• Follow Us on

Home မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန်ဒေါ်လာ (၂) သိန်း တန်ဖိုးရှိ စီမံကိန်းတစ်ခုအား မော်လမြိုင်တက္ကသိုလ်တွင် အကောင်အထည်ဖော်မည်

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန်ဒေါ်လာ (၂) သိန်း တန်ဖိုးရှိ စီမံကိန်းတစ်ခုအား မော်လမြိုင်တက္ကသိုလ်တွင် အကောင်အထည်ဖော်မည်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း (၇) ခုအနက် တစ်ခုဖြစ်သည့် အမေရိကန်ဒေါ်လာ (၂) သိန်းတန်ဖိုးရှိ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနေထိုင်သူများက စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု အပေါ်သက်ရောက်မှုအား လေ့လာသုတေသနပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

စက်တင်ဘာလ ၈ ရက်နေ့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“မဲခေါင်နိုင်ငံများ၏ ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်မှုများအား အထောက်အပံ့ဖြစ်စေရန် ကိုရီးယားသမ္မတနိုင်ငံမှ တရားဝင်ဖွံ့ဖြိုးမှု အကူအညီများ (Official Development Assistance-ODA) ပေးအပ်လျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိ ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

 

ယင်းအပြင် မဲခေါင်နိုင်ငံများ၌ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ကိုရီး ယားသမ္မတနိုင်ငံမှ မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေသို့ နှစ်စဉ်ရန်ပုံငွေထည့်ဝင်မှုများနှင့် ပတ် သက်၍ ယင်းအပေါ်တွင်လည်း ကျေးဇူးတင်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

“ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ (၄) သန်း ထည့်ဝင်မှုအား ကျေးဇူးတင်ရှိကြောင်း၊ အစည်းအဝေးမှ မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၌ အကောင်အထည်ဖော်မည့် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေစီမံကိန်း(ပဉ္စမအသုတ်)အား အတည်ပြုခြင်းကို ကြိုဆိုကြောင်း “နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

 

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသည် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့်ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ကိုရီယားနိုင်ငံတို့အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်ရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ၂၀၁၁ ခုနှစ်ကစတင်ခဲ့သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိကြောင်းသိရသည်။

 

#Peoplemedia # နိုင်ငံခြားရေးဝန်ကြီးဌာန

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 



Share this post