• Follow Us on

Home မေလး႐ွားေရပိုင္နက္ထဲ ေနာက္ထပ္ဘဂၤါလီေလွတစ္စင္း ထပ္၀င္လာ

မေလး႐ွားေရပိုင္နက္ထဲ ေနာက္ထပ္ဘဂၤါလီေလွတစ္စင္း ထပ္၀င္လာ

Share this post

ကြာလာလမ္ပူ၊ ဇြန္ ၁၂

ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုဆို)ရာဂဏန္းေလာက္ပါလာတဲ့ ေလွတစ္စင္း မေလး႐ွားႏိုင္ငံကို အခုတစ္ပတ္မွာ ထပ္ၿပီးကမ္းကပ္လာေပမဲ့ ကို႐ိုနာဗိုင္းရပ္စ္စိုးရိမ္မႈေၾကာင့္ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြ၀င္လာမႈကို တားဆီးဖို႔ ေစာင့္ေနတဲ့ကင္းလွည့္ေရယာဥ္ေတြေၾကာင့္ ေနာက္ျပန္လွည့္သြားတယ္လို႔ အရာ႐ွိတစ္ေယာက္က ၾကာသပ ေတးေန႔မွာေျပာပါတယ္။

အဲဒီေလွဟာ ပင္လယ္ထဲမွာ ၃ လ ၄ လ ေလာက္ၾကာေအာင္႐ွိေနႏိုင္ၿပီး တနလၤာေန႔ကလက္မေလွ်ာ့ခင္အထိ မေလး႐ွားေရပိုင္နက္ထဲအႀကိမ္ေပါင္းမ်ားစြာ၀င္ဖို႔လုပ္ခဲ့တယ္လို႔ မေလး႐ွားကမ္းေျခေစာင့္တပ္ဖြဲ႔အႀကီးအကဲ ဇူဘီးမတ္ဆြမ္ကေျပာပါတယ္။

မေလး႐ွားႏိုင္ငံဟာ ဘဂၤါလီမြတ္ဆလင္ေတြရဲ႕ရည္မွန္းခ်က္ေနရာျဖစ္ၿပီး ႏွစ္စဥ္လူေထာင္ခ်ီပင္လယ္ျဖတ္ၿပီး သြားေရာက္ေလ့႐ွိပါတယ္။

အခုေလွေပၚမွာ ဘဂၤါလီ ၃၀၀ ေလာက္ပါလာတယ္လို႔လည္း ေျပာပါတယ္။ သူတို႔ဟာ တနလၤာေန႔က သေဘၤာ ပ်က္ေတာ့မယ့္အေျခအေနေၾကာင့္ ႏိုင္ငံအေနာက္ေျမာက္ပိုင္းမွာ မေလး႐ွားအာဏာပိုင္ေတြကယ္ဆယ္ခဲ့တဲ့ ဘဂၤါလီ ၂၆၉ ေယာက္နဲ႔တစ္ဖြဲ႕တည္းျဖစ္ပါတယ္။

သူတို႔ဟာ ဘဂၤလားေဒ့႐ွ္ႏိုင္ငံကေနထြက္လာခ်ိန္မွာ သေဘၤာတစ္စီးတည္းေပမဲ့ ေနာက္ပိုင္းမွာ ႏွစ္ဖြဲ႕ခြဲသြား တယ္လို႔ အခြင့္အေရးအဖြဲ႔ေတြကေျပာပါတယ္။

ေနာက္ဆံုးေရာက္လာတဲ့သူေတြကို ဘဂၤလားေဒ့႐ွ္ျပန္ပို႔ဖို႔ မေလး႐ွားက ကတိျပဳထားၿပီး ဘဂၤလားေဒ့႐ွ္ကလည္း လက္မခံဘူးလို႔ ျပတ္ျပတ္သားသားေျပာထားပါတယ္။

Ref : Malaysia says another Rohingya boat tried to enter its waters

#PeopleMedia

(unicode)
မလေးရှားရေပိုင်နက်ထဲ နောက်ထပ်ဘင်္ဂါလီလှေတစ်စင်း ထပ်ဝင်လာ
…………………………………………………

ကွာလာလမ်ပူ၊ ဇွန် ၁၂

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဆို)ရာဂဏန်းလောက်ပါလာတဲ့ လှေတစ်စင်း မလေးရှားနိုင်ငံကို အခုတစ်ပတ်မှာ ထပ်ပြီးကမ်းကပ်လာပေမဲ့ ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် ရွှေ့ပြောင်းအခြေချသူတွေဝင်လာမှုကို တားဆီးဖို့ စောင့်နေတဲ့ကင်းလှည့်ရေယာဉ်တွေကြောင့် နောက်ပြန်လှည့်သွားတယ်လို့ အရာရှိတစ်ယောက်က ကြာသပ တေးနေ့မှာပြောပါတယ်။

အဲဒီလှေဟာ ပင်လယ်ထဲမှာ ၃ လ ၄ လ လောက်ကြာအောင်ရှိနေနိုင်ပြီး တနင်္လာနေ့ကလက်မလျှော့ခင်အထိ မလေးရှားရေပိုင်နက်ထဲအကြိမ်ပေါင်းများစွာဝင်ဖို့လုပ်ခဲ့တယ်လို့ မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့အကြီးအကဲ ဇူဘီးမတ်ဆွမ်ကပြောပါတယ်။

မလေးရှားနိုင်ငံဟာ ဘင်္ဂါလီမွတ်ဆလင်တွေရဲ့ရည်မှန်းချက်နေရာဖြစ်ပြီး နှစ်စဉ်လူထောင်ချီပင်လယ်ဖြတ်ပြီး သွားရောက်လေ့ရှိပါတယ်။

အခုလှေပေါ်မှာ ဘင်္ဂါလီ ၃၀၀ လောက်ပါလာတယ်လို့လည်း ပြောပါတယ်။ သူတို့ဟာ တနင်္လာနေ့က သင်္ဘော ပျက်တော့မယ့်အခြေအနေကြောင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ မလေးရှားအာဏာပိုင်တွေကယ်ဆယ်ခဲ့တဲ့ ဘင်္ဂါလီ ၂၆၉ ယောက်နဲ့တစ်ဖွဲ့တည်းဖြစ်ပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေထွက်လာချိန်မှာ သင်္ဘောတစ်စီးတည်းပေမဲ့ နောက်ပိုင်းမှာ နှစ်ဖွဲ့ခွဲသွား တယ်လို့ အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။

နောက်ဆုံးရောက်လာတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်ပြန်ပို့ဖို့ မလေးရှားက ကတိပြုထားပြီး ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံဘူးလို့ ပြတ်ပြတ်သားသားပြောထားပါတယ်။

Ref : Malaysia says another Rohingya boat tried to enter its waters

#PeopleMedia


Share this post