• Follow Us on

Home မဲမေပးေရးလႈပ္ရွားမႈျပဳလုပ္ရာ၌ အျခားသူမ်ားကုိ ႏုိင့္ထက္စီးနင္း လုိက္လံေျပာဆုိစည္းရုံးပါက ေရြးေကာက္ပြဲ ဥပေဒႏွင့္ၿငိေၾကာင္း ဦးေက်ာ္ဟုိး (NLD ပါတီ အရန္ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၀င္)ေျပာဆုိ

မဲမေပးေရးလႈပ္ရွားမႈျပဳလုပ္ရာ၌ အျခားသူမ်ားကုိ ႏုိင့္ထက္စီးနင္း လုိက္လံေျပာဆုိစည္းရုံးပါက ေရြးေကာက္ပြဲ ဥပေဒႏွင့္ၿငိေၾကာင္း ဦးေက်ာ္ဟုိး (NLD ပါတီ အရန္ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕၀င္)ေျပာဆုိ

Share this post

ရန္ကုန္၊ ၾသဂုတ္-၁၃

မဲမေပးေရးလႈပ္ရွားမႈမ်ား မိမိဘာသာတစ္ေယာက္ထဲေျပာ၍ ရေသာ္လည္း အျခားလူမ်ားကိုႏိုင့္ထက္စီးနင္း လိုက္လံေျပာဆိုစည္း႐ုံးေနပါက ေရြးေကာက္ပြဲဥပေဒႏွင့္ၿငိစြန္းေၾကာင္း NLD ပါတီ အရန္ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႔၀င္ ဦးေက်ာ္ဟိုးကေျပာၾကားလိုက္သည္။

လက္ရွိအခ်ိန္၌ ဗကသမ်ားအဖြဲ႔ခ်ဳပ္မွ မဲမေပးေရးလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္၍ people media ကဆက္သြယ္ ေမးျမန္းရာတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အရန္ဗဟိုအလုပ္အမႈေဆာင္အဖြဲ႔၀င္ ျပည္ေထာင္စုဥပေဒဆိုင္ရာ အေထာက္အကူျပဳေရးအဖြဲ႔၀င္ ဦးေက်ာ္ဟုိးက အထက္ပါအတုိင္း ေျပာဆုိခဲ့ျခင္းျဖစ္သည္။

“တစ္ခုေတာ့ရွိတာေပါ့ဗ်ာ။ သူ႔ဘာသူတစ္ေယာက္ထဲ မဲမေပးေရးေျပာတာေတာ့ ဥပေဒနဲ႔မၿငိဘူးေပါ့။ တစ္ခုရွိ တာ ခ်ိန္းေျခာက္တာတို႔ အၾကပ္ကိုင္တာတို႔၊ ႏိုင့္ထက္စီးနင္းလုပ္တာတို႔ျဖစ္ရင္ေတာ့ ဒါဥပေဒနဲ႔ၿငိတာေပါ့။ သူကသူ႔သေဘာနဲ႔ သူေျပာရင္ရတယ္။ ဒါေပမဲ့ သူကမဲမေပးေရးလိုက္စည္း႐ုံးမယ္။ အမူအရာကအစ စည္း႐ုံး ခံရတဲ့သူကိုေၾကာက္ေအာင္လုပ္ရင္ ထိခိုက္ႏိုင္တာေပါ့။ သူ႔ဘာသူဆိုရင္မထိခိုက္ဘူးဗ်ာ။ သူမ်ားကို သြားေျပာရင္ေတာ့ ဥပေဒနဲ႔ၿငိႏိုင္တာေပါ့။ ဒါကေရြးေကာက္ပြဲေကာ္မရွင္မွမဟုတ္ဘူး။ မဲမေပးဖို႔ အဲဒီလိုႏိုင့္ထက္စီးနင္းအလုပ္ခံရတဲ့သူတိုင္းတိုင္လို႔ရတယ္’’ဟု ၎ကေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲဥပေဒအရ သက္ဆိုင္ရာလႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒ ပုဒ္မ ၅၈ (ဃ) တြင္ ဆႏၵမဲေပးျခင္းပ်က္ျပားရန္ျဖစ္ေစ၊ ေရြးေကာက္ပြဲပ်က္ျပားရန္ျဖစ္ေစ စည္း႐ုံးေဟာေျပာျခင္း၊လႈံ႕ေဆာ္ျခင္း၊ ေရးသားျခင္း၊ျဖန္႔ေဝျခင္း၊ ပိုစတာမ်ားအသုံးျပဳျခင္း သို႔မဟုတ္အျခားနည္းျဖင့္အားထုတ္ၾကဳိး ပမ္းျခင္းမျပဳရဟု ေဖာျ္ပပါရွိၿပီး အထက္ပါကိစၥရပ္မ်ားက်ဴးလြန္ပါက တစ္ႏွစ္ထက္မပိုေသာေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္တစ္သိန္းထက္မပိုေသာေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ က်ခံရႏိုင္သည္ဟုဥပေဒတြင္ ျပဌာန္းထား သည္။

လာမည့္ ေရြးေကာက္ပြဲ၌ No Vote လႈပ္ရွားမႈကုိ ဗကသမ်ားအဖြဲ႔ခ်ဳပ္မွ တုိင္းေဒသႀကီး/ျပည္နယ္မ်ားရွိ ဗကသ အဖြဲ႔မ်ားျဖင့္ ခ်ိတ္ဆက္ျပီးေဆာင္ရြက္ရန္ ျပင္ဆင္လ်က္ရွိသည္။

#PeopleMedia #NLD #ဗကသမ်ားအဖြဲ႔ #2020elelction

(unicode)
မဲမပေးရေးလှုပ်ရှားမှုပြုလုပ်ရာ၌ အခြားသူများကို နိုင့်ထက်စီးနင်း လိုက်လံပြောဆိုစည်းရုံးပါက ရွေးကောက်ပွဲ ဥပဒေနှင့်ငြိကြောင်း ဦးကျော်ဟိုး (NLD ပါတီ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)ပြောဆို
……………………………………………

ရန်ကုန်၊ ဩဂုတ်-၁၃

မဲမပေးရေးလှုပ်ရှားမှုများ မိမိဘာသာတစ်ယောက်ထဲပြော၍ ရသော်လည်း အခြားလူများကိုနိုင့်ထက်စီးနင်း လိုက်လံပြောဆိုစည်းရုံးနေပါက ရွေးကောက်ပွဲဥပဒေနှင့်ငြိစွန်းကြောင်း NLD ပါတီ အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးကျော်ဟိုးကပြောကြားလိုက်သည်။

လက်ရှိအချိန်၌ ဗကသများအဖွဲ့ချုပ်မှ မဲမပေးရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ people media ကဆက်သွယ် မေးမြန်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့ဝင် ဦးကျော်ဟိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“တစ်ခုတော့ရှိတာပေါ့ဗျာ။ သူ့ဘာသူတစ်ယောက်ထဲ မဲမပေးရေးပြောတာတော့ ဥပဒေနဲ့မငြိဘူးပေါ့။ တစ်ခုရှိ တာ ချိန်းခြောက်တာတို့ အကြပ်ကိုင်တာတို့၊ နိုင့်ထက်စီးနင်းလုပ်တာတို့ဖြစ်ရင်တော့ ဒါဥပဒေနဲ့ငြိတာပေါ့။ သူကသူ့သဘောနဲ့ သူပြောရင်ရတယ်။ ဒါပေမဲ့ သူကမဲမပေးရေးလိုက်စည်းရုံးမယ်။ အမူအရာကအစ စည်းရုံး ခံရတဲ့သူကိုကြောက်အောင်လုပ်ရင် ထိခိုက်နိုင်တာပေါ့။ သူ့ဘာသူဆိုရင်မထိခိုက်ဘူးဗျာ။ သူများကို သွားပြောရင်တော့ ဥပဒေနဲ့ငြိနိုင်တာပေါ့။ ဒါကရွေးကောက်ပွဲကော်မရှင်မှမဟုတ်ဘူး။ မဲမပေးဖို့ အဲဒီလိုနိုင့်ထက်စီးနင်းအလုပ်ခံရတဲ့သူတိုင်းတိုင်လို့ရတယ်’’ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲဥပဒေအရ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဃ) တွင် ဆန္ဒမဲပေးခြင်းပျက်ပြားရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားရန်ဖြစ်စေ စည်းရုံးဟောပြောခြင်း၊လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ဖြန့်ဝေခြင်း၊ ပိုစတာများအသုံးပြုခြင်း သို့မဟုတ်အခြားနည်းဖြင့်အားထုတ်ကြိုး ပမ်းခြင်းမပြုရဟု ဖော်ြပပါရှိပြီး အထက်ပါကိစ္စရပ်များကျူးလွန်ပါက တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်ဟုဥပဒေတွင် ပြဌာန်းထား သည်။

လာမည့် ရွေးကောက်ပွဲ၌ No Vote လှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်မှ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဗကသ အဖွဲ့များဖြင့် ချိတ်ဆက်ပြီးဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

#PeopleMedia #NLD #ဗကသများအဖွဲ့ #2020elelction


Share this post