• Follow Us on

Home မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲခံရပြီး အဆောက်အဦးအချို့ အနည်းငယ်ပျက်စီး

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးခွဲခံရပြီး အဆောက်အဦးအချို့ အနည်းငယ်ပျက်စီး

Share this post

မကွေး၊ အောက်တိုဘာ ၂၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမြို့နယ်ရုံးသည် ယနေ့နံနက် (၅း၁၀) အချိန်က ဗုံးခွဲခံ ရပြီး အဆောက်အဦးအချို့ အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ အဆိုပါ ပါတီထံက သိရပါတယ်။

 

“ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန်က ဗုံးခွဲခံရတာ။ လူထိခိုက်မှု လုံးဝမရှိပါဘူး။ အဆောက်အဦးအမိုးက အနည်းငယ် ပျက်စီးသွားတယ်လို့” အဆိုပါ ပါတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း၏ အစည်းအဝေးခန်းမနေရာနှင့် အဆောက်အဦး၏ တံခါးရွက်များ၊ အမိုးများ ပျက်စီးခဲ့ပါတယ်။

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့သည် ဒေသခံ PDF များ အားပြုလှုပ်ရှားနေသည့်ဒေသ များ ဖြစ်ပါတယ်။

 

လက်ရှိအချိန်၌ ဒေသခံ PDF များသည် ဂန့်ဂေါခရိုင်ရှိ အဓိကလမ်းမကြီးကို ထိန်းချုပ်လျက်ရှိပြီး မိုင်းထောင် ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိနေပါတယ်။

 

#PeopleMedia #ပေါက်မြို့ #USDP

 

(unicode)


………………………………………………….

 


 


 


 


 


 


 



Share this post