• Follow Us on

Home မကွေးမြို့၊ ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ရှိ အနှိပ်ခန်းအား ဝင်ရောက်စစ်ဆေးရာ အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား(၃)ဦးကို တည်ဆဲဥပဒေနှင့် အရေးယူ


Share this post

ရန်ကုန်၊ စက်တင်ဘာ – ၎





(unicode)
မကွေးမြို့၊ ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ရှိ အနှိပ်ခန်းအား ဝင်ရောက်စစ်ဆေးရာ အမျိုးသမီး (၁၀)ဦးနှင့် အမျိုးသား(၃)ဦးကို တည်ဆဲဥပဒေနှင့် အရေးယူ
………………………………………………

ရန်ကုန်၊ စက်တင်ဘာ – ၄

မကွေးမြို့၊ ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်ရှိ အနှိပ်ခန်းအား COVID-19 ရောဂါညွှန်ကြားချက်ဖောက်ဖျက်သူ ၁၃ ဦးကို ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးအရေးယူခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား ဖောက်ဖျက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ ည (၁၂)နာရီအချိန်ခန့်တွင် အနှိပ်ခန်းလုပ်ကိုင်နေကြောင်း သတင်းအရ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာရွာ၊ ဖန်ခါးမြေ ဂေါက်ကလပ်ဟိုတယ်သို့ မကွေးမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် (၃) နာရီခန့်တွင် ဝင်ရောက် စစ်ဆေးရာ ဟိုတယ် တတိယထပ်တွင် BMB (Beauty Spa) အမည်ဖြင့် အနှိပ်ခန်း လုပ်ငန်းလုပ်ကိုင်နေကြသည့် ဝင်းဖြိုးနောင်ပါ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁၀) ဦးအား မကွေးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထား သည်။

ယနေ့နံနက်ပိုင်းအချိန်ထိ မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၁၃၃ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

#PeopleMedia #မကွေးတိုင်းအစိုးရအဖွဲ့


Share this post