။

မင္းလွၿမိဳ႕နယ္၊ သခြပ္ရင္းေက်းရြာ၏ အေနာက္ဘက္ ၂ ဖာလုံခန္႔အကြာရွိ ေတာစပ္တြင္ ခိုးဝင္ဘဂၤါလီလူငယ္ အမ်ိဳးသား ၂ ဦးကို ယခုလ ၇ ရက္ ညေနပိုင္းက နယ္ေျမေဒသခံမ်ား၏ ပူးေပါင္းပါဝင္မႈျဖင့္ ေရနံမနယ္ေျမ ရဲစခန္းက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ထို႔အျပင္ ယခုလ ၈ရက္ နံနက္ ၅ နာရီခြဲအခ်ိန္ကလည္း မင္းဘူးေရႊေရာင္ေတာ္ႏွင့္ ကြၽဲသိုးေျမာင္ၾကားတြင္ ခိုးဝင္ဘဂၤါလီ ၁၀ ဦးကို ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔အား တင္ေဆာင္လာသည့္ေမာ္ေတာ္ယာဥ္မွာ ထြက္ေျပး တိမ္းေရွာင္သြားခဲ့သည္။

ဘဂၤါလီ ၁၀ ဦးသည္ Probox အနက္ေရာင္ယာဥ္ျဖင့္ မင္းလွၿမိဳ႕ဘက္မွ ဧရာဝတီတံတား(မေကြး)သို႔ တက္ ေရာက္လာစဥ္ တိုးဂိတ္တြင္စစ္ေဆးေရးအဖြဲ႕အား ေတြ႕ျမင္၍ ျပန္လည္ခ်ိဳးေကြ႕ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။

ေရႊေရာင္ေတာ္ႏွင့္ ကြၽဲသိုးေျမာင္ၾကားတြင္ ဘဂၤါလီမ်ားအား ယာဥ္ေပၚမွ ခ်ထား၍ Probox ယာဥ္မွာ ထြက္ေျပး
တိမ္းေရွာင္းသြားခဲ့သျဖင့္ ေမာ္ေတာ္ယာဥ္ႏွင့္ ယာဥ္ေမာင္းအား ဥပေဒအရအေရးယူႏိုင္ရန္ လိုက္လံရွာေဖြလွ်က္ ရွိၿပီး ဖမ္းဆီးရမိခဲ့သည္။ ခိုးဝင္ဘဂၤါလီမ်ားကို ျမန္မာႏိုင္ငံအတြင္းေနထိုင္သူမ်ား မွတ္ပုံတင္ေရးအက္ဥပေဒျဖင့္ အေရးယူႏိုင္ရန္အေသးစိတ္စစ္ေဆးေဆာင္ရြက္လွ်က္ရွိေနေၾကာင္းသိရသည္။

#PeopleMedia

(Unicode)
မကွေးတိုင်းဒေသကြီးတွင် ခိုးဝင်ဘင်္ဂါလီများဖမ်းဆီးရမိ
……………………………………………

မကွေးတိုင်းဒေသကြီးအတွင်း ရခိုင်ရိုးမနှင့်ထိစပ်နေသည့် အထက်မင်းလှမြို့နှင့် မင်းဘူးမြို့တို့တွင် ခိုးဝင် ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိသည်။

မင်းလှမြို့နယ်၊ သခွပ်ရင်းကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ တောစပ်တွင် ခိုးဝင်ဘင်္ဂါလီလူငယ် အမျိုးသား ၂ ဦးကို ယခုလ ၇ ရက် ညနေပိုင်းက နယ်မြေဒေသခံများ၏ ပူးပေါင်းပါဝင်မှုဖြင့် ရေနံမနယ်မြေ ရဲစခန်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခုလ ၈ရက် နံနက် ၅ နာရီခွဲအချိန်ကလည်း မင်းဘူးရွှေရောင်တော်နှင့် ကျွဲသိုးမြောင်ကြားတွင် ခိုးဝင်ဘင်္ဂါလီ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား တင်ဆောင်လာသည့်မော်တော်ယာဉ်မှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ဘင်္ဂါလီ ၁၀ ဦးသည် Probox အနက်ရောင်ယာဉ်ဖြင့် မင်းလှမြို့ဘက်မှ ဧရာဝတီတံတား(မကွေး)သို့ တက် ရောက်လာစဉ် တိုးဂိတ်တွင်စစ်ဆေးရေးအဖွဲ့အား တွေ့မြင်၍ ပြန်လည်ချိုးကွေ့ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

ရွှေရောင်တော်နှင့် ကျွဲသိုးမြောင်ကြားတွင် ဘင်္ဂါလီများအား ယာဉ်ပေါ်မှ ချထား၍ Probox ယာဉ်မှာ ထွက်ပြေး
တိမ်းရှောင်းသွားခဲ့သဖြင့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းအား ဥပဒေအရအရေးယူနိုင်ရန် လိုက်လံရှာဖွေလျှက် ရှိပြီး ဖမ်းဆီးရမိခဲ့သည်။ ခိုးဝင်ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရန်အသေးစိတ်စစ်ဆေးဆောင်ရွက်လျှက်ရှိနေကြောင်းသိရသည်။

#PeopleMedia


Share this post