• Follow Us on

Home မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဇူလိုင် ၁၄ ရက်တစ်ရက်ထဲ အစိုးရဝန်ထမ်း ၂၄ ဦးတွင် ကိုဗစ်ပိုးတွေ့

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် ဇူလိုင် ၁၄ ရက်တစ်ရက်ထဲ အစိုးရဝန်ထမ်း ၂၄ ဦးတွင် ကိုဗစ်ပိုးတွေ့

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကိုဗစ်ရောဂါပိုးရှိမရှိအား နေ့စဉ်စစ်ပေးလျက်ရှိရာတွင် ဇူလိုင်လ ၁၄ ရက်နေ့ တစ်ရက်ထဲတွင် မကွေးမြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအသီးသီးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

 

ဇူလိုင်လ ၁၄ ရက်နေ့တွင် စစ်ဆေးမှုများအရ မြို့နယ်ထွေအုပ်ဝန်ထမ်းတစ်ဦး၊ တိုင်းထွေအုပ်ဝန်ထမ်းတစ်ဦး၊ ခရိုင်ပြန်ကြားရေးနှင့် ဆက်ဆံရေးမှ ဝန်ထမ်းနှစ်ဦး၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေးမှ ဝန်ထမ်း ခြောက်ဦး၊ လမ်းဦးစီးဌာနမှ ဝန်ထမ်း တစ်ဆယ်နှစ်ဦး၊ အစိုးရအဖွဲ့ဝန်ထမ်းအိမ်ယာမှ တစ်ဦးနှင့် မြို့နယ်စည်ပင်သာ ယာရေးကော်မတီမှ ဝန်ထမ်းတစ်ဦးတို့တွင် ပိုးတွေ့ရှိထားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“မနေ့က စစ်တဲ့အခါမှာ ပိုးတွေ့တာတော့ အများကြီးတော့ရှိတယ်၊ အဲ့ဒီမှာ အစိုးရဝန်ထမ်းတွေလည်း လာ စစ်တဲ့အထဲမှာပါတယ်၊ ပိုးတွေ့တာတွေလည်းရှိတယ်” လို့ မကွေးမြို့ ကိုဗစ်ရောဂါကာကွယ်ရေးများ လုပ်ဆောင်နေတဲ့ Volunteer လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

 

ဇူလိုင်လ ၁၄ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သီတဂူ မျက်စိဆေးရုံနှင့် တိုင်းကျန်းမာရေး ကိုဗစ်စစ်ဆေးရေးစင်တာများတွင် လူဦးရေ ၃၄၈ ဦးအား ရောဂါပိုးရှိမရှိအား စစ်ဆေးခဲ့ပြီး ပိုးတွေ့သူဦးရေ ၁၀၀ ကျော်အထိရှိကြောင်း သိရပါတယ်။

 

#PeopleMedia #မကွေး

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post