• Follow Us on

Home မဲစာရင္းမိတၳဴကူးယူရန္ တပ္မေတာ္၏ ေတာင္းဆိုခ်က္အေပၚ UEC တံု႔ျပန္မႈသည္ ဥပေဒနဲ႔အညီ ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးၫြန္႔ေျပာဆို

မဲစာရင္းမိတၳဴကူးယူရန္ တပ္မေတာ္၏ ေတာင္းဆိုခ်က္အေပၚ UEC တံု႔ျပန္မႈသည္ ဥပေဒနဲ႔အညီ ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးၫြန္႔ေျပာဆို

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)
 
မဲစာရင္းမိတၳဴကူးယူရန္ တပ္မေတာ္၏ေတာင္းဆိုခ်က္အေပၚ UEC တံု႔ျပန္မႈသည္ ဥပေဒနဲ႔အညီျပဳလုပ္ျခင္း ျဖစ္ေၾကာင္း NLD ပါတီ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးၫြန္႔မွေျပာသည္။
 
၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈမ်ား ႏိုင္ငံတစ္၀န္းတြင္ ျဖစ္ပြား ခဲ့ေၾကာင္း ၾကားသိရၿပီး ေရြးေကာက္ပြဲျဖစ္စဥ္မ်ားသည္ ဥပေဒႏွင့္အညီ နည္းလမ္းတက် ျဖစ္ထြန္းခဲ့ျခင္းရွိ၊မရွိ တပ္မေတာ္က ျပန္လည္စိစစ္သံုးသပ္ရာတြင္ အမ်ားျပည္သူႏွင့္သက္ဆိုင္သည့္ စာတမ္းအမွတ္အသားမ်ားကို ဥပေဒႏွင့္အညီ ကူးယူခြင့္ေပးေရး ေကာ္မရွင္အေနျဖင့္ လိုအပ္သလိုၫႊန္ၾကားေပးႏိုင္ရန္ တပ္မေတာ္က ေမတၱာ ရပ္ခံေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ႏို၀င္ဘာ ၃၀ ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ခဲ့သည္။
 
အဆိုပါကိစၥႏွင့္ ပတ္သက္ၿပီး ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ယခုလိုထုတ္ျပန္ခဲ့သည့္အေပၚ People Media က NLD ပါတီ CEC အဖြဲ႕၀င္ ေဒါက္တာမ်ဳိးၫြန္႔၏ သေဘာထားမွတ္ခ်က္အား ဆက္သြယ္ေမးျမန္းရာ အထက္ပါအတိုင္းေျဖၾကားခဲ့ ျခင္းျဖစ္သည္။
 
“ဒါကျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ေရြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒေတြမွာမပါတဲ့ လုပ္ရပ္ကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က လုပ္ေဆာင္ဖို႔ စာနဲ႔ေရးသားေတာင္းဆိုပါတယ္။ ဒါဟာ ဥပေဒနဲ႔ မညီၫြတ္တဲ့အတြက္ မလုပ္ေဆာင္ႏိုင္ေၾကာင္း ျပန္လည္တံု႔ျပန္ၿပီး ေျဖရွင္းတာပဲ ျဖစ္ပါတယ္။ အဲဒီေတာ့ ကၽြန္ ေတာ္တို႔ကေတာ့ ဒါဟာ ဥပေဒနဲ႔အညီလုပ္တယ္လို႔ပဲ ျမင္ပါတယ္”ဟု ၎မွေျပာသည္။
 
ဆက္လက္ၿပီး ေဒါက္တာမ်ဳိးၫြန္႔မွ တပ္မေတာ္၏ ေတာင္းဆိုခ်က္ႏွင့္ပတ္သက္ၿပီး “ကၽြန္ေတာ္တို႔သြားေနတာ ဟာ ဒီမိုကေရစီေခတ္ပါ။ ဒီမိုကေရစီေခတ္မွာ တရားဥပေဒစိုးမိုးေရးက အေရးႀကီးပါတယ္။ မည္သည့္အဖြဲ႕ အစည္း၊ မည္သည့္ပုဂၢိဳလ္မွ တရားဥပေဒ အထက္မွာ မရွိရပါဘူး။ ဥပေဒကေနၿပီးေတာ့ ခြင့္ျပဳမထားတဲ့လုပ္ရပ္ ေတြကို လုပ္ဖို႔ေတာင္းဆိုျခင္းဟာ တရားဥပေဒကို မေလးစားရာေရာက္ပါတယ္”ဟုဆိုသည္။ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေရြးေကာက္ပြဲစာရြက္စာတမ္းမ်ား ကူးယူခြင့္ျပဳေရး တပ္မေတာ္က ေမတၱာရပ္ခံသည့္အတိုင္း ေဆာင္ရြက္ပါက ေကာ္မရွင္အဖြဲ႕အခြဲအသီးသီးအား ဥပေဒႏွင့္မညီေသာ ေဆာင္ရြက္ မႈကို ျပဳလုပ္ေစရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဥပေဒႏွင့္မညီေသာ ၫႊန္ၾကားမႈကိုျပဳရာေရာက္ မည္ျဖစ္သျဖင့္ ၫႊန္ၾကားေပးႏိုင္မည္မဟုတ္ေၾကာင္း ဒီဇင္ဘာ ၇ ရက္ေန႔ ညပိုင္းအခ်ိန္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္ သည္။
 
#PeopleMedia #UEC #2020election #NLD #USDP #တပ္မေတာ္ #ေဒါက္တာမ်ဳိးၫြန္႔
 
(unicode)
မဲစာရင်းမိတ္ထူကူးယူရန် တပ်မတော်၏ တောင်းဆိုချက်အပေါ် UEC တုံ့ပြန်မှုသည် ဥပဒေနဲ့အညီ ပြုလုပ်ခြင်း ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ပြောဆို
……………………………………………………………
 
ရန်ကုန်၊ ဒီဇင်ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)
 
မဲစာရင်းမိတ္ထူကူးယူရန် တပ်မတော်၏တောင်းဆိုချက်အပေါ် UEC တုံ့ပြန်မှုသည် ဥပဒေနဲ့အညီပြုလုပ်ခြင်း ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်မှပြောသည်။
 
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွား ခဲ့ကြောင်း ကြားသိရပြီး ရွေးကောက်ပွဲဖြစ်စဉ်များသည် ဥပဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်းရှိ၊မရှိ တပ်မတော်က ပြန်လည်စိစစ်သုံးသပ်ရာတွင် အများပြည်သူနှင့်သက်ဆိုင်သည့် စာတမ်းအမှတ်အသားများကို ဥပဒေနှင့်အညီ ကူးယူခွင့်ပေးရေး ကော်မရှင်အနေဖြင့် လိုအပ်သလိုညွှန်ကြားပေးနိုင်ရန် တပ်မတော်က မေတ္တာ ရပ်ခံကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ နိုဝင်ဘာ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယခုလိုထုတ်ပြန်ခဲ့သည့်အပေါ် People Media က NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၏ သဘောထားမှတ်ချက်အား ဆက်သွယ်မေးမြန်းရာ အထက်ပါအတိုင်းဖြေကြားခဲ့ ခြင်းဖြစ်သည်။
 
“ဒါကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေမှာမပါတဲ့ လုပ်ရပ်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က လုပ်ဆောင်ဖို့ စာနဲ့ရေးသားတောင်းဆိုပါတယ်။ ဒါဟာ ဥပဒေနဲ့ မညီညွတ်တဲ့အတွက် မလုပ်ဆောင်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ပြီး ဖြေရှင်းတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန် တော်တို့ကတော့ ဒါဟာ ဥပဒေနဲ့အညီလုပ်တယ်လို့ပဲ မြင်ပါတယ်”ဟု ၎င်းမှပြောသည်။
 
ဆက်လက်ပြီး ဒေါက်တာမျိုးညွန့်မှ တပ်မတော်၏ တောင်းဆိုချက်နှင့်ပတ်သက်ပြီး “ကျွန်တော်တို့သွားနေတာ ဟာ ဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီခေတ်မှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးပါတယ်။ မည်သည့်အဖွဲ့ အစည်း၊ မည်သည့်ပုဂ္ဂိုလ်မှ တရားဥပဒေ အထက်မှာ မရှိရပါဘူး။ ဥပဒေကနေပြီးတော့ ခွင့်ပြုမထားတဲ့လုပ်ရပ် တွေကို လုပ်ဖို့တောင်းဆိုခြင်းဟာ တရားဥပဒေကို မလေးစားရာရောက်ပါတယ်”ဟုဆိုသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစာရွက်စာတမ်းများ ကူးယူခွင့်ပြုရေး တပ်မတော်က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်ပါက ကော်မရှင်အဖွဲ့အခွဲအသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက် မှုကို ပြုလုပ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကိုပြုရာရောက် မည်ဖြစ်သဖြင့် ညွှန်ကြားပေးနိုင်မည်မဟုတ်ကြောင်း ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းအချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
 
#PeopleMedia #UEC #2020election #NLD #USDP #တပ်မတော် #ဒေါက်တာမျိုးညွန့်

Share this post