• Follow Us on

Home မကွေးမြို့ရှိ ဟင်္သာညီနောင် မင်္ဂလာခန်းဝင်ပစ္စည်းဆိုင် ချိတ်ပိတ်ခံ

မကွေးမြို့ရှိ ဟင်္သာညီနောင် မင်္ဂလာခန်းဝင်ပစ္စည်းဆိုင် ချိတ်ပိတ်ခံ

Share this post

မကွေး၊ နိုဝင်ဘာ ၁၀ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ဟင်္သာညီနောင် မင်္ဂလာခန်းဝင်ပစ္စည်းရောင်းချသည့် အရောင်းဆိုင်ကို နိုဝင်ဘာ ၉ ရက်နေ့၌ သက်ဆိုင်ရာက လာရောက်ချိတ်ပိတ်သွားပါတယ်။

 

အဆိုပါ ဟင်္သာညီနောင် မင်္ဂလာခန်းဝင်ပစ္စည်းရောင်းချသည့် မကွေးမြို့၊ မြို့မအိုးဘိုရပ်ကွက်၊ မဲထီးလမ်းမှာ တည်ရှိကြောင်း သိရပါတယ်။

 

ဟင်္သာညီနောင် မင်္ဂလာခန်းဝင်ပစ္စည်းရောင်းချသည့်ဆိုင်ကို သက်ဆိုင်ရာက “အဆောက်အဦးနှင့် မြေနေရာ သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံတော်ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူး ကျော်ရ၊ ရောင်းချခြင်း၊ ရောင်းဝယ်ခြင်း မပြုလုပ်ရ စသည့် ဗီနိုင်းကို လာရောက်ချိတ်ဆွဲထားကြောင်း သိရပါ တယ်။

 

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ NUG/PDF အဖွဲ့များနှင့် ပတ်သက်သူများ၏ နေအိမ်၊ အဆောက် အဦး၊ ပိုင်ဆိုင်မှုများကို သက်ဆိုင်ရာက ချိတ်ပိတ်လျက်ရှိကြောင်း သိရပါတယ်။

 

Photo – cj

 

#PeopleMedia #မကွေးမြို့ # နိုင်ငံတော်ပိုင်

 

(unicode)


……………………………………………………

 


 


 


 


 


 

Photo – cj

 



Share this post