• Follow Us on
Latest News

Home မလေးရှားတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရ

မလေးရှားတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၂၉ ဦး ဖမ်းဆီးခံရ

Share this post

မလေးရှားရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်း တရားမ၀င် လာရောက်အလုပ်လုပ်ကိုင်နေသူ ၁၀၈ ဦးကို စက်တင်ဘာ ၂၁ ရက်နေ့က ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်ဆီးမိသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၄ ဦး၊ အာဖရိကနိုင်ငံသား ၁၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးနဲ့ မြန်မာနိုင်ငံသား ၂၉ ဦးတို့ပါဝင်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ နေထိုင်ခွင့် ရက်ကျော်နေသူတွေနဲ့ လုံလောက်တဲ့ သက်သေခံအထောက်အထားမရှိတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။
မလေးရှားရဲတပ်ဖွဲ့ နိုင်ငံတွင်း တရားမ၀င်လာရောက် အလုပ်လုပ်ကိုင်နေသူတွေကို တွေ့ရှိပါက ရဲဌာနကို သတင်းပေးဖို့ ပြည်သူတွေကို တိုက်တွန်းပြောကြားထားပါတယ်။

Ref; thestar.com


Share this post