• Follow Us on

Home မကွေးတိုင်း၊ ငဖဲမြို့နယ်၌ သီးပွင့်ဆဲ ဘိန်းခင်း ၃.၅ ဧကခန့်ကို တာဝန်ရှိသူများ ရှာဖွေဖျက်ဆီးနိုင်ခဲ့၊ အဆိုပါ ဒေသ၌ ဘိန်းကို ဒေသခံများက ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးနေဟုဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၌ သီးပွင့်ဆဲ ဘိန်းခင်း ၃.၅ ဧကခန့်ကို တာဝန်ရှိသူများ ရှာဖွေဖျက်ဆီးနိုင်ခဲ့၊ အဆိုပါ ဒေသ၌ ဘိန်းကို ဒေသခံများက ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးနေဟုဆို

Share this post

မကွေး၊ ဇန်နဝါရီ ၁၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ သီးပွင့်ဆဲ ဘိန်းခင်း ၃.၅ ဧကခန့်ကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၃ ရက်နေ့၌ ရှာဖွေဖျက်ဆီးနိုင်ခဲ့ပြီး အဆိုပါဒေသ၌ ဘိန်းကို ဒေသခံများက ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးနေကြသည်။

 

ငဖဲမြို့နယ်၊ ပဘဲကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ကျော်ခန့်အကွာ တုံးကြီးလမ်းဆုံ၏အောက်ဘက် နောင်စောင်းကမ်းပါးယံတွင် အမြင့် ၂ပေ ခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဧကနှင့် ရှောက်ရင်းကျေးရွာ၏ တောင် ဘက် ၂ မိုင်ကျော်ခန့်အကွာ တောင်စောင်းကမ်းပါးယံများတွင် အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၃.၅ ဧကခန့်တို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့က ရှာဖွေဖျက်ဆီးနိုင်ခဲ့သည်။

 

အလားတူ ဇန်နဝါရီ ၁၂ ရက်နေ့၌ မင်းလှမြို့နယ်၊ ပနီဆုံကျေးရွာအုပ်စု၊ ငရုတ်ကောင်းတဲတိုက်နယ်၏ အ နောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ရခိုင်ရိုးမအစပ် ဆင်တစ်မျှော် တောင်ကြားတွင်ဘိန်းပင် (၁)ပေမှ (၃)ပေခန့်၊ အချင်း(၁)လက်မခန့်ရှိအသီးများ၊ အချင်း(၁)လက်မခွဲခန့်ရှိ အပွင့်များပါဘိန်းခင်း(၂)ဧကခန့်နှင့် အဆိုပါဘိန်းခင်းဖြင့်(၃)ဖာလုံခန့်အကွာတွင်ဘိန်းပင်(၂)ပေမှ (၄)ပေခန့်၊ အချင်း(၁)လက်မခန့်အသီးများ၊ အချင်း(၂) လက်မခန့်ရှိ အပွင့်များပါဘိန်းခင်း(၂.၅)ဧကခန့်ကို လုံခြုံရေးပူးပေါင်းအဖွဲ့က ရှင်းလင်းခဲ့သည်။

 

မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစပ်ရှိ တောင်ကြောများ၌ ဘိန်းပင်များစိုက်ပျိုးလျက်ရှိသည့် ဖြစ်စဉ်အပေါ် ငဖဲမြို့ခံတစ်ဦးက “တောကြောင်တွေမှာ ကန်ထရိုက်စနစ်နဲ့ စိုက်ကြတာ။ ဒေသခံတွေက ငွေကြိုယူတယ်။ ပြီးရင် ထုတ်ကုန်ပြန်ပေးတယ်။ ဒီလိုပါ။” လို့ ပြောသည်။

 

မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစပ်ရှိ တောင်ကြောများ၌ ဘိန်းပင်များကို ဒေသခံများက ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

 

#PeopleMedia #ဘိန်း #မကွေးတိုင်းဒေသကြီး

 

(unicode)


…………………………………………………

 


 


 


 


 


 


 



Share this post