• Follow Us on

Home မေကြးတိုင္း မင္းလွၿမိဳ႕၌ ဘိန္းခင္း(၈)ဧက ေတြ႕ရွိ၊ဘိန္းခင္းမ်ားသည္ ပိုင္ရွင္မဲ့ျဖစ္ေပၚ

မေကြးတိုင္း မင္းလွၿမိဳ႕၌ ဘိန္းခင္း(၈)ဧက ေတြ႕ရွိ၊ဘိန္းခင္းမ်ားသည္ ပိုင္ရွင္မဲ့ျဖစ္ေပၚ

Share this post

မေကြး၊ ဇန္နဝါရီ – ၁၈

မေကြးတိုင္းေဒသႀကီး၊အထက္မင္းလွၿမိဳ႕နယ္၌ လုံၿခဳံေရးအဖြဲ႕မ်ားက ဘိန္းခင္းစိုက္ပ်ိဳးမႈကို ရွာေဖြရာ (၈)ဧက ခန့္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

မင္းလွၿမိဳ႕နယ္ ဒု-ရဲမႉးၾကည္စိုးဦးေဆာင္ေသာ အဖြဲ႕သည္ ဇန္နဝါရီ(၁၇)ရက္ နံနက္(၇)နာရီမွ စတင္ၿပီး ဘိန္းခင္းစိုက္ပ်ိဳးမႈကို ရွာေဖြရာ မင္းလွၿမိဳ႕နယ္ ပနီဆုံေက်း႐ြာႏွင့္ေကာက္ကလိန္ေက်း႐ြာ၌ လ်ိဳေျမာင္မ်ားအတြင္း ရွာေဖြခဲ့ပါတယ္။

ထိုသို႔ဆက္ေဖြရာတြင္ င႐ုတ္ေကာင္းေက်း႐ြာ အေနာက္ဘက္ (၂)မိုင္ခန့္အကြာ၌ အသီး၊အပြင့္မ်ားရွိေသာ ဘိန္းခင္း(၄.၆၁)ဧကကိုေတြ႕ရွိခဲ့ပါတယ္။ထပ္မံၿပီး ရွာေဖြရာ ၎ေနရာမွ (၆)ဖာလုံအကြာ၌ ဘိန္းေစး ျခစ္လက္စ (၁)ဧကခန့္ေတြ႕ရွိခဲ့ပါတယ္။

အဆိုပါ ေနရာမွ ဆက္လက္ရွာေဖြရာ အေရွ႕ဘက္ (၂)မိုင္ခန့္အကြာ၌ ျခစ္လက္စ ဘိန္းခင္း (၂.၂၂)ဧက ေတြ႕ရွိခဲ့ပါတယ္။

ဘိန္းခင္း(၈)ဧကခန့္ကို ရဲတပ္ဖြဲ႕မွ ရွာေဖြေတြ႕ရွိၿပီးေနာက္ ဖ်က္ဆီးလိုက္ၿပီး ဘိန္းခင္းမ်ားအားလုံးသည္ ပိုင္ရွင္မဲ့ ျဖစ္ၾကပါတယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

#PeopleMedia #မင္းလွဘိန္းခင္း

[Unicode]
မကွေးတိုင်း မင်းလှမြို့၌ ဘိန်းခင်း(၈)ဧက တွေ့ရှိ၊ဘိန်းခင်းများသည် ပိုင်ရှင်မဲ့ဖြစ်ပေါ်
……………………………………………………………………………………….

မကွေး၊ ဇန်နဝါရီ – ၁၈

မကွေးတိုင်းဒေသကြီး၊အထက်မင်းလှမြို့နယ်၌ လုံခြုံရေးအဖွဲ့များက ဘိန်းခင်းစိုက်ပျိုးမှုကို ရှာဖွေရာ (၈)ဧက ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မင်းလှမြို့နယ် ဒု-ရဲမှူးကြည်စိုးဦးဆောင်သော အဖွဲ့သည် ဇန်နဝါရီ(၁၇)ရက် နံနက်(၇)နာရီမှ စတင်ပြီး ဘိန်းခင်းစိုက်ပျိုးမှုကို ရှာဖွေရာ မင်းလှမြို့နယ် ပနီဆုံကျေးရွာနှင့်ကောက်ကလိန်ကျေးရွာ၌ လျိုမြောင်များအတွင်း ရှာဖွေခဲ့ပါတယ်။

ထိုသို့ဆက်ဖွေရာတွင် ငရုတ်ကောင်းကျေးရွာ အနောက်ဘက် (၂)မိုင်ခန့်အကွာ၌ အသီး၊အပွင့်များရှိသော ဘိန်းခင်း(၄.၆၁)ဧကကိုတွေ့ရှိခဲ့ပါတယ်။ထပ်မံပြီး ရှာဖွေရာ ၎င်းနေရာမှ (၆)ဖာလုံအကွာ၌ ဘိန်းစေး ခြစ်လက်စ (၁)ဧကခန့်တွေ့ရှိခဲ့ပါတယ်။

အဆိုပါ နေရာမှ ဆက်လက်ရှာဖွေရာ အရှေ့ဘက် (၂)မိုင်ခန့်အကွာ၌ ခြစ်လက်စ ဘိန်းခင်း (၂.၂၂)ဧက တွေ့ရှိခဲ့ပါတယ်။

ဘိန်းခင်း(၈)ဧကခန့်ကို ရဲတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိပြီးနောက် ဖျက်ဆီးလိုက်ပြီး ဘိန်းခင်းများအားလုံးသည် ပိုင်ရှင်မဲ့ ဖြစ်ကြပါတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သက်နောင်(မင်းလှ)

#PeopleMedia #မင်းလှဘိန်းခင်း


Share this post