• Follow Us on

Home မဲစာရင္းမပါသူ (၁၈) ဦးကို မဲေပးနိုင္ေအာင္ ေဆာင္ရြက္ေပးခဲ့မႈေၾကာင့္ ေရြးေကာက္ပြဲအနိုင္ရ က်ိဳက္မေရာ NLD ကိုယ္စားလွယ္ကို မြန္ညီၫြတ္ေရးပါတီမွ အမႈဖြင့္

မဲစာရင္းမပါသူ (၁၈) ဦးကို မဲေပးနိုင္ေအာင္ ေဆာင္ရြက္ေပးခဲ့မႈေၾကာင့္ ေရြးေကာက္ပြဲအနိုင္ရ က်ိဳက္မေရာ NLD ကိုယ္စားလွယ္ကို မြန္ညီၫြတ္ေရးပါတီမွ အမႈဖြင့္

Share this post

ရန္ကုန္၊ နိုဝင္ဘာ၂၇
မဲစာရင္းတြင္ နာမည္မပါသူ (၁၈)ဦးကို မဲေပးနိုင္ေအာင္ ေဆာင္ရြက္ေပးခဲ့မႈေၾကာင့္ ေရြးေကာက္ပြဲတြင္ အနိုင္ရ ရွိခဲ့သည့္ က်ိဳက္မေရာၿမိဳ႕နယ္ NLD ပါတီ၏ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ကို မြန္ညီညႊတ္ေရးပါတီမွ အမႈ ဖြင့္တိုင္ၾကားခဲ့ေၾကာင္း မြန္ညီညြတ္ေရးပါတီ၏ ေရြးေကာက္ပြဲေအာင္နိုင္ေရးေကာ္မတီမွ သိရသည္။
“ၿပီးခဲ့တဲ့ရက္ပိုင္းက တရားစြဲခဲ့တာပါ” ဟု မြန္ညီညြတ္ေရးပါတီ ေရြးေကာက္ပြဲေအာင္နိုင္ေရးေကာ္မတီအတြင္း ေရးမွဴး ဦးနိုင္ေအာ္မြန္က ေျပာသည္။
နိုဝင္ဘာ ၈ ရက္ေန႔တြင္ က်င္းပသည့္ ေရြးေကာက္ပြဲ၌ က်ိဳက္မေရာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵ နယ္အမွတ္(၁)အတြင္း ပါရွိသည့္ ေပါေလာေက်းရြာအုပ္စုတို႔မွ မဲစာရင္းတြင္ မပါဝင္သူ (၁၈)ဦးကို NLD ပါတီမွ အနိုင္ရ ကိုယ္စားလွယ္ ေဒၚခင္မ်ိဳးျမင့္က မဲေပးနိုင္ရန္ ေဆာင္ရြက္ေပးခဲ့ျခင္းႏွင့္ ရပ္ေက်းေကာ္မရွင္အဖြဲ႕ကို လည္း ၿခိမ္းေျခာက္ေျပာဆိုခဲ့ေၾကာင္း အမႈဖြင့္တိုင္ၾကားစာမွသိရသည္။
ထိုသို႔ ေဆာင္ရြက္ျခင္းေၾကာင့္ ေရြးေကာက္ပြဲတြင္ အနိုင္ရရွိခဲ့သည့္ က်ိဳက္မေရာၿမိဳ႕နယ္ NLD ပါတီမွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္မ်ိဳးျမင့္ကို ေရြးေကာက္ပြဲဆိုင္ရာ ဥပေဒပုဒ္မ (၆၁/၆၂)ျဖင့္ မြန္ညီညြတ္ေရးပါတီမွ ေဒၚမိစုမြန္မွ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ေခ်ာင္းႏွစ္ခြနယ္ေျမရဲစခန္း၌ အမႈဖြင့္တိုင္ၾကား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ အမႈဖြင့္လွစ္ရာတြင္ သက္ေသအျဖစ္ အခင္းျဖစ္ရပ္ကို ရိုက္ကူးထားသည့္ ဗီဒီယိုဖိုင္၊ ဓာတ္ပုံမွတ္တမ္းႏွင့္ အသံဖိုင္မွတ္တမ္းတို႔ကို တင္သြင္းထားေၾကာင္း အမႈဖြင့္တိုင္ၾကားစာမွ သိရသည္။
#PeopleMedia #မြန္ညီၫြတ္ေရးပါတီ
(unicode)
မဲစာရင်းမပါသူ (၁၈) ဦးကို မဲပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့မှုကြောင့် ရွေးကောက်ပွဲအနိုင်ရ ကျိုက်မရော NLD ကိုယ်စားလှယ်ကို မွန်ညီညွတ်ရေးပါတီမှ အမှုဖွင့်
……………………………………………………………
ရန်ကုန်၊ နိုဝင်ဘာ၂၇
မဲစာရင်းတွင် နာမည်မပါသူ (၁၈)ဦးကို မဲပေးနိုင်အောင် ဆောင်ရွက်ပေးခဲ့မှုကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့် ကျိုက်မရောမြို့နယ် NLD ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို မွန်ညီညွှတ်ရေးပါတီမှ အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီမှ သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက တရားစွဲခဲ့တာပါ” ဟု မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီအတွင်း ရေးမှူး ဦးနိုင်အော်မွန်က ပြောသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်အမှတ်(၁)အတွင်း ပါရှိသည့် ပေါလောကျေးရွာအုပ်စုတို့မှ မဲစာရင်းတွင် မပါဝင်သူ (၁၈)ဦးကို NLD ပါတီမှ အနိုင်ရ ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က မဲပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ခြင်းနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ကို လည်း ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်ကြားစာမှသိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ကျိုက်မရောမြို့နယ် NLD ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ (၆၁/၆၂)ဖြင့် မွန်ညီညွတ်ရေးပါတီမှ ဒေါ်မိစုမွန်မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချောင်းနှစ်ခွနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အမှုဖွင့်လှစ်ရာတွင် သက်သေအဖြစ် အခင်းဖြစ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်၊ ဓာတ်ပုံမှတ်တမ်းနှင့် အသံဖိုင်မှတ်တမ်းတို့ကို တင်သွင်းထားကြောင်း အမှုဖွင့်တိုင်ကြားစာမှ သိရသည်။
#PeopleMedia #မွန်ညီညွတ်ရေးပါတီ


Share this post