• Follow Us on

Home မဲဆြယ္စည္း႐ုံးေရးလွည္လည္ရာတြင္ခိုက္ရန္ျဖစ္ပြားသည့္ကိစၥႏွင့္ပတ္သက္ၿပီးဥပေဒခ်ိဳးေဖာက္သူမ်ားကို အေရးယူရန္တိုင္ၾကားထားေၾကာင္းNLDပါတီCECအဖြဲ႕ဝင္ေဒါက္တာမ်ိဳးၫြန႔္ေျပာဆို

မဲဆြယ္စည္း႐ုံးေရးလွည္လည္ရာတြင္ခိုက္ရန္ျဖစ္ပြားသည့္ကိစၥႏွင့္ပတ္သက္ၿပီးဥပေဒခ်ိဳးေဖာက္သူမ်ားကို အေရးယူရန္တိုင္ၾကားထားေၾကာင္းNLDပါတီCECအဖြဲ႕ဝင္ေဒါက္တာမ်ိဳးၫြန႔္ေျပာဆို

Share this post

ရန္ကုန္၊စက္တင္ဘာ – ၂၃

တိုင္းေဒသႀကီးအခ်ိဳ႕၌မဲဆြယ္စည္း႐ုံးလွည့္လည္ရာတြင္ ခိုက္ရန္ျဖစ္ပြားသည့္ကိစၥႏွင့္ပတ္သက္ၿပီး ဥပေဒခ်ိဳးေဖာက္သူမ်ားကို အေရးယူရန္တိုင္ၾကားထားေၾကာင္းNLDပါတီCECအဖြဲ႕ဝင္ ေဒါက္တာမ်ိဳးၫႊန့္က ေျပာပါတယ္။

၂၀၂၀ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးလွည့္လည္ရာတြင္NLDပါတီမွအျခားေသာ နိုင္ငံေရးပါတီကို ဟန့္တားေဆာင္႐ြက္မႈမ်ားရွိခဲ့ပါတယ္။ထို႔အတူNLDစည္း႐ုံးေရးလွည့္လည္ရာ၌ အျခားေသာနိုင္ငံေရးပါတီ၏ဟန့္တားမႈမ်ား တိုင္းေဒသႀကီး အခ်ိဳ႕၌ ျဖစ္ေပၚခဲ့ပါတယ္။အဆိုပါ ျဖစ္စဥ္မ်ားေၾကာင့္ အခ်ိဳ႕ေသာ မဲဆႏၵနယ္ေျမမ်ား၌ ပါတီေထာက္ခံသူမ်ား ႏွစ္ဖက္ ပြတ္တိုက္မႈမ်ား ျဖစ္ေပၚခဲ့ၾကပါတယ္။

“၂၀၂၀အေထြေထြေ႐ြးေကာက္ပြဲက ၂၀၁၅ထက္ ၿပိဳင္ဆိုင္မႈျပင္းထန္ပါတယ္။ ပါတီခ်င္း ပဋိပကၡျဖစ္ခဲ့တာ မဟုတ္ပါဘူး။ ပါတီကိုေထာက္ခံတဲ့ျပည္သူေတြနဲ႕ ပါတီရဲ႕စည္း႐ုံးေရးလွည့္တဲ့ ယာဥ္တန္းၾကားမွာ ျဖစ္ပြားတဲ့ ပဋိပကၡေတြပဲျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ကို ေထာက္ခံတဲ့ျပည္သူေတြအေနနဲ႕ အေရးအခင္းျဖစ္ၿပီဆိုရင္ေတာ့ ဒါကြၽန္ေတာ္တို႔အဖြဲ႕ခ်ဳပ္ မွာ တာဝန္ရွိတယ္လို႔ ခံယူပါတယ္။ ဒါေၾကာင့္ ေနာင္ဒါမ်ိဴးမျဖစ္ဖို႔အတြက္ သက္ဆိုင္ရာ တိုင္း ေအာင္နိုင္ေရးအဖြဲ႕ေတြက ေမတၱာရပ္ခံစာထုတ္သလို ကြၽန္ေတာ္တို႔အဖြဲ႕ခ်ဳပ္ဥကၠ႒ကိုယ္တိုင္လည္းမိမိရဲ႕မခံခ်င္စိတ္ကိုေအာင့္ထားၿပီးေတာ့ နိုဝင္ဘာ(၈)ရက္ေန႕မွာ အဖြဲ႕ခ်ဳပ္ကိုေထာက္ခံမဲထည့္ျခင္းအားျဖင့္ ေထာက္ခံမႈကိုသာျပၾကပါ။ ကိုဗစ္နဲ႕ပတ္သက္တဲ့ၫႊန္ၾကားခ်က္ကိုလည္းအတိအက်လိဳက္နာၾကပါလို႔ေမတၱာရပ္ခံပန္ၾကားအပ္ၿပီးျဖစ္ပါတယ္”လို႔ ေဒါက္တာမ်ိဳးၫႊန့္ကေျပာပါတယ္။

ဆက္လက္ၿပီးေဒါက္တာမ်ိဳးၫြန႔္က”အခ်ိဴ႕အခ်က္ေတြၾကေတာ့ဥပေဒခ်ိဳးေဖာက္ၿပီးေတာ့အက်ိဳးပ်က္စီးေအာင္လုပ္တာ၊ ပိုင္နက္က်ဴးလြန္တာေတြရွိတယ္။ ဒီလိုဟာမ်ိဳးကေတာ့ ဥပေဒေၾကာင္းအရ ကြၽန္ေတာ္တို႔ တိုင္ၾကားထားတာေတြရွိပါတယ္။ ဒီလိုဥပေဒအရ အေရးယူမွလည္း တခ်ိဳ႕ေသာဥပေဒမဲ့လုပ္ရပ္ေတြကို ဟန႔္တားနိုင္မွာျဖစ္ပါတယ္”လို႔ ေျပာပါတယ္။

ထို႔အျပင္ ေ႐ြးေကာက္ပြဲသည္ ျပည္သူေတြ၏ ရင္ထဲကဆႏၵမဲကိုရယူသည့္ပြဲျဖစ္ၿပီးျပည္သူေတြကိုအသိျမင္ေဝဝါးသြားေအာင္မွိုင္းတိုက္တာ၊ၿခိမ္းေျခာက္ျခင္း၊အင္အားသုံးၿပီးဖိႏွိပ္တာမ်ိဳးေတြဟာ လုံးဝလုပ္ ေဆာင္ဖို႔မသင့္ေၾကာင္းႏွင့္ အမွန္တကယ္ျပည္သူကိုအေလးထားပါက ျပည္သူေတြ၏ဆႏၵမဲကို တရားေသာနည္းအားျဖင့္ ရယူျခင္းသာအေကာင္းဆုံးႀကိဳးစားျခင္းျဖစ္သည္ဟုေဒါက္တာမ်ိဳးၫြန႔္မွ ထပ္မံေျပာၾကားပါတယ္။

၂၀၂၀ေ႐ြးေကာက္ပြဲကို လာမည့္နိုဝင္ဘာ(၈)ရက္ေန႕၌ က်င္းပရန္ စီစဥ္ထားၿပီး ရန္ကုန္တိုင္းေဒသႀကီး၌ ကိုကိုးကြၽန္းၿမိဳ႕နယ္မွ လြဲ၍ က်န္ၿမိဳ႕နယ္မ်ားကို COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ရန္ Stay at Home အမိန့္ ထုတ္ျပန္ထားပါတယ္။

#PeopleMedia #2020election #UEC #ေဒါက္တာမ်ိဳးၫႊန့္

[Unicode]
မဲဆွယ်စည်းရုံးရေးလှည်လည်ရာတွင်ခိုက်ရန်ဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်ပြီးဥပဒေချိုးဖောက်သူများကို အရေးယူရန်တိုင်ကြားထားကြောင်းNLDပါတီCECအဖွဲ့ဝင်ဒေါက်တာမျိုးညွန့်ပြောဆို
……………………………………………
ရန်ကုန်၊စက်တင်ဘာ – ၂၃

တိုင်းဒေသကြီးအချို့၌မဲဆွယ်စည်းရုံးလှည့်လည်ရာတွင် ခိုက်ရန်ဖြစ်ပွားသည့်ကိစ္စနှင့်ပတ်သက်ပြီး ဥပဒေချိုးဖောက်သူများကို အရေးယူရန်တိုင်ကြားထားကြောင်းNLDပါတီCECအဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

၂၀၂၀ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှည့်လည်ရာတွင်NLDပါတီမှအခြားသော နိုင်ငံရေးပါတီကို ဟန့်တားဆောင်ရွက်မှုများရှိခဲ့ပါတယ်။ထို့အတူNLDစည်းရုံးရေးလှည့်လည်ရာ၌ အခြားသောနိုင်ငံရေးပါတီ၏ဟန့်တားမှုများ တိုင်းဒေသကြီး အချို့၌ ဖြစ်ပေါ်ခဲ့ပါတယ်။အဆိုပါ ဖြစ်စဉ်များကြောင့် အချို့သော မဲဆန္ဒနယ်မြေများ၌ ပါတီထောက်ခံသူများ နှစ်ဖက် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့ကြပါတယ်။

“၂၀၂၀အထွေထွေရွေးကောက်ပွဲက ၂၀၁၅ထက် ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ပါတီချင်း ပဋိပက္ခဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ပါတီကိုထောက်ခံတဲ့ပြည်သူတွေနဲ့ ပါတီရဲ့စည်းရုံးရေးလှည့်တဲ့ ယာဉ်တန်းကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ထောက်ခံတဲ့ပြည်သူတွေအနေနဲ့ အရေးအခင်းဖြစ်ပြီဆိုရင်တော့ ဒါကျွန်တော်တို့အဖွဲ့ချုပ် မှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ ဒါကြောင့် နောင်ဒါမျိူးမဖြစ်ဖို့အတွက် သက်ဆိုင်ရာ တိုင်း အောင်နိုင်ရေးအဖွဲ့တွေက မေတ္တာရပ်ခံစာထုတ်သလို ကျွန်တော်တို့အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင်လည်းမိမိရဲ့မခံချင်စိတ်ကိုအောင့်ထားပြီးတော့ နိုဝင်ဘာ(၈)ရက်နေ့မှာ အဖွဲ့ချုပ်ကိုထောက်ခံမဲထည့်ခြင်းအားဖြင့် ထောက်ခံမှုကိုသာပြကြပါ။ ကိုဗစ်နဲ့ပတ်သက်တဲ့ညွှန်ကြားချက်ကိုလည်းအတိအကျလိုက်နာကြပါလို့မေတ္တာရပ်ခံပန်ကြားအပ်ပြီးဖြစ်ပါတယ်”လို့ ဒေါက်တာမျိုးညွှန့်ကပြောပါတယ်။

ဆက်လက်ပြီးဒေါက်တာမျိုးညွန့်က”အချိူ့အချက်တွေကြတော့ဥပဒေချိုးဖောက်ပြီးတော့အကျိုးပျက်စီးအောင်လုပ်တာ၊ ပိုင်နက်ကျူးလွန်တာတွေရှိတယ်။ ဒီလိုဟာမျိုးကတော့ ဥပဒေကြောင်းအရ ကျွန်တော်တို့ တိုင်ကြားထားတာတွေရှိပါတယ်။ ဒီလိုဥပဒေအရ အရေးယူမှလည်း တချို့သောဥပဒေမဲ့လုပ်ရပ်တွေကို ဟန့်တားနိုင်မှာဖြစ်ပါတယ်”လို့ ပြောပါတယ်။

ထို့အပြင် ရွေးကောက်ပွဲသည် ပြည်သူတွေ၏ ရင်ထဲကဆန္ဒမဲကိုရယူသည့်ပွဲဖြစ်ပြီးပြည်သူတွေကိုအသိမြင်ဝေဝါးသွားအောင်မှိုင်းတိုက်တာ၊ခြိမ်းခြောက်ခြင်း၊အင်အားသုံးပြီးဖိနှိပ်တာမျိုးတွေဟာ လုံးဝလုပ် ဆောင်ဖို့မသင့်ကြောင်းနှင့် အမှန်တကယ်ပြည်သူကိုအလေးထားပါက ပြည်သူတွေ၏ဆန္ဒမဲကို တရားသောနည်းအားဖြင့် ရယူခြင်းသာအကောင်းဆုံးကြိုးစားခြင်းဖြစ်သည်ဟုဒေါက်တာမျိုးညွန့်မှ ထပ်မံပြောကြားပါတယ်။

၂၀၂၀ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ(၈)ရက်နေ့၌ ကျင်းပရန် စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး၌ ကိုကိုးကျွန်းမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်များကို COVID-19 ကပ်ရောဂါ ထိန်းချုပ်ရန် Stay at Home အမိန့် ထုတ်ပြန်ထားပါတယ်။

#PeopleMedia #2020election #UEC #ဒေါက်တာမျိုးညွှန့်


Share this post