• Follow Us on

Home မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံ၏ စီမံကိန်း(၂၁)ခုအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ကို လွှဲပြောင်းပေးအပ်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံ၏ စီမံကိန်း(၂၁)ခုအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ကို လွှဲပြောင်းပေးအပ်

Share this post

နေပြည်တော်၊ သြဂုတ် ၁၁ (People Media)

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံ၏ စီမံကိန်း (၂၁) ခုအတွက် တရုတ်နိုင်ငံမှ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ကို လွှဲပြောင်းပေးအပ်ခြင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ video conference စနစ်ဖြင့် ကျင်းပခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည်။

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံဝန်ကြီးဌာန(၁၁)ခုမှ အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိသော စီမံကိန်းများအတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) တွင် မြန်မာနိုင်ငံမှ စီမံကိန်း (၂၂) ခု ရရှိခဲ့သော် လည်း၊ Biosafety level-3 Lab တည်ဆောက်ရေးစီမံကိန်းအတွက် ရန်ပုံငွေကို ပြည်တွင်းလုပ်ငန်းစဉ်များ ပြီးစီးသည့်အချိန်တွင် လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး၊ ကျန်စီမံကိန်း (၂၁) ခုအတွက် အမေရိကန်ဒေါ်လာ (၆.၁) သန်းကျော်ကို လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။

 

အဆိုပါ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံသည် သမားရိုးကျမဟုတ်သောလုံခြုံရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ သိပ္ပံနှင့် နည်းပညာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနယ်ပယ်တို့တွင် စီမံကိန်းများ အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #တရုတ် #မြန်မာ #မဲခေါင်စီမံကိန်း

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post