• Follow Us on
Latest News

Home မလေးရှားဝန်ကြီးချုပ် ရာထူးကနေ အံ့အားသင့်ဖွယ်နုတ်ထွက်


Share this post








Source – CNA


(Unicode)
မလေးရှားဝန်ကြီးချုပ် ရာထူးကနေ အံ့အားသင့်ဖွယ်နုတ်ထွက်
………………………………………………

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၂၄

မလေးရှားဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ကြောင်း စာတင်လိုက်ပြီလို့ မလေးရှားဝန်ကြီးချုပ်ဒေါက်တာ မဟာ သီယာ မိုဟာမက်ကပြောပါတယ်။

တနင်္လာနေ့ နေ့လည်မလေးရှားစံတော်ချိန် ၁ နာရီမှာ နုတ်ထွက်စာကို မလေးရှားဘုရင်ထံတင်သွင်းခဲ့တယ်လို့ မလေးရှားဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုမသိရသေးပါဘူး။

သူ့ရဲ့PPBM၊ UNMO၊ PAS နဲ့ တခြားပါတီတွေစုပေါင်းပြီး မလေးညွှန့်ပေါင်းအစိုးသစ်ဖွဲ့စည်းဖို့ရှိနေကြောင်း ခန့် မှန်းပြောဆိုနေကြချိန်မှာ မဟာသီယာ အံ့အားသင့်ဖွယ်နုတ်ထွက်ခဲ့တာပါ။

UMNO ပါတီခေါင်းဆောင်ဖြစ်ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ မဟာသီယာ ဟာ မလေးရှားနိုင်ငံ၏ စတုတ္ထမြောက်ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင်ပါတီက နုတ်ထွက်ခဲ့ပြီးနောက် PPBM ပါတီတည်ထောင်ကာ ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မလေးရှားရွေးကောက်ပွဲမှာ PH ညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခဲ့ပြီးနောက် မလေးရှားလွတ်လပ်ရေး ရပြီး နှစ် ၆၀ ကြာအာဏာရထားသည့် BN ညွှန့်ပေါင်းအဖွဲ့ထက် အသာရပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။

မဟာသီယာဟာ ကမ္ဘာ့အသက်အကြီးဆုံးနိုင်ငံအုပ်ချုပ်ရေးခေါင်းဆောင်လည်းဖြစ်ပါတယ်။

Source – CNA

#PeopleMedia #Malaysia #PrimeMinsisterResign


Share this post