• Follow Us on

Home မေကြးၿမိဳ႕၌ မဲ႐ံုတာ၀န္က်ဆရာမတစ္ဦး COVID ပိုးေတြ႕ရွိရာမွ ေက်းရြာကုိ Lockdown ခ်

မေကြးၿမိဳ႕၌ မဲ႐ံုတာ၀န္က်ဆရာမတစ္ဦး COVID ပိုးေတြ႕ရွိရာမွ ေက်းရြာကုိ Lockdown ခ်

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၁၁
 
မေကြးၿမိဳ႕၌ မဲ႐ံုတာ၀န္က်ဆရာမတစ္ဦးထံမွ COVID-19 ပိုးေတြ႕ရွိရာမွ ေက်းရြာကုိ အာဏာပိုင္အဖြဲ႕မ်ား က Lockdown သတ္မွတ္လုိက္သည္။
 
ျဖစ္စဥ္မွာ မေကြးၿမိဳ႕၊ အိုင္ႀကီးကုန္းေက်းရြာအုပ္စု၊ ယင္းမာေတာေက်းရြာတြင္ မဲ႐ံုတာ၀န္က်ေသာ ေက်ာင္း ဆရာမတစ္ဦးထံမွ COVID-19 ေရာဂါပိုးေတြ႕ရွိရသျဖင့္ ယင္းမာေတာေက်းရြာကုိ ႏို၀င္ဘာ ၁၀ ရက္ေန႔ ည ၈ နာရီအခ်ိန္မွစတင္၍ အသြားအလာ ကန္႔သတ္ခဲ့သည္။
 
လက္ရွိအခ်ိန္၌ အဆုိပါ ေက်းရြာအတြင္း၌ ေနထိုင္သူမ်ားသည္ ေနအိမ္ျပင္ပသို႔ထြက္ခြာသြားလာျခင္း မျပဳရန္၊ ျပင္ပမွျပည္သူမ်ားအေနျဖင့္ အထက္ပါေနရာသို႔ ၀င္ေရာက္ျခင္းမျပဳရန္၊ ယင္းေနရာအတြင္း ေနထိုင္သူျပည္သူမ်ား၏ စားေသာက္ကုန္ပစၥည္းမ်ား ၀ယ္ယူရန္ျဖစ္ေစ၊ အေရးေပၚက်န္းမာေရးကိစၥ ရပ္မ်ား ေပၚေပါက္လွ်င္ျဖစ္ေစ အသြားအလာ ကန္႔သတ္ေနရာရွိ တာ၀န္က်သူမ်ားႏွင့္ ဆက္သြယ္ ေဆာင္ရြက္ရန္ဟူ၍ မေကြးၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။
 
အလားတူ ထုတ္ျပန္ထားသည့္အမိန္႔အား လိုက္နာရန္ ပ်က္ကြက္ပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ နင္းေရး ဥပေဒအရ အေရးယူေဆာင္ရြက္မည္ျဖစ္ေၾကာင္း ပါရွိသည္။
 
#PeopleMedia #COVID19 #မေကြးၿမိဳ႕
 
(unicode)
မကွေးမြို့၌ မဲရုံတာဝန်ကျဆရာမတစ်ဦး COVID ပိုးတွေ့ရှိရာမှ ကျေးရွာကို Lockdown ချ
………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ ၁၁
 
မကွေးမြို့၌ မဲရုံတာဝန်ကျဆရာမတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိရာမှ ကျေးရွာကို အာဏာပိုင်အဖွဲ့များ က Lockdown သတ်မှတ်လိုက်သည်။
 
ဖြစ်စဉ်မှာ မကွေးမြို့၊ အိုင်ကြီးကုန်းကျေးရွာအုပ်စု၊ ယင်းမာတောကျေးရွာတွင် မဲရုံတာဝန်ကျသော ကျောင်း ဆရာမတစ်ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ယင်းမာတောကျေးရွာကို နိုဝင်ဘာ ၁၀ ရက်နေ့ ည ၈ နာရီအချိန်မှစတင်၍ အသွားအလာ ကန့်သတ်ခဲ့သည်။
 
လက်ရှိအချိန်၌ အဆိုပါ ကျေးရွာအတွင်း၌ နေထိုင်သူများသည် နေအိမ်ပြင်ပသို့ထွက်ခွာသွားလာခြင်း မပြုရန်၊ ပြင်ပမှပြည်သူများအနေဖြင့် အထက်ပါနေရာသို့ ဝင်ရောက်ခြင်းမပြုရန်၊ ယင်းနေရာအတွင်း နေထိုင်သူပြည်သူများ၏ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရန်ဖြစ်စေ၊ အရေးပေါ်ကျန်းမာရေးကိစ္စ ရပ်များ ပေါ်ပေါက်လျှင်ဖြစ်စေ အသွားအလာ ကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့် ဆက်သွယ် ဆောင်ရွက်ရန်ဟူ၍ မကွေးမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
 
အလားတူ ထုတ်ပြန်ထားသည့်အမိန့်အား လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ် နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပါရှိသည်။
 
#PeopleMedia #COVID19 #မကွေးမြို့

Share this post