• Follow Us on

Home မလေးရှားမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေအရှုပ်တော်ပုံမှာ ထိုင်းဝန်ကြီးချုပ်ပါဝင်နေတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ ထိုင်းအစိုးရပြောခွင့်ရသူဖြေရှင်း


Share this post





Source – The Nation

#PeopleMedia #FF

(Unicode)
မလေးရှားမြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေအရှုပ်တော်ပုံမှာ ထိုင်းဝန်ကြီးချုပ်ပါဝင်နေတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ ထိုင်းအစိုးရပြောခွင့်ရသူဖြေရှင်း
………………………………………………………

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄

မလေးရှားနိုင်ငံ၏အကြီးဆုံးဘဏ္ဍာရေးအရှုပ်တော်ပုံတစ်ခုဖြစ်တဲ့ 1MDB မြို့ပြဖွံ့ဖြိုးရေးရန်ပုံငွေအရှုပ်တော်ပုံမှာ ထိုင်းဝန်ကြီးချုပ်ပရာရွတ် ချန်အိုချာပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုခဲ့မှုဟာ အခြေအမြစ်မရှိကြောင်း ထိုင်းအစိုး ရပြောခွင့်ရသူကပြောပါတယ်။

စွဲချက်ကို ထိုင်းအစိုးရပြောခွင့်ရသူနာရူမွန် ပင်ယိုဆင်ဝက်ကငြင်းဆိုခဲ့တာပါ။ စွပ်စွဲသူကို တရားဥပဒေအရ အရေးယူရန် စီစဉ်နေပြီး စွဲချက်ဖြေရှင်းရန် အများပြည်သူသိစေမည့်ထုတ်ပြန်ချက်လည်း လုပ်သွားမယ်လို့လည်း ပြောပါတယ်။

FF ပြောခွင့်ရသူ ပန်နီကာဝါချက်က ပါတီကစီစဉ်တဲ့အစိုးရနှင့် စကားစစ်ထိုးမှုမှာ ပရာရွတ်ဟာ 1MDB မှာ ပါဝင် ပတ်သတ်ခဲ့ကြောင်း တနင်္ဂနွေနေ့မှာပြောခဲ့ပါတယ်။ ထိုင်းခြေဥတရားရုံးကသောကြာနေ့မှာဖျက်သိမ်းခဲ့တဲ့ FF ဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအဖြစ် ဆောင်ရွက်မည်ဟု ကတိပြုခဲ့တဲ့အတိုင်း ဆက်လက်ဆောင်ရွက် မယ်လို့ ပန်နီကာကပြောပါတယ်။

Source – The Nation

#PeopleMedia #FF


Share this post