• Follow Us on

Home မကွေးမြို့နယ် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ တိုက်ကြက်ဖ (၄) ကောင်၊ လူ (၁၀) ဦး၊ ဆိုင်ကယ် (၁၂) စီး ဖမ်းမိ

မကွေးမြို့နယ် ကြက်ဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ တိုက်ကြက်ဖ (၄) ကောင်၊ လူ (၁၀) ဦး၊ ဆိုင်ကယ် (၁၂) စီး ဖမ်းမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကြက်တိုက်လောင်းကစား ပြုလုပ်သူများကို အရေးယူထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ မကွေးမြို့နယ်၊ တောင်ခွင်ကျေးရွာတွင် ကြက်တိုက်လောင်းကစားမှုပြုလုပ်နေကြောင်း သတင်းအရ မကွေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပြီး ယင်းသို့ သွားရောက် စစ်ဆေးစဉ် တောင်ခွင်ကျေးရွာ အရှေ့ဘက် ရွာစွန်နတ်စင်ရှေ့ ကုက္ကိုပင်အောက်တွင် ကြက်တိုက်လောင်းက စားပြုလုပ်နေကြသည့် နန်းဝင်းပါ (၁၀) ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါဝင် သည်။
 
ယင်းသို့ ကြက်တိုက်လောင်းကစားတွင် အသုံးပြုခဲ့သည့် တိုက်ကြက်ဖ (၄) ကောင်၊ ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဆိုင်ကယ် (၁၂) စီး၊ ငွေစက္ကူ (၉၃၂၀၀) ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကြက်တိုက်လောင်းကစားအား ပြုလုပ်ခဲ့သည့် နန်းဝင်းပါ (၁၀) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူထားရှိကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။
 
#PeopleMedia #မကေွးတိုင်းဒေသကြီးရဲတပ်ဖွဲ့
 
(unicode)
…………………………………………….
 
 
 
 
 

Share this post