• Follow Us on
Latest News

Home မဲစာရင်းစစ်ဆေးတွေ့ရှိများနှင့်ပတ်သက်ပြီး ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမည်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောဆို

မဲစာရင်းစစ်ဆေးတွေ့ရှိများနှင့်ပတ်သက်ပြီး ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမည်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမဲစာရင်းများနှင့်ပတ်သက်ပြီး ဥပဒေ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်မှာ ကျင်းပသည့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

“အဓိကကတော့ ထုတ်ပြန်ချက်သုံးခုထုတ်ပြန်ခဲ့ပြီးတယ်။ ဘယ်လိုနည်းနဲ့ ထုတ်ပြန်ခဲ့တယ်ဆိုတာလည်း စာရင်းဇယားနဲ့ ထုတ်ပြန်ပြီးဖြစ်တယ်။ ဒါတွေကို စိစစ်ဖော်ထုတ်တဲ့ နည်းလမ်းတွေကတော့ တိုင်းနဲ့ ပြည်နယ် တွေမှာရှိတဲ့ မဲဆန္ဒရှင် စာရင်းတွေကိုရှိတယ်၊ တစ်ချို့လည်း ရွေးကောက်ပွဲမဲစာရင်း ကြေညာတော့တဲ့အချိန်မှ ကပ်ပြီးရခဲ့တာရှိတယ်။ မဲစာရင်း ဒီနေ့ထိ မရသေးတာရှိတယ်။ ပါတီတွေကို ပေးခဲ့တာရှိတယ်။ PDF ဖိုင်တွေနဲ့ အဲ့ PDF ဖိုင်တွေကို ကျွန်တော်တို့ Excel ဖိုင် အဖြစ်ပြောင်းပြီး စစ်ဆေးတယ်။ အများအားဖြင့် မူတည်တာသည် မှတ်ပုံတင်ဖြစ်တယ်။ အဲ့မှတ်ပုံတင်ကတ်တွေကိုပဲ အဓိက စစ်ဆေးခဲ့တယ်။ မှတ်ပုံကတ်တွေနဲ့ပတ်သက်ပြီး Excel ဖိုင်မှာ စစ်ဆေးလိုက်တဲ့အခါ မှတ်ပုံတင်ကတ် ထပ်နေတဲ့သူတွေ ထုတ်ပြန်ချက်မှာပါပြီးဖြစ်ပါတယ်။ ဒါတွေက နည်းပညာအခြေခံပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်သွား မယ့်ဟာကတော့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက် သည်။

တပ်မတော်သားများ ကန့်ကွက်လွှာ တင်သွင်းခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈(က)နှင့် နည်းဥပဒေ ၈၇ အရ ယှဉ်ပြိုင်အရွေးခံသည့် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မဆို သို့မဟုတ် ယင်းမဲဆန္ဒနယ်တွင် မဲပေးခဲ့သည့် မည်သည့် မဲဆန္ဒရှင်ကမဆို ကန့်ကွက်နိုင်ကြောင်း၊ ယခုကန့်ကွက်ခြင်းမှာလည်း တပ်မတော်သားများသည် မဲဆန္ဒရှင်အနေဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် တပ်မတော်သား မဲဆန္ဒရှင်များ မဲပေးခဲ့သည့်နေရာများမှာ တွေ့ရှိချက်များကို လိုအပ်ရင် လိုအပ်သလို ပြောသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ခုနှစ် နိုင်ဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲရလဒ်အား တပ်မတော်မှ မဲစာရင်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်း၍ သုံးကြိမ်သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ပထမအကြိမ်ကို ဒီဇင်ဘာ ၂၃ ရက်တွင် မန္တလေးတိုင်း ဒေသကြီးအောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တနိုင်းမြို့နယ်တို့တွင် မဲမသမာမှု စုစုပေါင်း ခုနှစ်သောင်းခွဲနီးပါး၊ ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ် ထုတ်ပြန်ချက်ကို တော့ ဒီဇင်ဘာ ၂၆ ရက်တွင် မြစ်ကြီးနား၊ လယ်ဝေး၊ စေတုတ္တရာမြို့နယ်တို့တွင် မဲမသမာမှု ခြောက်သောင်း ကျော်ရှိကြောင်း ထုတ်ပြန်ခဲ့သလို တတိယအကြိမ်မှာတော့ မြို့နယ်လေးမြို့နယ်၌ မဲမသမာမှု ငါးသောင်းကျော် ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia #တပ်မတော် #UEC

(unicode)
……………………………………………………………









Share this post