• Follow Us on

Home မဲစာရင္းမွားယြင္းမႈ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၌ တာဝန္အျပည့္အဝရွိဟု မင္းကင္းအမတ္ ဦးေမာင္ျမင့္ဆို

မဲစာရင္းမွားယြင္းမႈ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၌ တာဝန္အျပည့္အဝရွိဟု မင္းကင္းအမတ္ ဦးေမာင္ျမင့္ဆို

Share this post

ရန္ကုန္၊ ဩဂုတ္ – ၄

မဲစာရင္းမွားယြင္းမႈ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၌ တာဝန္အျပည့္အဝရွိေၾကာင္း မင္းကင္းအမတ္ ဦးေမာင္ျမင့္ဆိုပါတယ္။

ၾသဂုတ္လ ၄ ရက္၌ ဆိပ္ကမ္းၿမိဳ႕နယ္ရွိ sdp ႐ုံးမွာက်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ မင္းကင္းအမတ္ဦး ေမာင္ျမင့္က ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ့္မိတ္ေဆြထဲမွာဆိုရင္ မဲစာရင္းမပါတာေတြရွိတယ္။ ဦးသိန္းၫြန္႔ဆိုရင္ ဒါေသသြားတဲ့သူ႔ဇနီးက ပါပီးသူကမပါဘူး။ ထိုနည္းအတိုင္းပဲ ကြၽန္ေတာ့္မိတ္ေဆြထဲကသူေျပာတာဆိုရင္ တိုက္ ၇ လုံးေလာက္မဲ စာရင္းေပ်ာက္သြားတယ္။ ဒါေတြဟာ uec မွာ တာ၀န္မရွိဘူးဆိုတာ ကြၽန္ေတာ္သေဘာမတူဘူး။ ကန္႔ ကြက္တယ္။ မဲစာရင္းမွန္ကန္ေရးက uec မွာ တာ၀န္အျပည့္အ၀ရွိတယ္”ဟု၎ေျပာပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲကို ႏို၀င္ဘာ ၈ ရက္မွာက်င္းပေပးပိုင္ခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိတယ္လို႔သိရပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ ျပည္ပေရာက္ႏိုင္ငံသားေတြကိုတင္မဲေပးရာမွာမွန္ကန္မွ်တမႈရွိေရး သံ႐ုံးမ်ားက စနစ္တက်ေဆာင္ရြက္ေပးေရး ႏိုင္ငံျခားေရး၀န္ႀကီးဌာနတို႔ မွန္ကန္ေရးတို႔ကို မင္းကင္းအမတ္ဦး ေမာင္ျမင့္ကရွင္းလင္းခဲ့ပါတယ္။

#PeopleMedia #USDP #2020election

(unicode)
မဲစာရင်းမှားယွင်းမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ တာဝန်အပြည့်အဝရှိဟု မင်းကင်းအမတ် ဦးမောင်မြင့်ဆို
…………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၄

မဲစာရင်းမှားယွင်းမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ တာဝန်အပြည့်အဝရှိကြောင်း မင်းကင်းအမတ် ဦးမောင်မြင့်ဆိုပါတယ်။

ဩဂုတ်လ ၄ ရက်၌ ဆိပ်ကမ်းမြို့နယ်ရှိ sdp ရုံးမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မင်းကင်းအမတ်ဦး မောင်မြင့်က ပြောကြားခဲ့ပါတယ်။

“ကျွန်တော့်မိတ်ဆွေထဲမှာဆိုရင် မဲစာရင်းမပါတာတွေရှိတယ်။ ဦးသိန်းညွန့်ဆိုရင် ဒါသေသွားတဲ့သူ့ဇနီးက ပါပီးသူကမပါဘူး။ ထိုနည်းအတိုင်းပဲ ကျွန်တော့်မိတ်ဆွေထဲကသူပြောတာဆိုရင် တိုက် ၇ လုံးလောက်မဲ စာရင်းပျောက်သွားတယ်။ ဒါတွေဟာ uec မှာ တာဝန်မရှိဘူးဆိုတာ ကျွန်တော်သဘောမတူဘူး။ ကန့် ကွက်တယ်။ မဲစာရင်းမှန်ကန်ရေးက uec မှာ တာဝန်အပြည့်အဝရှိတယ်”ဟု၎င်းပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာကျင်းပပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိတယ်လို့သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပြည်ပရောက်နိုင်ငံသားတွေကိုတင်မဲပေးရာမှာမှန်ကန်မျှတမှုရှိရေး သံရုံးများက စနစ်တကျဆောင်ရွက်ပေးရေး နိုင်ငံခြားရေးဝန်ကြီးဌာနတို့ မှန်ကန်ရေးတို့ကို မင်းကင်းအမတ်ဦး မောင်မြင့်ကရှင်းလင်းခဲ့ပါတယ်။

#PeopleMedia #USDP #2020election


Share this post