• Follow Us on
Latest News

Home မဲရုံအသီးသီးတွင် မဲရလဒ်များ ရွေးကောက်ပွဲနေ့ရက် ညနေ ၄ နာရီမတိုင် ခင် ဖွင့်ဖောက်ရေတွက်ခြင်းမပြုရန်နှင့် မဲရလဒ်များပေါက်ကြားခြင်း မရှိေ စရန် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ညွှန်ကြားချက်၊ စည်း ကမ်းချက် များ ထုတ်ပြန်ပေးရန် အစီအစဉ်မရှိဟုဆို


Share this post

နေပြည်တော်၊ ဇူလိုင် ၁၃






#PeopleMedia

(unicode)
မဲရုံအသီးသီးတွင် မဲရလဒ်များ ရွေးကောက်ပွဲနေ့ရက် ညနေ ၄ နာရီမတိုင် ခင် ဖွင့်ဖောက်ရေတွက်ခြင်းမပြုရန်နှင့် မဲရလဒ်များပေါက်ကြားခြင်း မရှိ ေစရန် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ညွှန်ကြားချက်၊ စည်း ကမ်းချက် များ ထုတ်ပြန်ပေးရန် အစီအစဉ်မရှိဟုဆို
…………………………………………………

နေပြည်တော်၊ ဇူလိုင် ၁၃

မဲရုံအသီးသီးတွင် မဲရလဒ်များ ရွေးကောက်ပွဲနေ့ရက် ညနေ၄နာရီမတိုင်ခင် ဖွင့်ဖောက်ရေတွက်ခြင်းမပြုရန်နှင့် မဲရလဒ်များပေါက်ကြားခြင်းမရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်၊ စည်းကမ်းချက် များ ထုတ်ပြန်ပေးရန် အစီအစဉ်မရှိကြောင်း ကော်မရှင်မှအဖွဲ့ဝင် ဦးသက်ထွန်းက ပြည်သူ့လွှတ်တော်တွင် ပြောသည်။

ဇူလိုင် ၁၃ ရက် နေပြည်တော်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကန်ပက်လက်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းမေးမြန်းချက်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင် ဦးသက်ထွန်းကဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဆန္ဒမဲပေးပြီးချိန်ပြီးပြတ်ခြင်း ဆန္ဒမဲကိုအများပြည်သူရှေ့မှောက်မှာ ရေတွက်ခြင်းဟာဥပဒေပါပြဌာန်းနဲ့အညီ ဆောင်ရွက်တာဖြစ်ပါတယ်။ မဲရုံမှာမဲပေးခွင့်ရှိသူအရေအတွက်ဟာမတူညီတဲ့အတွက် မဲရေတွက်ချိန်ဟာလည်း တူညီမှာမဟုတ်ပါဘူး။ သို့ဖြစ်ပါ၍ မေးခွန်းပါအထွေထွေရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရှိ မဲရလဒ်များအားရွေးကောက်ပွဲနေ့ရက် ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်းမပြုရန်နှင့် ညနေ၄နာရီမတိုင်ခင်မဲရလဒ်များအား ပေါက်ကြားစေခြင်းမရှိစေရန် ကောင်းမွန်သောညွှန်ကြားချက်၊ စည်းကမ်း ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးသို့ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး အထက်ဖော်ပြပါပြဌာန်းဥပဒေများအရ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်မရှိပါ ကြောင်းဖြေကြားအပ်ပါတယ်’’ ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းမေးခွန်းပါ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် တစ်နိုင်ငံလုံးမှ မဲရုံအသီးသီးရ ှိမဲရလဒ်များအားရွေးကောက်ပွဲနေ့ရက် ညနေ ၄ နာရီမတိုင်မီ ဖွင့်ဖောက်ရေတွက်ခြင်းမပြုရန်နှင့် ညနေ ၄ နာရီမတိုင်ခင် မဲရလဒ်များအား ပေါက်ကြားစေခြင်း မရှိစေရန် ကောင်းမွန်သောညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တစ်နိုင်ငံလုံးသို့ ထုတ်ပြန်ကြေညာပေးရန် အစီအစဉ်ရှိ၊မရှိအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားချက်အရသိရပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်းသိရသည်။

#PeopleMedia


Share this post