• Follow Us on

Home မေလးရွားတြင္ ဗလီတက္ဖို႔ ပ်က္ကြက္တဲ့ အမ်ိဳးသား ၆ ဦး ေထာင္ခ်ခံရ

မေလးရွားတြင္ ဗလီတက္ဖို႔ ပ်က္ကြက္တဲ့ အမ်ိဳးသား ၆ ဦး ေထာင္ခ်ခံရ

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၅

မေလးရွားနိုင္ငံမွာ ေသာေၾကာေန႕ ဗလီမတက္တဲ့ အမ်ိဳးသား ၆ ဦးကို အစၥလာမ္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႕ ေထာင္တစ္လခ်မွတ္ခဲ့တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ၿပီး ေနာက္ ဘာသာေရးေရွးရိုးစြဲမႈ ျမင့္တက္လာတဲ့အေပၚ စိုးရိမ္မႈေတြရွိလာၾကပါတယ္။

မေလးရွားနိုင္ငံမွာ ေသာၾကာေန႕ဗလီတက္ဖို႔ဟာ မူဆလင္အမ်ိဳးသားေတြရဲ႕ တာဝန္တစ္ခုျဖစ္ေပမယ့္ အခုလို ဗလီတက္ဝတ္ျပဳဖို႔ ပ်က္ကြက္တဲ့အတြက္ ျပင္းထန္တဲ့ အျပစ္ေပးမႈမ်ိဳးဟာ ရွားရွားပါပါးျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္က ၃၅ ႏွစ္ၾကား မူဆလင္ အမ်ိဳးသား ၆ ဦးဟာ ေသာၾကာေန႕ ဗလီတက္ေရာက္ခဲ့ျခင္းမရွိဘဲ ေရတံခြန္တစ္ခုကို ေပ်ာ္ပြဲစားထြက္ေနခဲ့ၾက တယ္လို႔ သိရပါတယ္။

အစၥလာမ္ဘာသာေရးဆိုင္ရာတရား႐ုံးမွာ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၾကၿပီးေနာက္ ၁ ဦးခ်င္းစီကို အေမရိကန္ေဒၚလာ ၅၇၅ ေဒၚလာက ၆၀၀ ၾကားလည္း ဒဏ္ရိုက္ခဲ့ပါတယ္။

မေလးရွားနိုင္ငံ လူဦးေရရဲ႕ ၆၀ ရာခိုင္ႏႈန္းျဖစ္တဲ့ လူဦးေရ ၃၂ သန္းေလာက္ဟာ မေလးမူဆလင္ေတြျဖစ္ၾကပါတယ္။

အခုလိုအျပစ္ေပးမႈဟာ လူ႕အခြင့္အေရးတက္ႂကြလႈပ္ရွားသူေတြၾကား ေဝဖန္မႈေတြရွိခဲ့ၿပီး ေသာၾကာေန႕ ဗလီမတက္ျခင္းဟာ ကိုယ္ေရးကိုယ္တာကိစၥသာျဖစ္တယ္လို႔ ေျပာဆိုမႈေတြရွိေနပါတယ္။

Ref;AFP

6 Malaysian Muslims sentenced to jail for skipping Friday prayers

#PeopleMedia #EPN

[Unicode]
မလေးရှားတွင် ဗလီတက်ဖို့ ပျက်ကွက်တဲ့ အမျိုးသား ၆ ဦး ထောင်ချခံရ
………………………………………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၅

မလေးရှားနိုင်ငံမှာ သောကြောနေ့ ဗလီမတက်တဲ့ အမျိုးသား ၆ ဦးကို အစ္စလာမ်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်တစ်လချမှတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နောက် ဘာသာရေးရှေးရိုးစွဲမှု မြင့်တက်လာတဲ့အပေါ် စိုးရိမ်မှုတွေရှိလာကြပါတယ်။

မလေးရှားနိုင်ငံမှာ သောကြာနေ့ဗလီတက်ဖို့ဟာ မူဆလင်အမျိုးသားတွေရဲ့ တာဝန်တစ်ခုဖြစ်ပေမယ့် အခုလို ဗလီတက်ဝတ်ပြုဖို့ ပျက်ကွက်တဲ့အတွက် ပြင်းထန်တဲ့ အပြစ်ပေးမှုမျိုးဟာ ရှားရှားပါပါးဖြစ်ပါတယ်။

အသက် ၁၇ နှစ်က ၃၅ နှစ်ကြား မူဆလင် အမျိုးသား ၆ ဦးဟာ သောကြာနေ့ ဗလီတက်ရောက်ခဲ့ခြင်းမရှိဘဲ ရေတံခွန်တစ်ခုကို ပျော်ပွဲစားထွက်နေခဲ့ကြ တယ်လို့ သိရပါတယ်။

အစ္စလာမ်ဘာသာရေးဆိုင်ရာတရားရုံးမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပြီးနောက် ၁ ဦးချင်းစီကို အမေရိကန်ဒေါ်လာ ၅၇၅ ဒေါ်လာက ၆၀၀ ကြားလည်း ဒဏ်ရိုက်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ လူဦးရေ ၃၂ သန်းလောက်ဟာ မလေးမူဆလင်တွေဖြစ်ကြပါတယ်။

အခုလိုအပြစ်ပေးမှုဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကြား ဝေဖန်မှုတွေရှိခဲ့ပြီး သောကြာနေ့ ဗလီမတက်ခြင်းဟာ ကိုယ်ရေးကိုယ်တာကိစ္စသာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

Ref;AFP

6 Malaysian Muslims sentenced to jail for skipping Friday prayers

#PeopleMedia #EPN


Share this post