• Follow Us on

Home မကွေးတိုင်း၊ မင်းလှမြို့နယ်၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၄.၅) ဧကကို တိုင်းအစိုးရမှ ရှင်းလင်းနိုင်ခဲ့

မကွေးတိုင်း၊ မင်းလှမြို့နယ်၌ စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၄.၅) ဧကကို တိုင်းအစိုးရမှ ရှင်းလင်းနိုင်ခဲ့

Share this post

မကွေး၊ ဇန်နဝါရီ ၁၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ပနီဆုံကျေးရွာအုပ်စု၊ ငရုတ်‌ကောင်းတဲတိုက် အနောက် ဘက်တွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းစိုက်ခင်း (၄.၅) ဧကခန့်ကို ဇန်နဝါရီလ ၁၁ ရက်နေ့၌ တိုင်းအစိုးရ အဖွဲ့မှ ရှင်းလင်းနိုင်ခဲ့သည်။

 

ဖြစ်စဉ်မှာ ငရုတ်ကောင်းတဲတိုက်တွင် လျှို့ဝှက်စိုက်ပျိုးထားသည့် ဘိန်းခင်းများ၏ တည်နေရာကို သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးဦး‌ဆောင်၍ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မလွန်တပ်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သည့် ပူးပေါင်းအဖွဲ့သည် သွားရောက်ရှာဖွေရာ၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

ဘိန်းစိုက်ခင်းများ တည်ရှိရာနေရာသည် ငရုတ်ကောင်းတဲတိုက်၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ရခိုင်ရိုးမအစပ် ဆင်တစ်မျှော်တောင်ကြားတွင် ဘိန်းပင် (၁)ပေမှ(၃)ပေခန့်၊ အချင်း(၁)လက်မခန့်ရှိ အသီးများ၊ အချင်း(၁)လက်မခွဲခန့်ရှိအပွင့်များ ပါဘိန်းခင်း(၂)ဧကခန့်နှင့် အဆိုပါ ဘိန်းခင်းဖြင့် (၃)ဖာလုံခန့်အကွာတွင် ဘိန်းပင်(၂)ပေမှ(၄)ပေခန့်၊ အချင်း(၁)လက်မခန့်အသီးများ၊ အချင်း(၂)လက်မခန့်ရှိအပွင့်များ ပါဘိန်းခင်း (၂.၅)ဧကခန့်အား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

 

လက်ရှိအချိန်၌ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အစပ်ရှိဒေသများ၌ ဘိန်းများစိုက်ပျိုးထားရှိမှုကို သက်ဆိုင်ရာက စုံစမ်းပြီး ရှင်းလင်းလျက်ရှိသည်။

 

#PeopleMedia #ဘိန်းပင်များ

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post