• Follow Us on

Home မလေးရှားတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များ နေရပ်ပြန်ပို့ရန်စီစဉ်ခဲ့သူများကို အရေးယူရန် အခွင့်အရေး အဖွဲ့များ တောင်းဆို

မလေးရှားတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များ နေရပ်ပြန်ပို့ရန်စီစဉ်ခဲ့သူများကို အရေးယူရန် အခွင့်အရေး အဖွဲ့များ တောင်းဆို

Share this post

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄

 

တရားရုံးအမိန့်ကိုဖီဆန်ပြီး မြန်မာနိုင်ငံသား ၁၀၈၆ ယောက်ကို နေရပ်ပြန်ပို့ရန်စီစဉ်ခဲ့သည့် မလေးရှားပြည်ထဲ ရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့ကို အရေးယူရန် မလေးရှားတရားရုံးမျကို မလေးရှားရှိ အစိုးရ မဟုတ်သောအဖွဲ့များက တောင်းဆိုသည်။

 

တရားရုံးက တရားမျှတမှုရှိစေရန်ဆောင်ရွက်ကြောင်းနှင့် တရားရုံးအမိန့်များကိုဖီဆန်ပုံရသော လုပ်ရပ်များ အတွက် တာဝန်ရှိသောအာဏာပိုင်များကို အရေးယူရန် အဆုံးစွန်အရေးကြီးကြောင်း အဖွဲ့ ၃၇ ဖွဲ့နှင့် လူ ၁၀ ယောက်တို့ကလက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ထိုဖြစ်စဉ်များကို ကမ္ဘာတဝန်းက စေ့စေ့စပ်‌စပ်စောင့်ကြည့်နေကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

 

ဒုက္ခသည်နှင့် ခိုလှုံနေသူ ၁၂၀၀ ခန့်ကို မြန်မာနိုင်ငံသို့ပြန်ပို့မည့်အစီအစဉ်ကို ကွာလာလမ်ပူဟိုက်ကုတ်က ကြားဖြတ်အမိန့်တရပ်ထုတ်ပြန်ပြီး အင်္ဂါနေ့တွင်တားဆီးခဲ့သော်လည်း နာရီပိုင်းအကြာတွင် မြန်မာရေတပ်သေ င်္ဘာ ၃ စီးက သူတို့ကိုလာခေါ်ပြီး မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ခွင့်ပြုပေးခဲ့သည်။

 

နေရပ်ပြန်ပို့ခြင်းသည် တရားရုံး၏အမိန့်ကို ချိုးဖောက်သည့်အမိန့်ဖြစ်နိုင်ကြောင်း မလေးရှားတရား လွှတ်တော်ရှေ့နေမျ‌ားကောင်စီကပြောသည်။

 

Ref : Hold parties responsible for deporting Myanmar nationals, say NGOs

 

#PeopleMedia

(unicode)

…………………………………………………..







Ref : Hold parties responsible for deporting Myanmar nationals, say NGOs

#PeopleMedia


Share this post