• Follow Us on

Home မကွေးတိုင်းမြို့နယ် (၃)ခု၌ ဘင်္ဂလီ (၂၂)ဦး ဖမ်းမိ


Share this post

မင်းလှ၊ဖေဖော်ဝါရီ-၁၅





သက်နောင်

#PeopleMedia

[Unicode]
မကွေးတိုင်းမြို့နယ် (၃)ခု၌ ဘင်္ဂလီ (၂၂)ဦး ဖမ်းမိ
………………………………………….

မင်းလှ၊ဖေဖော်ဝါရီ-၁၅

မကွေးတိုင်းဒေသကြီးတွင် တစ်နေ့တာအတွင်း ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်လျှက်ရှိနေ ေသာမြို့နယ်(၃)ခုမှဘင်္ဂါလီ(၂၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီလ ၁၄ရက် နေ့ကနံနက် ၄နာရီ ၅၅မိနစ်အချိန်တွင် အထက်မင်းလှမြို့နယ် လက်ပံ တံခါးကျေးရွာသွားလမ်းအနီး ဘင်္ဂါလီကျား(၄)ဦး၊မ(၈)ဦး၊၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကျား (၅)ဦး၊ညနေ(၄)နာရီ(၅၀)မိနစ်အချိန်တွင် ကန်တုတ်ကျေးရွာအုပ်စုကျစ်ဖျားကျေးရွာ အနောက် ဘက်(၁)ဖာလုံခန့်အကွာခြုံပုတ်အတွင်းမှ ကျား(၁)ဦးနှင့် လယ်မကျေးရွာအုပ်စု လယ်မ ေကျးရွာ အနောက်ဘက်(၁)ဖာလုံခန့်အကွာမှဘင်္ဂါလီအမျိုးသား(၁)ဦးကိုဖမ်းဆီးရမိခဲ့သည်။

၎င်းမင်းလှမြို့နယ်တွင်း ဘင်္ဂါလီ (၁၉)ဦးကိုဖမ်းဆီးရမိခဲ့ပြီးသည့်အပြင် မင်းတုန်းမြို့နယ်တွင် လည်း ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကဘင်္ဂါလီအမျိုးသား(၂)ဦးကို ဖမ်းဆီးရမိထားပြီး အဆိုပါနံနက် ၁၁ နာရီ ၁၅မိနစ်အချိန်ခန့်ကငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်း မိုင်တိုင် (၂၂၆/၄)မန်အောင်ကျေးရွာအုပ်စု မရိုးကန်ကျေးရွာအနီးဘင်္ဂါလီအမျိုးသား(၁)ဦးကို ဖမ်းဆီးရမိခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် တစ်နေ့တာအတွင်းမြို့နယ်(၃)ခုမှဖမ်းဆီးရမိသူဘင်္ဂါလီဦးရေ (၂၂)ဦးရှိနေပြီး၎င်းတို့အားမြန်မာနိုင်ငံတွင်းနေထိုင်ကြသူများမှတ်ပုံတင်ရေးအက်ဥပဒေဖြင့် အရေးယူနိုင်ရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ အမှုကွင်းဆက်များဆက်လက်ဖော်ထုတ်နိုင် ရန်အတွက်စစ်ဆေးခြင်းများဆောင်ရွက်လျှက်ရှိသည်။

သက်နောင်

#PeopleMedia


Share this post