• Follow Us on

Home မဲစာရင္းမ်ားမွားယြင္းမႈသည္ ေရြးေကာက္ပြဲေကာ္မရွင္၏ ညံ့ဖ်င္းမႈျဖစ္ေၾကာင္း ကရင္ျပည္သူ႔ပါတီ အမတ္ေလာင္း ပဒုိမန္းျငိမ္းေမာင္ေျပာဆုိ

မဲစာရင္းမ်ားမွားယြင္းမႈသည္ ေရြးေကာက္ပြဲေကာ္မရွင္၏ ညံ့ဖ်င္းမႈျဖစ္ေၾကာင္း ကရင္ျပည္သူ႔ပါတီ အမတ္ေလာင္း ပဒုိမန္းျငိမ္းေမာင္ေျပာဆုိ

Share this post

ရန္ကုန္၊ၾသဂုတ္၅

တုိင္းေဒသၾကီး/ျပည္နယ္မ်ား၌ မဲေပးခြင့္ရွိသူမ်ားသည္ မဲစာရင္း၌ ပါဝင္လာမႈမရွိမႈ၊မဲစာရင္း မွားယြင္းမႈသည္ ေရြးေကာက္ပြဲေကာ္မရွိ၏ ညံံဖ်င္းမႈသာ ျဖစ္ေၾကာင္း ကရင္ျပည္သူ႔ပါတီ အမတ္ေလာင္း ပဒုိမန္းျငိမ္းေမာင္ေျပာဆုိလုိက္ပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ မဲစားရင္းထုတ္ျပန္ရာ၌ ေသေသာသူမ်ား ျပန္၍ ပါဝင္လာျခင္း၊မဲေပးခြင့္ရွိသူမ်ား မဲစာရင္း၌ ပါဝင္မႈ မရွိျခင္းမ်ား ျဖစ္ေပၚလ်က္ရွိပါတယ္။လာမည့္ ေရြးေကာက္ပြဲ၌ မဲေပးခြင့္ရွိသူ (၃၇)သန္းေက်ာ္ျပီး ပထမ အၾကိမ္မဲစာရင္းကုိ ဇူလိုင္၂၅ရက္မွ ၾသဂုတ္လ၇ရက္ေန႕အထိ ရက္ကြက္/ေက်းရြာ ေကာ္မရွင္အဖြဲ႕ခြဲ႐ုံးမ်ား၌ ထုတ္ျပန္ေပးလ်က္ရွိပါတယ္။

“မဲစာရင္းေတြ ဒီေလာက္မွားတယ္ဆိုရင္ေတာ့တစ္ခြန္းထဲနဲ႕ေျပာရင္ေတာ့ ညံ့ဖ်င္းလို႔ေပါ့ဗ်။ လူဆိုတာ ကိုယ္လုပ္ေနတဲ့အလုပ္ကိုယ္သိရမယ္။နားလည္ဖို႔လိုမယ္။ကြၽမ္းက်င္ဖို႔လိုမယ္။ ဒါမကြၽမ္းက်င္လို႔။တစ္ခုကေတာ့တျခားပေယာဂေတြလည္းပါရင္ပါမွာေပါ့’’ဟု ၎ကေျပာပါတယ္။

“မဲစာရင္းမွာ တိုင္းရင္းသားအမည္ေတြကို ဦးေတြေဒၚေတြတပ္တာ ဒါကအစိုးရရဲ႕ ေပၚလစီနဲ႕ဆိုင္တယ္။တိုင္းရင္းသားေတြ ရိုးရာယဥ္ေက်းမႈနာမည္ ဒါေတြနားလည္ဖို႔လိုတယ္။ရွမ္းဆိုရွမ္းေပါ့။ေနာ္ခမ္းေပါ့။တိုင္းရင္းသားေတြအမွတ္အသားသေကၤတေတြကိုေတာ့ တန္ဖိုးထားေစခ်င္တယ္။သိေစခ်င္တယ္။ဒါေတြကၾကည့္ေတာ့တာဘာမွမဟုတ္တာ။တိုင္းရင္းသားေတြရင္ထဲမေကာင္းဘူး’’ဟု တိုင္းရင္းသားမ်ားကိုမဲစာရင္းတြင္ ဗမာအေခၚအေဝၚမ်ားတပ္ျခင္းအေပၚ ပဒိုမန္းၿငိမ္းေမာင္ကထပ္မံေျပာပါတယ္။

ပဒုိမန္းျငိမ္းေမာင္သည္ လာမည့္ေရြးေကာက္ပြဲ၌ ဧရာဝတီတုိင္း၊ပန္းတေနာ္ျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ေနရာမွ ဝင္ေရာက္ယွဥ္ျပိဳင္သြားမည္ ျဖစ္ပါတယ္။

#PeopleMedia #ကရင္ျပည္သူ႔ပါတီ

(Unicode)
မဲစာရင်းများမှားယွင်းမှုသည် ရွေးကောက်ပွဲကော်မရှင်၏ ညံ့ဖျင်းမှုဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ အမတ်လောင်း ပဒိုမန်းငြိမ်းမောင်ပြောဆို
=======================

ရန်ကုန်၊သြဂုတ်၅

တိုင်းဒေသကြီး/ပြည်နယ်များ၌ မဲပေးခွင့်ရှိသူများသည် မဲစာရင်း၌ ပါဝင်လာမှုမရှိမှု၊မဲစာရင်း မှားယွင်းမှုသည် ရွေးကောက်ပွဲကော်မရှိ၏ ညံဖျင်းမှုသာ ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ အမတ်လောင်း ပဒိုမန်းငြိမ်းမောင်ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစားရင်းထုတ်ပြန်ရာ၌ သေသောသူများ ပြန်၍ ပါဝင်လာခြင်း၊မဲပေးခွင့်ရှိသူများ မဲစာရင်း၌ ပါဝင်မှု မရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါတယ်။လာမည့် ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ (၃၇)သန်းကျော်ပြီး ပထမ အကြိမ်မဲစာရင်းကို ဇူလိုင်၂၅ရက်မှ သြဂုတ်လ၇ရက်နေ့အထိ ရက်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ထုတ်ပြန်ပေးလျက်ရှိပါတယ်။

“မဲစာရင်းတွေ ဒီလောက်မှားတယ်ဆိုရင်တော့တစ်ခွန်းထဲနဲ့ပြောရင်တော့ ညံ့ဖျင်းလို့ပေါ့ဗျ။ လူဆိုတာ ကိုယ်လုပ်နေတဲ့အလုပ်ကိုယ်သိရမယ်။နားလည်ဖို့လိုမယ်။ကျွမ်းကျင်ဖို့လိုမယ်။ ဒါမကျွမ်းကျင်လို့။တစ်ခုကတော့တခြားပယောဂတွေလည်းပါရင်ပါမှာပေါ့’’ဟု ၎င်းကပြောပါတယ်။

“မဲစာရင်းမှာ တိုင်းရင်းသားအမည်တွေကို ဦးတွေဒေါ်တွေတပ်တာ ဒါကအစိုးရရဲ့ ပေါ်လစီနဲ့ဆိုင်တယ်။တိုင်းရင်းသားတွေ ရိုးရာယဉ်ကျေးမှုနာမည် ဒါတွေနားလည်ဖို့လိုတယ်။ရှမ်းဆိုရှမ်းပေါ့။နော်ခမ်းပေါ့။တိုင်းရင်းသားတွေအမှတ်အသားသင်္ကေတတွေကိုတော့ တန်ဖိုးထားစေချင်တယ်။သိစေချင်တယ်။ဒါတွေကကြည့်တော့တာဘာမှမဟုတ်တာ။တိုင်းရင်းသားတွေရင်ထဲမကောင်းဘူး’’ဟု တိုင်းရင်းသားများကိုမဲစာရင်းတွင် ဗမာအခေါ်အဝေါ်များတပ်ခြင်းအပေါ် ပဒိုမန်းငြိမ်းမောင်ကထပ်မံပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်သည် လာမည့်ရွေးကောက်ပွဲ၌ ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါတယ်။

#PeopleMedia #ကရင်ပြည်သူ့ပါတီ


Share this post