• Follow Us on

Home မေကြးၿမိဳ႕၌ မဲ႐ုံတာ၀န္က်ေကာ္မရွင္အဖြဲ႕၀င္တစ္ဦး COVID ကူးစက္ခံရၿပီးေနာက္ ေက်း႐ြာကုိ LockDown ခ်

မေကြးၿမိဳ႕၌ မဲ႐ုံတာ၀န္က်ေကာ္မရွင္အဖြဲ႕၀င္တစ္ဦး COVID ကူးစက္ခံရၿပီးေနာက္ ေက်း႐ြာကုိ LockDown ခ်

Share this post

ရန္ကုန္၊ နို၀င္ဘာ – ၁၂

မေကြးတုိင္းေဒသႀကီး၊ မေကြးၿမိဳ႕၌ မဲ႐ုံတာ၀န္က်ေကာ္မရွင္အဖြဲ႕၀င္တစ္ဦးသည္ COVID-19 ပိုးေတြ႕ရွိရာ မဲ႐ုံတာဝန္က်ခဲ့သည့္ေက်း႐ြာကို ျပည္သူ႔က်န္းမာေရးဦးစီးဌာနက နိုဝင္ဘာ ၁၁ ရက္၌ LockDown သတ္ မွတ္လုိက္ပါတယ္။

ျဖစ္စဥ္မွာ မေကြးၿမိဳ႕၊ မယ္လွေတာင္ေက်း႐ြာအုပ္စု၊ ျမင္းကင္းေက်း႐ြာတြင္ မဲ႐ုံတာ၀န္က်ေသာ ေကာ္မရွင္အဖြဲ႕ ၀င္တစ္ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိရသျဖင့္ အဆိုပါေက်း႐ြာအား နို၀င္ဘာ ၁၁ ရက္ ည ၈ နာရီအခ်ိန္မွ စတင္၍ အသြားအလာကန႔္သက္လုိက္ျခင္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ ျမင္းကင္းေက်း႐ြာအတြင္းေနထိုင္သူမ်ားကုိ ေနအိမ္ျပင္ပသို႔ ထြက္ခြာသြားလာျခင္းမျပဳရန္၊ ျပင္ပ မွ ျပည္သူမ်ားအေနျဖင့္ အထက္ပါေနရာသို႔ ၀င္ေရာက္ျခင္းမျပဳရန္၊ ယင္းေက်း႐ြာအတြင္း ေနထိုင္သူျပည္သူ မ်ား၏ စားေသာက္ကုန္ပစၥည္းမ်ား ၀ယ္ယူရန္ျဖစ္ေစ၊ အေရးေပၚက်န္းမာေရးကိစၥရပ္မ်ားေပၚေပါက္လွ်င္ျဖစ္ေစ အသြားအလာကန႔္သတ္ေနရာရွိ တာ၀န္က်သူမ်ားႏွင့္ ဆက္သြယ္ေဆာင္႐ြက္ရန္ မေကြးၿမိဳ႕နယ္ ျပည္သူ႔က်န္း မာေရးဦးစီးဌာနမွ ထုတ္ျပန္ေၾကညာထားပါတယ္။

ထုတ္ျပန္ထားသည့္ အမိန႔္အားလိုက္နာရန္ ပ်က္ကြက္ပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒအရ အေရးယူေဆာင္႐ြက္မည္ျဖစ္တယ္လုိ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္၌ ေဖာ္ျပပါရွိပါတယ္။

အလားတူ နို၀င္ဘာ ၁၀ ရက္ေန႔တြင္လည္း မေကြးၿမိဳ႕၊ အိုင္ႀကီးကုန္းေက်း႐ြာအုပ္စု၊ ယင္းမာေတာေက်း႐ြာတြင္ မဲ႐ုံတာ၀န္က် ေက်ာင္းဆရာမတစ္ဦးထံမွ COVID-19 ေရာဂါပိုးေတြ႕ရွိရသျဖင့္ ေက်း႐ြာအား LockDown သတ္မွတ္ထားပါတယ္။

#PeopleMedia #COVID #မေကြးၿမိဳ႕

(unicode)
မကွေးမြို့၌ မဲရုံတာဝန်ကျကော်မရှင်အဖွဲ့ဝင်တစ်ဦး COVID ကူးစက်ခံရပြီးနောက် ကျေးရွာကို LockDown ချ

…………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ မဲရုံတာဝန်ကျကော်မရှင်အဖွဲ့ဝင်တစ်ဦးသည် COVID-19 ပိုးတွေ့ရှိရာ မဲရုံတာဝန်ကျခဲ့သည့်ကျေးရွာကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နိုဝင်ဘာ ၁၁ ရက်၌ LockDown သတ် မှတ်လိုက်ပါတယ်။

ဖြစ်စဉ်မှာ မကွေးမြို့၊ မယ်လှတောင်ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာတွင် မဲရုံတာဝန်ကျသော ကော်မရှင်အဖွဲ့ ဝင်တစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် အဆိုပါကျေးရွာအား နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီအချိန်မှ စတင်၍ အသွားအလာကန့်သက်လိုက်ခြင်းဖြစ်ပါတယ်။

လက်ရှိအချိန်၌ မြင်းကင်းကျေးရွာအတွင်းနေထိုင်သူများကို နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုရန်၊ ပြင်ပ မှ ပြည်သူများအနေဖြင့် အထက်ပါနေရာသို့ ဝင်ရောက်ခြင်းမပြုရန်၊ ယင်းကျေးရွာအတွင်း နေထိုင်သူပြည်သူ များ၏ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန်ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များပေါ်ပေါက်လျှင်ဖြစ်စေ အသွားအလာကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မကွေးမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။

ထုတ်ပြန်ထားသည့် အမိန့်အားလိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိပါတယ်။

အလားတူ နိုဝင်ဘာ ၁၀ ရက်နေ့တွင်လည်း မကွေးမြို့၊ အိုင်ကြီးကုန်းကျေးရွာအုပ်စု၊ ယင်းမာတောကျေးရွာတွင် မဲရုံတာဝန်ကျ ကျောင်းဆရာမတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ကျေးရွာအား LockDown သတ်မှတ်ထားပါတယ်။

#PeopleMedia #COVID #မကွေးမြို့


Share this post