• Follow Us on

Home မဲမသမာမႈျဖစ္ေစနိုင္သည့္ ဆႏၵမဲအေရအတြက္ ၇၀၀၀၀ ေက်ာ္ ၿမိဳ႕နယ္ ၄ ခု၌ ေတြ႕ရွိထားေၾကာင္း တပ္မ ေတာ္ သတင္းထုတ္ျပန္

မဲမသမာမႈျဖစ္ေစနိုင္သည့္ ဆႏၵမဲအေရအတြက္ ၇၀၀၀၀ ေက်ာ္ ၿမိဳ႕နယ္ ၄ ခု၌ ေတြ႕ရွိထားေၾကာင္း တပ္မ ေတာ္ သတင္းထုတ္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာလ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ၿပီးခဲ့သည့္နိုဝင္ဘာလ ၈ ရက္ေန႔တြင္ က်င္းပခဲ့ေသာ ေရြးေကာက္ပြဲတြင္ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ရွိ မဲစာရင္းမ်ားအား စစ္ေဆးရာ၌ မဲစာရင္း ပုံစံ (၁) အရ မဲမသမာမႈျဖစ္ေစနိုင္သည့္ ဆႏၵမဲအေရအတြက္ ၇၄၀၀၀ ေက်ာ္ရွိခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ယမန္ေန႔ညကသတင္း ထုတ္ျပန္သည္။
 
တပ္မေတာ္မွ စစ္ေဆးခဲ့သည့္ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္သည္ မႏၲေလးတိုင္းေဒသႀကီး ေအာင္ေျမသာစံၿမိဳ႕နယ္၊ ရ မည္းသင္းၿမိဳ႕နယ္၊ ေပ်ာ္ဖြယ္၊ ကခ်င္ျပည္နယ္ တနိုင္းၿမိဳ႕စသည့္ၿမိဳ႕ နယ္မ်ားျဖစ္ေၾကာင္း သတင္းထုတ္ ျပန္ခ်က္တြင္ ပါရွိသည္။
 
မဲစာရင္းပုံစံ(၁) အရ မဲမသမာမႈျဖစ္ေစနိုင္သည့္ ဆႏၵမဲအေရအတြက္ ၇၄၀၀၀ ေက်ာ္သည္ မႏၲေလးတိုင္းေဒသ ႀကီး ၿမိဳ႕နယ္ ၃ ခု ကခ်င္ျပည္နယ္ ၁ ခု ႏွင့္ တို႔အား စစ္ေဆးခဲ့ျခင္းျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီး ၿမိဳ႕နယ္ ၃ ခု တြင္ ဆႏၵမဲအေရအတြက္ (၆၈၀၀၀) ေက်ာ္ႏွင့္ ကခ်င္ျပည္နယ္ရွိ ၿမိဳ႕နယ္ ၁ ခုတြင္ ဆႏၵမဲအေရအတြက္ (၅၉၀ ၀) ေက်ာ္ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
 
တပ္မေတာ္မွ စစ္ေဆးခဲ့သည့္ မဲစာရင္းမ်ားတြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၌ အသက္ ၁၀၀ ႏွစ္အထက္ မဲေပးခဲ့သူ အေရအတြက္ ၂၃၅ ဦး၊ ရမည္းသင္းၿမိဳ႕နယ္တြင္ အသက္ ၁၀၀ ႏွစ္အထက္ မဲေပးခဲ့သူ အေရအတြက္ ၁၁၁ ဦး၊ ေပ်ာ္ဖြယ္ၿမိဳ႕နယ္တြင္ အသက္ ၁၀၀ ႏွစ္အထက္ မဲေပးခဲ့သူအေရအတြက္ ၇၅ ဦးအထိ ပါဝင္ခဲ့ေၾကာင္း တပ္မ ေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ထုတ္ျပန္သည္။
 
တပ္မေတာ္အေနျဖင့္ တပ္မေတာ္သားမ်ား ဆႏၵမဲေပးမႈ ျပဳလုပ္ခဲ့သည့္ မဲ႐ုံ ၂၀၀ ေက်ာ္အား စစ္ေဆးရန္အတြက္ အခ်က္အလက္မ်ားကို ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ တင္ျပခဲ့ေသာ္လည္း အေၾကာင္းျပန္ျခင္းမရွိသည့္ အတြက္ မဲစာရင္းမ်ားရရွိနိုင္သည့္ ၿမိဳ႕နယ္ ၄ ခုအား စစ္ေဆးရာတြင္ အထက္ပါကဲ့သို႔ ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
 
#PeopleMedia #တပ္မေတာ္ #UEC #2020election
 
(unicode)
မဲမသမာမှုဖြစ်စေနိုင်သည့် ဆန္ဒမဲအရေအတွက် ၇၀၀၀၀ ကျော် မြို့နယ် ၄ ခု၌ တွေ့ရှိထားကြောင်း တပ်မ တော် သတင်းထုတ်ပြန်
………………………………………………………………..
 
ရန်ကုန်၊ ဒီဇင်ဘာလ ၂၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ပြီးခဲ့သည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မြို့နယ် ၄ မြို့နယ်ရှိ မဲစာရင်းများအား စစ်ဆေးရာ၌ မဲစာရင်း ပုံစံ (၁) အရ မဲမသမာမှုဖြစ်စေနိုင်သည့် ဆန္ဒမဲအရေအတွက် ၇၄၀၀၀ ကျော်ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယမန်နေ့ညကသတင်း ထုတ်ပြန်သည်။
 
တပ်မတော်မှ စစ်ဆေးခဲ့သည့် မြို့နယ် ၄ မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ရ မည်းသင်းမြို့နယ်၊ ပျော်ဖွယ်၊ ကချင်ပြည်နယ် တနိုင်းမြို့စသည့်မြို့ နယ်များဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ပါရှိသည်။
 
မဲစာရင်းပုံစံ(၁) အရ မဲမသမာမှုဖြစ်စေနိုင်သည့် ဆန္ဒမဲအရေအတွက် ၇၄၀၀၀ ကျော်သည် မန္တလေးတိုင်းဒေသ ကြီး မြို့နယ် ၃ ခု ကချင်ပြည်နယ် ၁ ခု နှင့် တို့အား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး မြို့နယ် ၃ ခု တွင် ဆန္ဒမဲအရေအတွက် (၆၈၀၀၀) ကျော်နှင့် ကချင်ပြည်နယ်ရှိ မြို့နယ် ၁ ခုတွင် ဆန္ဒမဲအရေအတွက် (၅၉၀ ၀) ကျော် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
တပ်မတော်မှ စစ်ဆေးခဲ့သည့် မဲစာရင်းများတွင် အောင်မြေသာစံမြို့နယ်၌ အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူ အရေအတွက် ၂၃၅ ဦး၊ ရမည်းသင်းမြို့နယ်တွင် အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူ အရေအတွက် ၁၁၁ ဦး၊ ပျော်ဖွယ်မြို့နယ်တွင် အသက် ၁၀၀ နှစ်အထက် မဲပေးခဲ့သူအရေအတွက် ၇၅ ဦးအထိ ပါဝင်ခဲ့ကြောင်း တပ်မ တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည်။
 
တပ်မတော်အနေဖြင့် တပ်မတော်သားများ ဆန္ဒမဲပေးမှု ပြုလုပ်ခဲ့သည့် မဲရုံ ၂၀၀ ကျော်အား စစ်ဆေးရန်အတွက် အချက်အလက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တင်ပြခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသည့် အတွက် မဲစာရင်းများရရှိနိုင်သည့် မြို့နယ် ၄ ခုအား စစ်ဆေးရာတွင် အထက်ပါကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
#PeopleMedia #တပ်မတော် #UEC #2020election

Share this post