• Follow Us on
Latest News

Home မကွေးမြို့၊ ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးရှိ ကွမ်းယာဆိုင် ဗုံးခွဲခံရပြီး ၅ နှစ်အရွယ် (ကျား) သေဆုံး

မကွေးမြို့၊ ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးရှိ ကွမ်းယာဆိုင် ဗုံးခွဲခံရပြီး ၅ နှစ်အရွယ် (ကျား) သေဆုံး

Share this post

မကွေး၊ စက်တင်ဘာ ၁၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တောင်တွင်းလမ်း၊ ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးရှိ ကွမ်းယာဆိုင်၌ ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ရာ အသက်(၅)နှစ်အရွယ် မောင်ဉာဏ်လင်းဖြိုးသည် ပွဲချင်းပြီး သေဆုံးခဲ့ သည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် (၈) နာရီအချိန်ခန့်၌ ပြည်ခိုင်ဖြိုးပါတီတိုင်းရုံးအနီးရှိ ကွမ်းယာဆိုင်၌ ချိန်ကိုက်ဗုံး အခွဲ ခံခဲ့ရပြီး အသက် (၅) နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ပြီး အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။

 

အလားတူ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မြို့သစ်မြို့နယ်၊ ရေစကြိုမြို့နယ်အပါအဝင် အချို့ မြို့နယ်များရှိ အုပ်ချုပ်ရေးမှူးများ လုပ်ကြံခံရခြင်း၊ တပ်မတော်ထောက်ခံသူများ သတ်ဖြတ်ခံရခြင်းများ ဖြစ်ပေါ် လျက်ရှိသည်။

 

#PeopleMedia #မကွေးမြို့ #USDP

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post