• Follow Us on

Home မဲထည့္ရင္ လူကိုလည္းၾကည့္ ပါတီကိုလည္းၾကည့္ရန္ မခ်မ္းေဘာ့ၿမိဳ႕နယ္( ၂)မဲဆႏၵနယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ေလာင္းဆို

မဲထည့္ရင္ လူကိုလည္းၾကည့္ ပါတီကိုလည္းၾကည့္ရန္ မခ်မ္းေဘာ့ၿမိဳ႕နယ္( ၂)မဲဆႏၵနယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ေလာင္းဆို

Share this post

မခ်မ္းေဘာ့၊ စက္တင္ဘာ ၁၂

လူတစ္ဦးရဲ႕မဲတစ္ျပားဟာအစိုးရကိုအေျပာင္းအလဲျဖစ္ေစႏိုင္တယ္။ဒါသည္ကိုယ့္အတြက္အခြင့္အေရးျဖစ္တယ္။ဘယ္မွာမဲထည့္မယ္ဆိုတာကိုယ့္သေဘာပါ။မဲထည့္ရင္လူကိုလည္းၾကည့္ပါပါတီကိုလည္းၾကည့္ပါလို႔ အမွတ္(၂)မဲဆႏၵနယ္ ျပည္နယ္လြတ္ေတာ္ကိုယ္စားလွယ္ေလာင္းေျပာဆိုသည္။

ပူတာအိုခ႐ိုင္မခ်မ္းေဘာ့ၿမိဳ႕နယ္၊ၿမိဳ႕မရပ္ကြက္၂ေနဥိးမေခါင္ထလဂ်ာေနအိမ္တြင္စက္တင္ဘာ(၁၁)ရက္၊ည၇နာရီ၂၀မိနစ္အခ်ိန္က၂၀၂၀ေရြးေကာက္ပြဲအတြက္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီကိုယ္စားလွယ္ေလာင္းမ်ားမဲဆြယ္စည္း႐ုံးေရးျပဳလုပ္ခဲ့ရာတြင္ အထက္ပါ အတိုင္း အမွတ္(၂)မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း က ေျပာဆိုသည္။

“မဲထည့္ရင္လူကိုလည္းၾကည့္ပါပါတီကိုလည္းၾကည့္ပါ။တႏိုင္ငံလုံးမွာယွဉ္ၿပိဳင္မယ့္ပါတီႀကီးကိုဦးစားေပးတတ္ရမယ္။မူဝါဒေကာင္းတဲ့ပါတီကိုေရြးတတ္ရမယ္။အက်င့္စာရိတၱေကာင္းၿပီးအမ်ားျပည္သူအတြက္အနစ္နာခံစိတ္သေဘာထားေကာင္းၿပီးေပးဆပ္ခ်င္တဲ့သူအမ်ားအက်ိဳးကိုအမွန္တကယ္ေဆာင္ရြက္ေပးတဲ့သူကိုေရြးခ်ယ္တတ္ရမယ္။ကြၽန္ေတာ္တို႔ဟာျပည္သူေတြေရြးခ်ယ္မႈေပၚမ်ာသာရွိတယ္။ပါတီကြဲလို႔စိတ္ဝမ္းမကြဲကပါနဲ႔စည္းလုံးၾကပါ။”ဟု အမွတ္(၂)မဲဆႏၵနယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးဆြမ္ဒူေနာ္ေအာင္ကေျပာသည္။

ဆက္လက္ၿပီးျပည္သူေတြမဲထည့္ေရြးေကာက္တင္ေျမာက္မႈေၾကာင့္၂၀၁၅ခုနစ္ေရြးေကာက္ပြဲတြင္မဲေအာင္ခဲ့ၿပီးျပည့္သူ့ အက်ိဳးကိုေဆာင္ရြက္ခြင့္ရမႈေၾကာင့္ျပည္သူကိုအထူးေက်းဇူးတင္ေၾကာင္းႏွင့္ဆက္လက္ၿပီး၂၀၂၀ေရြးေကာက္ပြဲတြင္ေရြးေကာက္တင္ေျမာက္ပါကဆက္လက္ျပည္သူအက်ိဳးကိုေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းကိုလည္းေျပာဆိုခဲ့သည္။

“မဲတစ္ျပာရဲ႕တန္ဖိုးကိုေလ်ာ့မတြက္နဲ႔။ဦးေႏွာက္နဲ႔ေရြးခ်ယ္ၿပီးထိထိေရာက္ေရာက္မဲေရြးခ်ယ္တတ္ဖို႔လိုတယ္။အစိုးရေကာင္းကိုေရြးတတ္မွကိုယ္ကေကာင္းမွာျဖစ္သလိုကိုယ္စားလွယ္ေကာင္းကိုေရြးတတ္မွကိုယ့္မိသားစုေကာင္းမွာျဖစ္တယ္။”ဟုျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးရယ္ဒမ္းဝမ္ေယာဆက္ကေျပာသည္။

ထို႔အျပင္ပါတီဆိုတာလုပ္ႏိုင္ကိုင္ႏိုင္ၿပီးကိုယ့္ႏိုင္ငံ၊ေဒသဖြံၿဖိဳးတိုးတက္ဖို႔ၿပိဳင္တာျဖစ္လို႔၂၀၂၀ေရြးေကာက္ပြဲတြင္မဲဆႏၵရွင္မ်ားေရြးခ်ယ္ျခင္းခံရပါကကိုယ့္အားနည္းခ်က္ကိုျပဳျပင္ထိန္းသိမ္းျပည္သူဆုံမမႈကိုလက္ခံၿပိးကိုယ့္ေဒသဖြံၿဖိဳးမႈကိုအစြမ္းကုန္ႀကိဳးစားလုပ္ေဆာင္သြားမည္ေၾကာင္းဦးရယ္ဒမ္းဝမ္ေယာဆက္ကေျပာသည္။

အဆိုပါ၂၀၂၀ေရြးေကာက္ပြဲအတြက္စည္း႐ုံးေရးျပဳလုပ္ရာတြင္ကိုယ္စားလွယ္ေလာင္းအပါအဝင္ပါတီေကာ္မတီဝင္မ်ားႏွင့္မဲဆႏၵရွင္စုစုေပါင္း၂၇ဦးတက္ေရာက္ခဲ့ေၾကာင္းသိရသည္။

လုပါ

#PeopleMedia #မခ်မ္းေဘာ့

(unicode)
မဲထည့်ရင် လူကိုလည်းကြည့် ပါတီကိုလည်းကြည့်ရန် မချမ်းဘော့မြို့နယ်( ၂)မဲဆန္ဒနယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းဆို
…………………………………………………

မချမ်းဘော့၊ စက်တင်ဘာ ၁၂

လူတစ်ဦးရဲ့မဲတစ်ပြားဟာအစိုးရကိုအပြောင်းအလဲဖြစ်စေနိုင်တယ်။ဒါသည်ကိုယ့်အတွက်အခွင့်အရေးဖြစ်တယ်။ဘယ်မှာမဲထည့်မယ်ဆိုတာကိုယ့်သဘောပါ။မဲထည့်ရင်လူကိုလည်းကြည့်ပါပါတီကိုလည်းကြည့်ပါလို့ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်းပြောဆိုသည်။

ပူတာအိုခရိုင်မချမ်းဘော့မြို့နယ်၊မြို့မရပ်ကွက်၂နေဥိးမခေါင်ထလဂျာနေအိမ်တွင်စက်တင်ဘာ(၁၁)ရက်၊ညရနာရီ၂၀မိနစ်အချိန်က၂၀၂၀ရွေးကောက်ပွဲအတွက်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများမဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ရာတွင် အထက်ပါ အတိုင်း အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း က ပြောဆိုသည်။

“မဲထည့်ရင်လူကိုလည်းကြည့်ပါပါတီကိုလည်းကြည့်ပါ။တနိုင်ငံလုံးမှာယှဉ်ပြိုင်မယ့်ပါတီကြီးကိုဦးစားပေးတတ်ရမယ်။မူဝါဒကောင်းတဲ့ပါတီကိုရွေးတတ်ရမယ်။အကျင့်စာရိတ္တကောင်းပြီးအများပြည်သူအတွက်အနစ်နာခံစိတ်သဘောထားကောင်းပြီးပေးဆပ်ချင်တဲ့သူအများအကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးတဲ့သူကိုရွေးချယ်တတ်ရမယ်။ကျွန်တော်တို့ဟာပြည်သူတွေရွေးချယ်မှုပေါ်မျာသာရှိတယ်။ပါတီကွဲလို့စိတ်ဝမ်းမကွဲကပါနဲ့စည်းလုံးကြပါ။”ဟု အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဆွမ်ဒူနော်အောင်ကပြောသည်။

ဆက်လက်ပြီးပြည်သူတွေမဲထည့်ရွေးကောက်တင်မြောက်မှုကြောင့်၂၀၁၅ခုနစ်ရွေးကောက်ပွဲတွင်မဲအောင်ခဲ့ပြီးပြည့်သူ့ အကျိုးကိုဆောင်ရွက်ခွင့်ရမှုကြောင့်ပြည်သူကိုအထူးကျေးဇူးတင်ကြောင်းနှင့်ဆက်လက်ပြီး၂၀၂၀ရွေးကောက်ပွဲတွင်ရွေးကောက်တင်မြောက်ပါကဆက်လက်ပြည်သူအကျိုးကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းပြောဆိုခဲ့သည်။

“မဲတစ်ပြာရဲ့တန်ဖိုးကိုလျော့မတွက်နဲ့။ဦးနှောက်နဲ့ရွေးချယ်ပြီးထိထိရောက်ရောက်မဲရွေးချယ်တတ်ဖို့လိုတယ်။အစိုးရကောင်းကိုရွေးတတ်မှကိုယ်ကကောင်းမှာဖြစ်သလိုကိုယ်စားလှယ်ကောင်းကိုရွေးတတ်မှကိုယ့်မိသားစုကောင်းမှာဖြစ်တယ်။”ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရယ်ဒမ်းဝမ်ယောဆက်ကပြောသည်။

ထို့အပြင်ပါတီဆိုတာလုပ်နိုင်ကိုင်နိုင်ပြီးကိုယ့်နိုင်ငံ၊ဒေသဖွံဖြိုးတိုးတက်ဖို့ပြိုင်တာဖြစ်လို့၂၀၂၀ရွေးကောက်ပွဲတွင်မဲဆန္ဒရှင်များရွေးချယ်ခြင်းခံရပါကကိုယ့်အားနည်းချက်ကိုပြုပြင်ထိန်းသိမ်းပြည်သူဆုံမမှုကိုလက်ခံပြိးကိုယ့်ဒေသဖွံဖြိုးမှုကိုအစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမည်ကြောင်းဦးရယ်ဒမ်းဝမ်ယောဆက်ကပြောသည်။

အဆိုပါ၂၀၂၀ရွေးကောက်ပွဲအတွက်စည်းရုံးရေးပြုလုပ်ရာတွင်ကိုယ်စားလှယ်လောင်းအပါအဝင်ပါတီကော်မတီဝင်များနှင့်မဲဆန္ဒရှင်စုစုပေါင်း၂၇ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

လုပါ

#PeopleMedia #မချမ်းဘော့


Share this post