• Follow Us on

Home မေကြးတိုင္းေဒသႀကီး မင္းတုန္းၿမိဳ႕တြင္ သိန္း ၆၀၀ ေက်ာ္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုဖြင့္လွစ္

မေကြးတိုင္းေဒသႀကီး မင္းတုန္းၿမိဳ႕တြင္ သိန္း ၆၀၀ ေက်ာ္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုဖြင့္လွစ္

Share this post

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုအား သိန္း ၆၀၀ ေက်ာ္ျဖင့္ အေလးခ်ိန္ ၁၂၆၀ ပိႆာရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တုအား မေကြး တိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕တြင္ ထုလုပ္ဖြင့္လွစ္ခဲ့သည္။

ယေန႔ ေဖေဖာ္၀ါရီ ၁၃ ရက္ေန႔တြင္ မေကြးတိုင္းေဒသႀကီးအတြင္း မင္းတုန္းၿမိဳ႕၊ ကံမၿမိဳ႕ႏွင့္ ၿမိဳ႕သစ္ၿမိဳ႕တို႔၌ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုဖြင့္လွစ္ပြဲမ်ား က်င္းပခဲ့ၾကသည္။

မင္းတုန္းၿမိဳ႕ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုမွာ ျမင္းစီးေနသည့္ဟန္ျဖင့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုျဖစ္ၿပီး မင္းတုန္းၿမိဳ႕ ေအာင္ ဆန္းခန္းမေရွ႕ကြင္းျပင္တြင္ ထားရွိဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း မင္းတုန္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအးလႈိင္ဦးကေျပာသည္။

ထို႔အျပင္ ကံမၿမိဳ႕မွ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ဖြင့္ပြဲကိုလည္း ယေန႔ ေန႔လည္ ၁ နာရီခြဲအခ်ိန္တြင္ ကံမၿမိဳ႕နယ္ အထက ေက်ာင္းအနီး အားကစားကြင္းနေဘး သရက္-ကံမ -ျပည္လမ္းမေဘးတြင္ထားရွိ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ကံမၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဇာ္ဝင္းကေျပာသည္။

“ေၾကး႐ုပ္ထုက ေၾကးပိႆာခ်ိန္ ၁၂၀ ပိႆာရွိပါတယ္။ ကုန္က်မႈက က်ပ္သိန္း ၁၅၀ ေလာက္ရွိပါတယ္” ဟု ၎ကဆိုသည္။

မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕လြတ္လပ္ေရးပန္ၿခံဝန္းအတြင္း၌လည္း ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထုဖြင့္ပြဲကို ယေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္ခဲ့ၾကၿပီး ေက်ာက္စာတိုင္မ်ားလည္း ေရးသားထားရွိၾကကာ ေဒသခံျပည္သူအမ်ား အျပားႏွင့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၾကေၾကာင္း သိရသည္။

#PeopleMedia

(Unicode)
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့တွင် သိန်း ၆၀၀ ကျော် ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်လှစ်
………………………………………………………

ဗိုလ်ချုပ်ကြေးရုပ်တုအား သိန်း ၆၀၀ ကျော်ဖြင့် အလေးချိန် ၁၂၆၀ ပိဿာရှိ ဗိုလ်ချုပ်ကြေးရုပ်တုအား မကွေး တိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ထုလုပ်ဖွင့်လှစ်ခဲ့သည်။

ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မင်းတုန်းမြို့၊ ကံမမြို့နှင့် မြို့သစ်မြို့တို့၌ ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်လှစ်ပွဲများ ကျင်းပခဲ့ကြသည်။

မင်းတုန်းမြို့ ဗိုလ်ချုပ်ကြေးရုပ်ထုမှာ မြင်းစီးနေသည့်ဟန်ဖြင့် ဗိုလ်ချုပ်ကြေးရုပ်ထုဖြစ်ပြီး မင်းတုန်းမြို့ အောင် ဆန်းခန်းမရှေ့ကွင်းပြင်တွင် ထားရှိဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မင်းတုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးကပြောသည်။

ထို့အပြင် ကံမမြို့မှ ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲကိုလည်း ယနေ့ နေ့လည် ၁ နာရီခွဲအချိန်တွင် ကံမမြို့နယ် အထက ကျောင်းအနီး အားကစားကွင်းနဘေး သရက်-ကံမ -ပြည်လမ်းမဘေးတွင်ထားရှိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဝင်းကပြောသည်။

“ကြေးရုပ်ထုက ကြေးပိဿာချိန် ၁၂၀ ပိဿာရှိပါတယ်။ ကုန်ကျမှုက ကျပ်သိန်း ၁၅၀ လောက်ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့လွတ်လပ်ရေးပန်ခြံဝန်းအတွင်း၌လည်း ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြပြီး ကျောက်စာတိုင်များလည်း ရေးသားထားရှိကြကာ ဒေသခံပြည်သူအများ အပြားနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

#PeopleMedia


Share this post