• Follow Us on

Home မနေ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် မင်္ဂလာဒုံမြို့နယ် ရာအိမ်မှူး ဒေါ်ပူစူးမသည် ယနေ့ တာဝန်မှ နုတ်ထွက်

မနေ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် မင်္ဂလာဒုံမြို့နယ် ရာအိမ်မှူး ဒေါ်ပူစူးမသည် ယနေ့ တာဝန်မှ နုတ်ထွက်

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြသီတာရပ်ကွက်၊ ရာအိမ်မှူး ဒေါ်အောင်န န္ဒာဝင်း (ခ) ဒေါ်ပူစူးမသည် မနေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အသက်ဘေးမှ လွတ်မြောက်ပြီးနောက် ယနေ့  ရာအိမ်မှူးရာထူးတာဝန်မှ နုတ်ထွက်လိုက်ကြောင်း မြသီတာရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

 

မြသီတာရပ်ကွက် ရာအိမ်မှူး ဒေါ်အောင်နန္ဒာဝင်း (ခ) ဒေါ်ပူစူးမသည်  နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက မြသီတာဈေး၌ ဈေးဝယ်နေစဉ် သေနတ်သမားနှစ်ဦးက ပစ်ခတ်လုပ်ကြံခဲ့သော်လည်း အသက်ဘေးမှ လွတ် မြောက်ခဲ့သည်။

 

ယနေ့ တင်ပြထားသည့် သူမ၏ နုတ်ထွက်စာတွင် ကျွန်မသည် မြသီတာရပ်ကွက်တွင် ရာအိမ်မှူးတာဝန်ထမ်း ဆောင်ခဲ့သည့် ကာလတလျှောက်လုံး မလိုလားအပ်သည့် ပြည်သူအပေါ် အနိုင်အကျင့်ခြင်း မလိုလားအပ်သည့် ငွေကြေးတစုံတရာတောင်းခံခြင်း လုံးဝမရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ပေးအပ်သော တာဝန်များကိုသာ ဥပဒေ ဘောင်အတွင်း ကျေပွန်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

 

သို့သော် ယခုအချိန်တွင် ကျွန်မ၏ လူမှုစီးပွားရေး ကျန်မာရေး ကိစ္စရပ်များ အဆင်မပြေသည့်အတွက် မြသီတာ ရပ်ကွက် ရာအိမ်မှူးတာဝန်မှ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ နောက်နောင် ကျွန်မသည် ရပ်ကွက်အုပ်ချုပ် ရေးတာဝန်မှ အနားယူကြောင်း ရေးသားထားသည်။

 

#PeopleMedia #ပြည်ထဲရေး #မင်္ဂလာဒုံမြို့နယ် #ဒေါ်ပူစူးမ

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post