• Follow Us on
Latest News

Home မကွေးတိုင်း၊ ပေါက်မြို့နယ်၌ ခရီးသည်ယာဉ်တစ်စီးသည် ကျည်ဆံများနှင့် သေနတ်နှစ်လက်ကို ယာဉ်အတွင်း သိုဝှက်သယ်ဆောင်စဉ် ဖမ်းဆီးခြင်းခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်၌ ခရီးသည်ယာဉ်တစ်စီးသည် ကျည်ဆံများနှင့် သေနတ်နှစ်လက်ကို ယာဉ်အတွင်း သိုဝှက်သယ်ဆောင်စဉ် ဖမ်းဆီးခြင်းခံရ

Share this post

မကွေး၊ နိုဝင်ဘာ ၂၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ ရွှေယောမန်းခရီးသည်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ကျည်ဆံများနှင့် သေနတ်နှစ်လက် ယာဉ်အတွင်း သိုဝှက်သယ်ဆောင်စဉ် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့၌ ပေါက်မြို့နယ် ရွှေယောမန်းအမည်ရှိ ခရီးသည်ယာဉ်တစ်စီးသည် သေနတ် ကျည်များကို ဆိုင်ကယ်အင်ဂျင်အတွင်း ထည့်သွင်း၍ လည်းကောင်း၊ သေနတ်နှစ်လက်နှင့် ဆက်စပ်ပစ္စည်း များကို ယာဉ်အတွင်း၍ မွှေ့ယာအတွင်းထဲသို့လည်းကောင်း ထည့်သွင်း၍ သယ်ဆောင်ရန် ကြိုးစားခဲ့စဉ် သက်ဆိုင်ရာက ဖွင့်ဖောက်စစ်ဆေးစဉ် တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ People Media က ယာဉ်လိုင်းရှိ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှန်ကန်ကြောင်း အတည်ပြုပြောဆိုပါတယ်။

 

လက်ရှိအချိန်၌ ယာဉ်မောင်းဖြစ်သူကို ဖမ်းဆီးထားပြီး လိုအပ်သည့် စုံစစ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

 

#PeopleMedia #ပေါက်မြို့နယ် #ရွှေယောမန်းယာဉ်လိုင်း

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post