• Follow Us on

Home မဲစာရင္းမွားယြင္းမႈ မီဒီယာမ်ား ေဖာ္ထုတ္မႈေၾကာင့္သာ ႀကီးက်ယ္သြားျခင္းျဖစ္ၿပီး လြဲမွားမႈ(တစ္)ရာခိုင္ႏႈန္းသာ ရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ဆို

မဲစာရင္းမွားယြင္းမႈ မီဒီယာမ်ား ေဖာ္ထုတ္မႈေၾကာင့္သာ ႀကီးက်ယ္သြားျခင္းျဖစ္ၿပီး လြဲမွားမႈ(တစ္)ရာခိုင္ႏႈန္းသာ ရွိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ဆို

Share this post

ရန္ကုန္၊ ျသဂုတ္ ၂၅

မဲစာရင္း မွားယြင္းမႈ မီဒီယာမ်ား ေဖာ္ထုတ္မႈေၾကာင့္သာ ႀကီးက်ယ္သြားျခင္းျဖစ္ၿပီး လြဲမွားမႈ(တစ္)ရာခိုင္ႏႈန္းသာ ရွိေၾကာင္းျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ ဦးျမင့္ႏိုင္ကေျပာသည္။

ျသဂုတ္လ၂၄ရက္ အဠမအႀကိမ္ေျမာက္ သတင္းမီဒီယာဖြံၿဖိဳးတိုးတက္ေရးညီလာခံ ကိုေနျပည္ေတာ္ရွိ Park Royalဟိုတယ္တြင္ က်င္းပစဉ္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ ဦးျမင့္ႏိုင္ကေျပာၾကားခဲ့သည္။

“မဲစာရင္းေကာက္တာ အင္မတန္မွေကာင္းတဲ့စနစ္ေပါ႔။ လ၀ကရယ္၊ ေထြအုပ္ရယ္၊ ကြၽန္ေတာ္တို႔ရယ္သုံး ခုေပါင္းၿပီး စီမံခ်က္ဆြဲတယ္။ အရင္တုန္းကေကာက္တယ္ဆိုတာ ၆၆ သန္းေခါင္စာရင္း။ အခုကေထြအုပ္က ၆၆ မရွိသည္ျဖစ္ေစ၊ ရွိသည္ျဖစ္ေစအကုန္လုံးသူကေကာက္ထားတယ္။ ၆၆ ကလည္း အိမ္ေထာင္စုတိုင္း မရွိဘူးေလ။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔က ၆၆လည္းအေျခခံတယ္။လ၀ကလည္းအေျခခံၿပီးေကာက္လိုက္တဲ့အခါမွာ ထူးျခားတာကေတာ့အခုဟာ က မဲစာရင္း၆သိန္း၆ေသာင္းေက်ာ္လာၾကည့္တယ္။ တစ္ေယာက္ကိုမိသားစု၅ေယာက္ႏႈန္းသြားၾကည့္လိုက္တဲ့အခါၾကေတာ့ ၃၇သန္းရွိတယ္။ ၃၇သန္းရွိတာကို သန္း၃၀ေလာက္ၾကည့္ၿပီးသားျဖစ္သြားတယ္။မ်ားမ်ားၾကည့္တဲ့အခါၾကေတာ့မ်ားမ်ား ဒီဟာေလးေတြ လြဲတာေလးေတြေတြ႕တာေပါ႔။လြဲတာေလးေတြကိုမီဒီယာေတြကဒါေတြကိုေဖာ္ျပလိုက္တဲ့အခါၾကေတာ့ ဒါႀကီးကႀကီးက်ယ္သြားတာေပါ႔။ အဲဒါကိုအခုကြၽန္ေတာ္တို႔ ကတကယ္တမ္းတြက္လိုက္တဲ့အခါမွာ တစ္ျပည္လုံးအတိုင္းအတာအေနနဲ႔အမွားက (တစ္) ရာခိုင္ႏႈန္းေလာက္ပဲေတြ႕ရတယ္’’ဟု ၎ကေျပာသည္။

ပထမအႀကိမ္မဲဆႏၵရွင္မ်ားကို စာရင္းကို ဇူလိုင္၂၅ရက္မွ ျသဂုတ္လ ၇ရက္အထိ သက္ဆိုင္ရာေရြးေ ကာက္ပြဲေကာ္မရွင္အဖြဲခြဲ႐ုံးမ်ားတြင္ ေၾကညာခဲ့ရာ အမည္စာရင္းမ်ားမပါ၀င္ျခင္း၊ ေသဆုံးသူမ်ားပါ၀င္ျခင္း၊ အမည္စာရင္းမွားယြင္းျခင္းတို႔ ျဖစ္ေပၚခဲ့ၿပီး ျသဂုတ္လ ၁၄ရက္အထိ ထပ္မံတိုးျမႇင့္ခဲ့သည္။

၂၀၂၀ေရြးေကာက္ပြဲကိုႏို၀င္ဘာ ၈ရက္က်င္းပေပးမည္ဟုျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကေၾကညာထားၿပီး မဲေပးခြင့္ရွိသူမဲဆႏၵရွင္ ၃၇သန္းေက်ာ္ရွိေၾကာင္းသိရသည္။

#PeopleMedia

(Unicode)
မဲစာရင်းမှားယွင်းမှု မီဒီယာများ ဖော်ထုတ်မှုကြောင့်သာ ကြီးကျယ်သွားခြင်းဖြစ်ပြီး လွဲမှားမှု(တစ်)ရာခိုင်နှုန်းသာ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဆို
………………………………………………

ရန်ကုန်၊ သြဂုတ် ၂၅

မဲစာရင်း မှားယွင်းမှု မီဒီယာများ ဖော်ထုတ်မှုကြောင့်သာ ကြီးကျယ်သွားခြင်းဖြစ်ပြီး လွဲမှားမှု(တစ်)ရာခိုင်နှုန်းသာ ရှိကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။

သြဂုတ်လ၂၄ရက် အဠမအကြိမ်မြောက် သတင်းမီဒီယာဖွံဖြိုးတိုးတက်ရေးညီလာခံ ကိုနေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောကြားခဲ့သည်။

“မဲစာရင်းကောက်တာ အင်မတန်မှကောင်းတဲ့စနစ်ပေါ့။ လဝကရယ်၊ ထွေအုပ်ရယ်၊ ကျွန်တော်တို့ရယ်သုံး ခုပေါင်းပြီး စီမံချက်ဆွဲတယ်။ အရင်တုန်းကကောက်တယ်ဆိုတာ ၆၆ သန်းခေါင်စာရင်း။ အခုကထွေအုပ်က ၆၆ မရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေအကုန်လုံးသူကကောက်ထားတယ်။ ၆၆ ကလည်း အိမ်ထောင်စုတိုင်း မရှိဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့က ၆၆လည်းအခြေခံတယ်။လဝကလည်းအခြေခံပြီးကောက်လိုက်တဲ့အခါမှာ ထူးခြားတာကတော့အခုဟာ က မဲစာရင်း၆သိန်း၆သောင်းကျော်လာကြည့်တယ်။ တစ်ယောက်ကိုမိသားစု၅ယောက်နှုန်းသွားကြည့်လိုက်တဲ့အခါကြတော့ ၃ရသန်းရှိတယ်။ ၃ရသန်းရှိတာကို သန်း၃ဝလောက်ကြည့်ပြီးသားဖြစ်သွားတယ်။များများကြည့်တဲ့အခါကြတော့များများ ဒီဟာလေးတွေ လွဲတာလေးတွေတွေ့တာပေါ့။လွဲတာလေးတွေကိုမီဒီယာတွေကဒါတွေကိုဖော်ပြလိုက်တဲ့အခါကြတော့ ဒါကြီးကကြီးကျယ်သွားတာပေါ့။ အဲဒါကိုအခုကျွန်တော်တို့ ကတကယ်တမ်းတွက်လိုက်တဲ့အခါမှာ တစ်ပြည်လုံးအတိုင်းအတာအနေနဲ့အမှားက (တစ်) ရာခိုင်နှုန်းလောက်ပဲတွေ့ရတယ်’’ဟု ၎င်းကပြောသည်။

ပထမအကြိမ်မဲဆန္ဒရှင်များကို စာရင်းကို ဇူလိုင်၂၅ရက်မှ သြဂုတ်လ ရရက်အထိ သက်ဆိုင်ရာရွေးေ ကာက်ပွဲကော်မရှင်အဖွဲခွဲရုံးများတွင် ကြေညာခဲ့ရာ အမည်စာရင်းများမပါဝင်ခြင်း၊ သေဆုံးသူများပါဝင်ခြင်း၊ အမည်စာရင်းမှားယွင်းခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လ ၁၄ရက်အထိ ထပ်မံတိုးမြှင့်ခဲ့သည်။

၂၀၂ဝရွေးကောက်ပွဲကိုနိုဝင်ဘာ ၈ရက်ကျင်းပပေးမည်ဟုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြေညာထားပြီး မဲပေးခွင့်ရှိသူမဲဆန္ဒရှင် ၃ရသန်းကျော်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post