• Follow Us on

Home မဲရံုႏွစ္ခု၌ မဲစာအုပ္မွားပါလာမႈေၾကာင့္ ျပည္သူ(၁၀၀၀)ေက်ာ္ မဲမွားယြင္းစြာေပးမႈ ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္တြင္ ျဖစ္ပြား

မဲရံုႏွစ္ခု၌ မဲစာအုပ္မွားပါလာမႈေၾကာင့္ ျပည္သူ(၁၀၀၀)ေက်ာ္ မဲမွားယြင္းစြာေပးမႈ ရန္ကုန္တိုင္းေဒသႀကီး လႈိင္ၿမိဳ႕နယ္တြင္ ျဖစ္ပြား

Share this post

ရန္ကုန္၊ ႏို၀င္ဘာ ၈

ေရြးေကာက္ပြဲအတြက္ ဆႏၵမဲေပးရာ၌ မဲရံုႏွစ္ခု၌ မဲစာအုပ္မွားပါလာမႈေၾကာင့္ မဲစာရင္းမွားေပးမႈ ရန္ကုန္တိုင္းေဒသႀကီး လိႈင္ၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား၏ အတည္ျပဳေျပာဆိုခ်က္အရ သိရပါတယ္။

အထက္ပါျဖစ္စဥ္သည္ လႈိင္ၿမိဳ႕နယ္ရွိ ၁၂ ရပ္ကြက္ မဲ႐ုံ (၇)ႏွင့္ မဲ႐ုံ(၄)တို႔တြင္ တိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၁) မဲေပးသည့္ေနရာ၌ တိုင္းေဒသႀကီး အမွတ္(၂) မဲစာအုပ္မွားယြင္းစြာ ပါလာမႈေၾကာင့္ ျဖစ္ေပၚခဲ့ျခင္း ျဖစ္ၿပီး ဆႏၵမဲေပးသူ (၁၀၀၀)ေက်ာ္ မဲမွားေပးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ျပည္သူေရွ႕ေဆာင္ပါတီ၏ လိႈင္ၿမိဳ႕နယ္ တိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚေက်ာ့ေကခိုင္က ဆိုပါတယ္။

“တိုင္းတစ္က မဲစာအုပ္ကို ကြ်န္မ တိုင္းႏွစ္ထဲမွာ ေရာၿပီးပါလာတာကို မဲရံုမွဴးက မသိဘဲနဲ႔မွ မဲလက္မွတ္ ထုတ္ေပးတာေပါ့ေနာ္၊ သိလိုက္လို႔ ရပ္လိုက္တဲ့အခ်ိန္မွာ မဲကမ်ားေနၿပီေပါ့၊ လက္တေလာ ကြ်န္မအေနနဲ႔ ကေတာ့ မဲတစ္ေထာင္ေက်ာ္ေလာက္ နစ္နာသြားတဲ့သေဘာ ျဖစ္သြားတာေပါ့” ဟု ေဒၚေက်ာ့ေကခိုင္က ေျပာပါတယ္။

လိႈင္ၿမိဳ႕နယ္ ၁၂ ရပ္ကြက္မဲရံု(၇)တြင္ တိုင္းေဒသႀကီး အမွတ္(၁) မဲေပးသည့္ေနရာတြင္ တိုင္းေဒသႀကီး အမွတ္(၂) မဲစာအုပ္ ေရာပါလာသည့္အတြက္ မဲလက္မွတ္မ်ား မွားယြင္းစြာ မဲေပးသြားသူ (၂၀၇)ဦးရွိၿပီး၊ မဲရံု (၄)မွာေတာ့ မွားယြင္းစြာ မဲေပးသူ (၈၅၉)ဦး ရွိေၾကာင္းလည္း သိရပါတယ္။

အဆိုပါမွားယြင္းေပးခဲ့သည့္ မဲမ်ားႏွင့္ပတ္သက္ၿပီး ၿမိဳ႕နယ္ေကာ္မရွင္ႏွင့္ မဲဆႏၵနယ္မွာ ၀င္ေရာက္ယွဥ္ ၿပိဳင္သည့္ ပါတီကုိယ္စားလွယ္ေလာင္းမ်ားႏွင့္ ညိွႏိႈင္းရာမွာ လက္ရွိအခ်ိန္ထိ တိက်သည့္ အေျဖမရရွိ ေသးေၾကာင္း၊ သို႔ေသာ္ ပါတီအမ်ားစုက အထက္ပါ မဲမ်ားကို ပယ္မဲအျဖစ္ သတ္မွတ္ရန္ လိုလားေန လ်က္ရွိသည္။

#PeopleMedia

(unicode)
မဲရုံနှစ်ခု၌ မဲစာအုပ်မှားပါလာမှုကြောင့် ပြည်သူ(၁၀၀၀)ကျော် မဲမှားယွင်းစွာပေးမှု ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ဖြစ်ပွား
……………………………………………………….

ရန်ကုန်၊ နိုဝင်ဘာ ၈

ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရာ၌ မဲရုံနှစ်ခု၌ မဲစာအုပ်မှားပါလာမှုကြောင့် မဲစာရင်းမှားပေးမှု ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အတည်ပြုပြောဆိုချက်အရ သိရပါတယ်။

အထက်ပါဖြစ်စဉ်သည် လှိုင်မြို့နယ်ရှိ ၁၂ ရပ်ကွက် မဲရုံ (၇)နှင့် မဲရုံ(၄)တို့တွင် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) မဲပေးသည့်နေရာ၌ တိုင်းဒေသကြီး အမှတ်(၂) မဲစာအုပ်မှားယွင်းစွာ ပါလာမှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဆန္ဒမဲပေးသူ (၁၀၀၀)ကျော် မဲမှားပေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်သူရှေ့ဆောင်ပါတီ၏ လှိုင်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကျော့ကေခိုင်က ဆိုပါတယ်။

“တိုင်းတစ်က မဲစာအုပ်ကို ကျွန်မ တိုင်းနှစ်ထဲမှာ ရောပြီးပါလာတာကို မဲရုံမှူးက မသိဘဲနဲ့မှ မဲလက်မှတ် ထုတ်ပေးတာပေါ့နော်၊ သိလိုက်လို့ ရပ်လိုက်တဲ့အချိန်မှာ မဲကများနေပြီပေါ့၊ လက်တလော ကျွန်မအနေနဲ့ ကတော့ မဲတစ်ထောင်ကျော်လောက် နစ်နာသွားတဲ့သဘော ဖြစ်သွားတာပေါ့” ဟု ဒေါ်ကျော့ကေခိုင်က ပြောပါတယ်။

လှိုင်မြို့နယ် ၁၂ ရပ်ကွက်မဲရုံ(၇)တွင် တိုင်းဒေသကြီး အမှတ်(၁) မဲပေးသည့်နေရာတွင် တိုင်းဒေသကြီး အမှတ်(၂) မဲစာအုပ် ရောပါလာသည့်အတွက် မဲလက်မှတ်များ မှားယွင်းစွာ မဲပေးသွားသူ (၂၀၇)ဦးရှိပြီး၊ မဲရုံ (၄)မှာတော့ မှားယွင်းစွာ မဲပေးသူ (၈၅၉)ဦး ရှိကြောင်းလည်း သိရပါတယ်။

အဆိုပါမှားယွင်းပေးခဲ့သည့် မဲများနှင့်ပတ်သက်ပြီး မြို့နယ်ကော်မရှင်နှင့် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ် ပြိုင်သည့် ပါတီကိုယ်စားလှယ်လောင်းများနှင့် ညှိနှိုင်းရာမှာ လက်ရှိအချိန်ထိ တိကျသည့် အဖြေမရရှိ သေးကြောင်း၊ သို့သော် ပါတီအများစုက အထက်ပါ မဲများကို ပယ်မဲအဖြစ် သတ်မှတ်ရန် လိုလားနေ လျက်ရှိသည်။

#PeopleMedia


Share this post