• Follow Us on

Home မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံၾကားရွိမေလးရွားပိုင္ေရျပင္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၃၁.၇၄ ဘီလီယံေက်ာ္ တန္ဖိုးရွိ အိုက္စ္(မက္အဖက္တမင္း)မ်ားအား ရခိုင္ျပည္နယ္၊ က်ိႏၲလီၿမိဳ႕အနီးေရျပင္၌ ဖမ္းဆီးရမိ

မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံၾကားရွိမေလးရွားပိုင္ေရျပင္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ ၃၁.၇၄ ဘီလီယံေက်ာ္ တန္ဖိုးရွိ အိုက္စ္(မက္အဖက္တမင္း)မ်ားအား ရခိုင္ျပည္နယ္၊ က်ိႏၲလီၿမိဳ႕အနီးေရျပင္၌ ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ဩဂုတ္ ၁၈

ေဒသခံတာဝန္သိျပည္သူတို႔၏သတင္းေပးခ်က္အရ က်ိႏၲလီနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားသည္ ဩဂုတ္လ ၁၆ ရက္ေန႔ ေန႔လည္ ၁ နာရီခြဲအခ်ိန္ခန္႔တြင္ က်ိႏၲလီၿမိဳ႕ အေနာက္ေတာင္ဘက္ ၂ မိုင္ခန္႔အကြာ ေမာင္းေဒါက္ေခ်ာင္းဝ အနီးမသကၤာဖြယ္ ေက်ာက္ခ်ရပ္နားထားသည့္ ၈ လုံးထိုးအင္ဂ်င္၊ အလ်ား ၆၀ ေပ၊ အနံ ၂၀ ေပရွိ စက္ေလွတစ္စီးအား စစ္ေဆးရွာေဖြရာစက္ေလွအတြင္းမွ ဆာလာအိတ္ ၆၁ အိတ္ျဖင့္ထည့္ထားသည့္ အိုက္စ္ (မက္အဖက္တမင္း) ၁,၃၈၀ ကီလိုသိမ္းဆည္းရမိခဲ့ေၾကာင္း၊ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ စက္ေလွတစ္စီးျဖင့္ မသကၤာ စက္ေလွအနီးခ်ဉ္းကပ္စဉ္ ၎စက္ေလွေပၚမွ အမ်ိဳးသား ၅ ဦးေရထဲခုန္ခ်ထြက္ေျပးသျဖင့္ က်ိႏၲလီၿမိဳ႕တြင္းႏွင့္ သံတြဲ-က်ိႏၲလီသြားကားလမ္းမေပၚတြင္ ပိတ္ဆို႔စစ္ေဆးခဲ့ရာ၎ေန႔ ညေန ၅ နာရီခန္႔တြင္ သံတြဲ-က်ိႏၲလီကားလမ္းေပၚ၌ ဟြန္ဒိုင္းလိုက္ထရပ္ အမ်ိဳးအစားယာဉ္ေပၚမွ ေက်ာ္မိုးေဆြ(၁၉)ႏွစ္၊ ၿဖိဳးမင္းေအာင္(၂၇)ႏွစ္၊ စန္းလင္း(၂၉)ႏွစ္၊ ထြန္းထြန္းဝင္း(၄၁)ႏွစ္တို႔အားလည္းေကာင္း၊ ဩဂုတ္လ ၁၇ ရက္ေန႔ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ဂြၿမိဳ႕နယ္၊ စမ္းေခ်ာင္းေက်းရြာအနီး၌ ေမာင္ပု(ခ)လွေငြ(၄၂)ႏွစ္အားလည္းေကာင္း ဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးေဖာ္ထုတ္ခ်က္မ်ား အရ သံတြဲၿမိဳ႕နယ္၊ ကင္းေမာ္ရြာအနီးေရျပင္တြင္ မူးယစ္ေဆးဝါးသယ္ေဆာင္လာသည့္ အျခားစက္ေလွတစ္စီးေပၚမွ ယခုဖမ္းဆီးရမိစက္ေလွေပၚသို႔ မူးယစ္ေဆးဝါးမ်ား လႊဲေျပာင္းတင္ေဆာင္ခဲ့ေၾကာင္း၊ မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွား ႏိုင္ငံၾကားရွိေရျပင္သို႔ပို႔ေဆာင္ရန္ ထြက္ခြာလာျခင္းျဖစ္ေၾကာင္း၊ စက္ေလွအားႀကီးၾကပ္၍ မူးယစ္ေဆးဝါးမ်ား တာဝန္ခံသယ္ေဆာင္လာသူမွာ ထြန္းထြန္းဝင္း ျဖစ္ေၾကာင္း၊ ပင္လယ္ျပင္အတြင္းလႈိင္းေလျပင္းထန္ေနသျဖင့္ ေမာင္းေဒါက္ေခ်ာင္းဝအနီးေက်ာက္ခ်ရပ္နားေနစဉ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရွိရသျဖင့္ ဥေပဒအရ ထိေရာက္စြာ အေရးယူေဆာင္ရြက္ထားရွိေၾကာင္းႏွင့္ ကြင္းဆက္တရားခံမ်ား ဖမ္းဆီးရမိေရး ဆက္လက္ေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။

#PeopleMedia

(Unicode)
မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကြားရှိမလေးရှားပိုင်ရေပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၃၁.၇၄ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်အဖက်တမင်း)များအား ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့အနီးရေပြင်၌ ဖမ်းဆီးရမိ
……………………………………………………………………….

နေပြည်တော်၊ ဩဂုတ် ၁၈

ဒေသခံတာဝန်သိပြည်သူတို့၏သတင်းပေးချက်အရ ကျိန္တလီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ မောင်းဒေါက်ချောင်းဝ အနီးမသင်္ကာဖွယ် ကျောက်ချရပ်နားထားသည့် ၈ လုံးထိုးအင်ဂျင်၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ စက်လှေတစ်စီးအား စစ်ဆေးရှာဖွေရာစက်လှေအတွင်းမှ ဆာလာအိတ် ၆၁ အိတ်ဖြင့်ထည့်ထားသည့် အိုက်စ် (မက်အဖက်တမင်း) ၁,၃၈၀ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် စက်လှေတစ်စီးဖြင့် မသင်္ကာ စက်လှေအနီးချဉ်းကပ်စဉ် ၎င်းစက်လှေပေါ်မှ အမျိုးသား ၅ ဦးရေထဲခုန်ချထွက်ပြေးသဖြင့် ကျိန္တလီမြို့တွင်းနှင့် သံတွဲ-ကျိန္တလီသွားကားလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေးခဲ့ရာ၎င်းနေ့ ညနေ ၅ နာရီခန့်တွင် သံတွဲ-ကျိန္တလီကားလမ်းပေါ်၌ ဟွန်ဒိုင်းလိုက်ထရပ် အမျိုးအစားယာဉ်ပေါ်မှ ကျော်မိုးဆွေ(၁၉)နှစ်၊ ဖြိုးမင်းအောင်(၂၇)နှစ်၊ စန်းလင်း(၂၉)နှစ်၊ ထွန်းထွန်းဝင်း(၄၁)နှစ်တို့အားလည်းကောင်း၊ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဂွမြို့နယ်၊ စမ်းချောင်းကျေးရွာအနီး၌ မောင်ပု(ခ)လှငွေ(၄၂)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များ အရ သံတွဲမြို့နယ်၊ ကင်းမော်ရွာအနီးရေပြင်တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် အခြားစက်လှေတစ်စီးပေါ်မှ ယခုဖမ်းဆီးရမိစက်လှေပေါ်သို့ မူးယစ်ဆေးဝါးများ လွှဲပြောင်းတင်ဆောင်ခဲ့ကြောင်း၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံကြားရှိရေပြင်သို့ပို့ဆောင်ရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ စက်လှေအားကြီးကြပ်၍ မူးယစ်ဆေးဝါးများ တာဝန်ခံသယ်ဆောင်လာသူမှာ ထွန်းထွန်းဝင်း ဖြစ်ကြောင်း၊ ပင်လယ်ပြင်အတွင်းလှိုင်းလေပြင်းထန်နေသဖြင့် မောင်းဒေါက်ချောင်းဝအနီးကျောက်ချရပ်နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပေဒအရ ထိရောက်စွာ အရေးယူဆောင်ရွက်ထားရှိကြောင်းနှင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#PeopleMedia


Share this post