• Follow Us on

Home မဲဆန္ဒရှင် ဘယ်လောက်လာပေးမှ ရွေးကောက်ပွဲအောင်မြင်ကြောင်း သတ်မှတ်ထားခြင်းမရှိကြောင်း UEC ပြောရေးဆိုခွင့်ရှိသူပြော


Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၀
#PeopleMedia
(unicode)
မဲဆန္ဒရှင် ဘယ်လောက်လာပေးမှ ရွေးကောက်ပွဲအောင်မြင်ကြောင်း သတ်မှတ်ထားခြင်းမရှိကြောင်း UEC ပြောရေးဆိုခွင့်ရှိသူပြော
……………………………………………..
ရန်ကုန်၊ အောက်တိုဘာ ၂၀
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ဘယ်လောက်လာပေးမှ ရွေးကောက်ပွဲ အထမြောက်ကြောင်း သတ်မှတ်ထားခြင်း မရှိကြောင်း UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
လာမည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် ပတ်သက်၍ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၀ နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အထက်ပါအတိုင်း ပြုပြောကြားခဲ့သည်။
“ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ဘယ်လောက်လာပေးမှ ဖြစ်တယ်ဆိုတာ သတ်မှတ်မထားဘူး” ဟု ဦးမြင့်နိုင်က ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များ နှင့် ဆုံးဖြတ်ချက်များ ပတ်သက်၍ လက်ရှိ နိုင်ငံရေး ပါတီအသိုင်းအဝိုင်းတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသော်လည်း အဆိုပါထုတ်ပြန်ချက်နှင့် ဆုံးဖြတ်ချက်များသည် မိမိတစ်ဦးထဲနှင့် တစ်ဖွဲ့ထဲ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းမဟုတ်ကြောင်း ဦးမြင့်နိုင်က ဆိုပါတယ်။
“ပြည်ထောင်စုရွေးကောက်ပွဲမရှင်ရဲ့ လုပ်ဆောင်ချက်တွေက မိမိသဘောထားမှတ်ချက်နဲ့ ဆုံးဖြတ်ပြီးလုပ်တာ မဟုတ်ပါဘူး။ သက်ဆိုင်ရာဌာနများနဲ့ ဆွေးနွေးဆုံးဖြတ်ပြီးမှသာလျှင် လုပ်ဆောင်ရတာဖြစ်ပါတယ်။ ကိုယ့် သဘောနဲ့ ကိုယ်ဆုံးဖြတ်တာမဟုတ်ပါဘူး”ဟု ဦးမြင့်နိုင်က ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများ ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်၍ နိုင်ငံရေးပါတီများက ပြန်လည် စဉ်းစားသုံးသပ်ရန် UEC အား တင်ပြ ထားသော်လည်း အထက်ပါအကြောင်းအရာများသည် ကော်မရှင်အား ပြန်လည် တင်ပြခြင်းမရှိကြောင်း ဦးမြင့်နိုင်က ပြောဆိုခဲ့သည်။
#PeopleMedia


Share this post