• Follow Us on

Home မဲဆႏၵရွင္စာရင္းကို လာေရာက္ၾကည့္ရႈသူ လက္ရွိအခ်ိန္ထိ နည္းပါးေနေ သးေၾကာင္း တစ္သီးပုဂၢလ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ အလုပ္သမားေရွ႕ေန ဦးေဌးေျပာ

မဲဆႏၵရွင္စာရင္းကို လာေရာက္ၾကည့္ရႈသူ လက္ရွိအခ်ိန္ထိ နည္းပါးေနေ သးေၾကာင္း တစ္သီးပုဂၢလ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ အလုပ္သမားေရွ႕ေန ဦးေဌးေျပာ

Share this post

ရန္ကုန္၊ ဇူလိုင္ ၂၇

မဲဆႏၵရွင္စာရင္းကို လာေရာက္ၾကည့္ရႈသူ လက္ရွိအခ်ိန္ထိ နည္းပါးေနေသးေၾကာင္း လႈိင္သာယာ (အေရွ႕ပုိင္း) ၿမိဳ႕နယ္ တစ္သီးပုဂၢလ၀င္ေရာက္ယွဥ္ၿပဳိင္မည့္ အလုပ္သမားေရွ႕ေနဦးေဌးက ေျပာၾကားလိုက္သည္။

မဲဆႏၵရွင္အမည္စာရင္းလာေရာက္ၾကည့္ရႈသည့္ကိစၥႏွင့္ ပတ္သက္၍ ဇူလိုင္ ၂၇ ရက္ people media က ဆက္ သြယ္ေမးျမန္းရာတြင္ လႈိင္သာယာၿမိဳ႕နယ္မွ တစ္သီးပုဂၢလ၀င္ေရာက္ယွဥ္ၿပဳိင္မည့္အလုပ္သမားေရွ႕ေန ဦးေဌး က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကြ်န္ေတာ္တို႔လည္း အလုပ္သမားေတြကို ေမတၱာရပ္ခံေနတယ္။ မဲစာရင္းေတြၾကည့္ေပးပါ။ မဲစာရင္းမွာ မပါရင္ ပုံစံ ၃ နဲ႔ ေလွ်ာက္လႊာတင္ေပးပါ။ အဲဒါအလုပ္သမားေတြဆီက တုံ႔ျပန္မႈမရေသးဘူး။ လက္ရွိအေျခအေနကို ေျပာရရင္ေတာ့ ဘယ္သူမွ ေရြးေကာက္ပြဲ စိတ္မ၀င္စားဘူးျဖစ္ေနတယ္။ စိတ္မ၀င္စားေတာ့ မဲစာရင္းပါျခင္း မပါျခင္းက လူေတြရဲ႕သေဘာမွာ အေရးကိုမပါတာ။ ကိုယ့္မဲစာရင္းပါမပါ စိတ္ကိုမ၀င္စားဘူး။ ကြ်န္ေတာ္တို႔က ၾကည့္ခိုင္းေပမဲ့ မၾကည့္ၾကဘူး’’ဟု ၎ကေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ဇူလိုင္ ၂၅ ရက္မွ ၾသဂုတ္လ ၇ ရက္အထိ မဲဆႏၵရွင္အမည္စာရင္းမ်ား ကို ပထမအႀကိမ္အျဖစ္ ေၾကညာထားရွိမည္ျဖစ္ကာ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ဆႏၵမဲေပးခြင့္ရွိသူ ၃၇ သန္း ေက်ာ္ရွိေၾကာင္းသိရသည္။

“အဓိက စိတ္မ၀င္စားတာက ကိုယ္မဲေပးခဲ့တဲ့အစိုးရက ကိုယ့္ျပည္သူအတြက္ မလုပ္ေပးေတာ့ၾကာေတာ့ စိတ္ ကုန္သြားတာေပါ့ဗ်ာ’’ဟု မဲစာရင္းလာမၾကည့္ၾကသည့္အေၾကာင္းအရင္းအား အလုပ္သမားေရွ႕ေနဦးေဌးက ေျပာသည္။

၂၀၁၅ ခုႏွစ္တြင္ ဆႏၵမဲေပးခြင့္ရွိသူ ၃၄ သန္းခန္႔ရွိၿပီး လက္ရွိတြင္ ျပည္ပေရာက္ျမန္မာအလုပ္သမားမ်ားအတြက္ သက္ဆိုင္ရာသံ႐ုံးမ်ားမွ ႀကဳိတင္ဆႏၵမဲေပးခြင့္ရွိသည့္ ေလွ်ာက္လႊာမ်ား စတင္လက္ခံေနၿပီျဖစ္သည္။

“ေရြးေကာက္ပြဲကို စိတ္၀င္စားဖို႔က ႏိုင္ငံေရးပါတီမ်ားရဲ႕ စည္း႐ုံးမႈစြမ္းရည္လည္းလိုသလို ေရြးေကာက္ပြဲေကာ္မ ရွင္ရဲ႕ လႈံေဆာ္မႈစြမ္းရည္နဲ႔လည္းဆိုင္တာေပါ့ဗ်ာ’’ဟု NDF ပါတီဥကၠ႒ ဦးခင္ေမာင္ေဆြကလည္း ေျပာၾကားထား သည္။

#PeopleMedia #2020election

(unicode)
မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုသူ လက်ရှိအချိန်ထိ နည်းပါးနေ ေသးကြောင်း တစ်သီးပုဂ္ဂလဝင်ရောက် ယှဉ်ပြိုင်မည့် အလုပ်သမားရှေ့နေ ဦးဌေးပြော
…………………………………………………………

ရန်ကုန်၊ ဇူလိုင် ၂၇

မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုသူ လက်ရှိအချိန်ထိ နည်းပါးနေသေးကြောင်း လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် အလုပ်သမားရှေ့နေဦးဌေးက ပြောကြားလိုက်သည်။

မဲဆန္ဒရှင်အမည်စာရင်းလာရောက်ကြည့်ရှုသည့်ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၂၇ ရက် people media က ဆက် သွယ်မေးမြန်းရာတွင် လှိုင်သာယာမြို့နယ်မှ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့်အလုပ်သမားရှေ့နေ ဦးဌေး က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့လည်း အလုပ်သမားတွေကို မေတ္တာရပ်ခံနေတယ်။ မဲစာရင်းတွေကြည့်ပေးပါ။ မဲစာရင်းမှာ မပါရင် ပုံစံ ၃ နဲ့ လျှောက်လွှာတင်ပေးပါ။ အဲဒါအလုပ်သမားတွေဆီက တုံ့ပြန်မှုမရသေးဘူး။ လက်ရှိအခြေအနေကို ပြောရရင်တော့ ဘယ်သူမှ ရွေးကောက်ပွဲ စိတ်မဝင်စားဘူးဖြစ်နေတယ်။ စိတ်မဝင်စားတော့ မဲစာရင်းပါခြင်း မပါခြင်းက လူတွေရဲ့သဘောမှာ အရေးကိုမပါတာ။ ကိုယ့်မဲစာရင်းပါမပါ စိတ်ကိုမဝင်စားဘူး။ ကျွန်တော်တို့က ကြည့်ခိုင်းပေမဲ့ မကြည့်ကြဘူး’’ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၇ ရက်အထိ မဲဆန္ဒရှင်အမည်စာရင်းများ ကို ပထမအကြိမ်အဖြစ် ကြေညာထားရှိမည်ဖြစ်ကာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်း ကျော်ရှိကြောင်းသိရသည်။

“အဓိက စိတ်မဝင်စားတာက ကိုယ်မဲပေးခဲ့တဲ့အစိုးရက ကိုယ့်ပြည်သူအတွက် မလုပ်ပေးတော့ကြာတော့ စိတ် ကုန်သွားတာပေါ့ဗျာ’’ဟု မဲစာရင်းလာမကြည့်ကြသည့်အကြောင်းအရင်းအား အလုပ်သမားရှေ့နေဦးဌေးက ပြောသည်။

၂၀၁၅ ခုနှစ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၄ သန်းခန့်ရှိပြီး လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားများအတွက် သက်ဆိုင်ရာသံရုံးများမှ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသည့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်သည်။

“ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့က နိုင်ငံရေးပါတီများရဲ့ စည်းရုံးမှုစွမ်းရည်လည်းလိုသလို ရွေးကောက်ပွဲကော်မ ရှင်ရဲ့ လှုံဆော်မှုစွမ်းရည်နဲ့လည်းဆိုင်တာပေါ့ဗျာ’’ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း ပြောကြားထား သည်။

#PeopleMedia #2020election


Share this post