• Follow Us on

Home မဲပိုပေးမှုများနှင့် မဲလက်မှတ်ပျောက်ဆုံးမှုများရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သတင်း ထုတ် ပြန်

မဲပိုပေးမှုများနှင့် မဲလက်မှတ်ပျောက်ဆုံးမှုများရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သတင်း ထုတ် ပြန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်များအလိုက် ဆန္ဒမဲပိုပေးမှုများနှင့် ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးမှုများရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နေပြည်တော်ရှိ မြို့နယ် ၈ မြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မြေပြင်ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ယင်းသို့ စစ်ဆေးမှုများတွင် နေပြည်တော်ရှိ ၈ မြို့နယ် မဲရုံ ၆၄၆ ရုံတွင် ထုတ်ယူရရှိခဲ့သော ဆန္ဒမဲအရေ အတွက် (၉၉၄၇၅၁) ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လတ်မှတ်ဖြတ်ပိုင်းများမှာ (၆၈၇၉၀၃) ကျန်ရှိရမည့် အရေအတွက်သည် (၃၀၆၈၄၈) ဖြစ်သော်လည်း မြေပြင်စာရင်းလက်ကျန်တွင် ( ၂၉၁၅၀၃) ဖြစ်ကြောင်း အပိုတွေ့ကှိခဲ့ရသော မဲလက်မှတ်အရေအတွက်မှာ (၁၅၅၈) အထိရှိကြောင်း သတင်းထုတ်ပြန်သည်။

 

ယင်းကဲ့သို့ စစ်ဆေးမှုများအရအလိုက် ဆန္ဒမဲပိုပေးမှုများနှင့် ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံးမှုများရှိနေခြင်း သည် မဲဆန္ဒနယ်အလိုက် တရားမဝင်မဲလက်မှတ်များကို ရိုက်နိုပ်သုံးစွဲမှုများရှိခဲ့သည်ကို သံသယဖြစ်ဖွယ် တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ပြီးခဲ့သည့် ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ ဆန္ဒမဲလက်မှတ်ရိုက်နှိပ်မှုစုစုပေါင်း (၁၃၉၃၃၁၁၂၀) ထိ ရိုက်နှိပ်ခဲ့ပြီး ထပ်မံရိုက်နိုပ်မှုများလဲရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia #UEC

 

(unicode)

……………………………………………………………….







#PeopleMedia #UEC


Share this post