• Follow Us on

Home မံုရြာၿမိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၇၀ ျပား၊ ေငြစကၠဴအတု ၃၂ ရြက္ႏွင့္ ေငြစကၠဴအတု ျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိ

မံုရြာၿမိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၇၀ ျပား၊ ေငြစကၠဴအတု ၃၂ ရြက္ႏွင့္ ေငြစကၠဴအတု ျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဇြန္ ၁၇

မံုရြာၿမိဳ႕တြင္ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၁၇၀ ျပား၊ ေငြစကၠဴအတု ၃၂ ရြက္ႏွင့္ ေငြစကၠဴအတု ျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားဖမ္းဆီးရမိေၾကာင္း မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕မွ ထုတ္ ျပန္ထားသည္။

ျဖစ္စဥ္မွာ ဇြန္လ ၁၆ ရက္ ၁၂ နာရီ အခ်ိန္တြင္ မံုရြာၿမိဳ႕၊ ျမ၀တီရပ္ကြက္ရွိလမ္းေပၚတြင္ လမ္းေလွ်ာက္လာသူ အဆိုပါရပ္ကြက္တြင္ အိမ္ဌားေနထိုင္သည့္ မနဒီထြန္း ၃၅ ႏွစ္အား စစ္ေဆးရွာေဖြရာ ၎၀တ္ဆင္ထားသည့္ ေဘာင္းဘီအိတ္ကပ္အတြင္းမွ ပလတ္စတစ္ကပ္ခြာအိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပား ၁၇၀ျပား (တန္ဖိုးေငြ ၈.၅ သိန္း) ေတြ႕ရွိခဲ့ေၾကာင္း မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕မွ ထုတ္ျပန္ထား သည္။

ထို႔အျပင္ ၎ေနထိုင္ရာ ေနအိမ္သို႔ ဆက္လက္ရွာေဖြရာတြင္ ေနအိမ္အတြင္းမွ ေငြစကၠဴအတုမ်ားျဖစ္သည့္ ၁၀၀၀၀ က်ပ္တန္ ၂၈ ရြက္၊ ၅၀၀၀ က်ပ္တန္ ၃ ရြက္ ၊ ၁၀၀၀ က်ပ္တန္ ၁ ရြက္၊ လက္ကိုင္ဖုန္း ၁ လံုးႏွင့္ ေငြစကၠဴအတုမ်ားျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစြည္းမ်ားအား ေတြ႕ရွိခဲ့ေၾကာင္းရဲတပ္ဖဲြ႕မွ ထုတ္ျပန္ ထားသည္။

၎အမ်ိဳးသမီးအား မံုရြာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္လည္းေကာင္း၊ ဗဟိုဘဏ္ဥပေဒျဖင့္လည္းေကာင္း အမႈဖြင့္ၿပီးသြားမည္ျဖစ္ေၾကာင္း မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖဲြ႕မွ ထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
မုံရွာမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြား၊ ငွေစက္ကူအတု ၃၂ ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိ
………………………………………………………

ရန်ကုန်၊ ဇွန် ၁၇

မုံရွာမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ ပြား၊ ငွေစက္ကူအတု ၃၂ ရွက်နှင့် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ် ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၆ ရက် ၁၂ နာရီ အချိန်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိလမ်းပေါ်တွင် လမ်းလျှောက်လာသူ အဆိုပါရပ်ကွက်တွင် အိမ်ဌားနေထိုင်သည့် မနဒီထွန်း ၃၅ နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀ပြား (တန်ဖိုးငွေ ၈.၅ သိန်း) တွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထား သည်။

ထို့အပြင် ၎င်းနေထိုင်ရာ နေအိမ်သို့ ဆက်လက်ရှာဖွေရာတွင် နေအိမ်အတွင်းမှ ငွေစက္ကူအတုများဖြစ်သည့် ၁၀၀၀၀ ကျပ်တန် ၂၈ ရွက်၊ ၅၀၀၀ ကျပ်တန် ၃ ရွက် ၊ ၁၀၀၀ ကျပ်တန် ၁ ရွက်၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေစက္ကူအတုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစွည်းများအား တွေ့ရှိခဲ့ကြောင်းရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသည်။

၎င်းအမျိုးသမီးအား မုံရွာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း၊ ဗဟိုဘဏ်ဥပဒေဖြင့်လည်းကောင်း အမှုဖွင့်ပြီးသွားမည်ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

#PeopleMedia


Share this post