• Follow Us on

Home မံစီမြို့ ပျဉ်းကတိုးတောအတွင်း အမျိုးသားတစ်ဦး ဆေးထိုးပိုက်အ ပ်တန်းလန်းဖြင့် မှောက်လျက် သေဆုံးနေ


Share this post

မံစီ၊ ဩဂုတ် ၇




လူမော်

#PeopleMedia #မံစီ

(unicode)
မံစီမြို့ ပျဉ်းကတိုးတောအတွင်း အမျိုးသားတစ်ဦး ဆေးထိုးပိုက်အ ပ်တန်းလန်းဖြင့် မှောက်လျက် သေဆုံးနေ
……………………………………………………

မံစီ၊ ဩဂုတ် ရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်၊ ပျဉ်းကတိုးတောအတွင်း ယမန်နေ့က အမျိုးသားတစ်ဦး ဆေးထိုးပိုက်အပ် တန်းလန်းဖြင့် မှောက်လျက် သေဆုံးခဲ့ကြောင်း သိရသည်။

ဩဂုတ် ၆ရက် နံနက်ပိုင်းက ပျဉ်းကတိုးတောအတွင်း ဆေးထိုးပိုက်အပ် တန်းလန်းဖြင့် မှောက်လျက် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ မံစီမြို့မရဲစခန်းမှ ဒုရဲမှူး မင်းမင်းဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဦးဇင်မင်းအောင်၊ (ဘ)ဦးကျော်မြင့်၊ ပြင်ဦးလွင်ရပ်ကွက်၊ မံစီမြို့နေသူသည် လယ်တောသို့သွားစဉ် မံစီမြို့၊ ပြင်ဦးလွင်ရပ်ကွက်၊ ပျဉ်းကတိုးတောအတွင်းတွင် ပြည့်စုံအောင်(ကျား)၊ (၂၉)နှစ်၊ (ဘ)ဦးသန်းထွန်း၊ မောရဝတီရပ်ကွက်၊ မံစီမြို့နေသူအား ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရဘဲ ဝဲဘက်လက်ဖျံတွင် ဆေးထိုးပိုက်အပ် တန်းလန်းဖြင့် မှောက်လျက် သေဆုံးနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မံစီမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၅/၂၀၂၀) ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

လူမော်

#PeopleMedia #မံစီ


Share this post