• Follow Us on

Home မလေးရှားနိုင်ငံ လင်ဂင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာ (၇၀) ဦးထံ သံအမတ်ကြီးမှ သွားရောက်တွေ့ဆုံပြီး ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့

မလေးရှားနိုင်ငံ လင်ဂင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာ (၇၀) ဦးထံ သံအမတ်ကြီးမှ သွားရောက်တွေ့ဆုံပြီး ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)

 

မလေးရှားနိုင်ငံ၊ နီဂီရီဆန်ဘိလန်ပြည်နယ်၊ ဆီရန်ဘန်မြို့၊ လင်ဂင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား (၇၀) ဦးထံ မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ဦးမြင့်ထွန်းမှ သွားရောက်တွေ့ဆုံခဲ့ပြီး ဆေးဝါးများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

သံအမတ်ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာထိန်းသိမ်းရေးစခန်းအာဏာပိုင်များ၏ ခွင့်ပြုချက် ဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် နီဂီရီဆန်ဘိလန်ပြည်နယ်၊ ဆီရန်ဘန်မြို့၊ လင်ဂင်းထိန်းသိမ်းရေးစခန်းသို့ သွားရောက်ကာ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား အမျိုးသား (၆၆) ဦးနှင့် အမျိုးသမီး (၄) ဦး စုစုပေါင်း (၇၀) ဦးတို့နှင့် တွေ့ဆုံခဲ့သည်။

 

ထိုသို့ သွားရောက်တွေ့ဆုံစဉ် အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့ပြီး၊ လိုအပ်သည့်ဆေးဝါးများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး #မြန်မာအလုပ်သမားများ

 

(unicode)


………………………………………………………

 


 


 


 


 



Share this post