• Follow Us on
Latest News

Home မ်က္စိမမွိတ္ခင္ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးရတာ ျမင္သြားခ်င္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာၾကား

မ်က္စိမမွိတ္ခင္ ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးရတာ ျမင္သြားခ်င္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၉

မ်က္စိမမွိတ္ခင္အခ်ိန္အတြင္း ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးရတာ ျမင္သြားခ်င္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ၿငိမ္းခ်မ္းေရးညီလာခံ မိန္႔ခြန္းေျပာၾကားရာတြင္ ေျပာၾကားခဲ့သည္။

ယေန႔က်င္းပျပဳလုပ္သည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစု ပင္လံုစတုတၳအစည္းအေ၀းတြင္ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ မိန္႔ခြန္းေျပာၾကားရာတြင္ အထက္ပါအတိ္ုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ကၽြန္မတို႔အားလံုး မ်က္စိမမွိတ္ခင္အခ်ိန္ေတြမွာ ကၽြန္မတို႔ႏိုင္ငံၿငိမ္းခ်မ္းေရးရတာကို ျမင္သြားခ်င္ပါတယ္။ မၿငိမ္းခ်မ္းလို႔ မျဖစ္ဘူးဆိုတဲ့ ခံယူခ်က္နဲ႔ ကၽြန္မတို႔ျပည္သူေတြ ၿငိမ္းခ်မ္းေရးအတြက္ ၀န္းရံေပးၾကပါ။ ၿငိမ္းခ်မ္း ေရးအတြက္ တြန္းအားေပးၾကပါလို႔ တိုက္တြန္းေျပာၾကားလိုပါတယ္”ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာသည္။

ထိုကဲ့သို႔ေျပာၾကားရာတြင္ လမ္းေၾကာင္းတစ္ခုေပၚကို ေျခတစ္လွမ္းလွမ္းမယ္ၾကံလွ်င္ ကၽြန္မတို႔ခ်စ္တဲ့ ျပည္ ေထာင္စုႀကီးနဲ႔ ဒီျပည္ေထာင္စုႀကီးမွာ ဆက္လက္ရွင္ၾကမယ့္ ကၽြန္မတို႔ရဲ႕ မ်ဳိးဆက္သစ္တိုင္းရင္းသား လူငယ္ေတြရဲ႕ မ်က္ႏွာေတြကို ျပန္လည္ျမင္ေယာင္ၾကဖို႔ ကၽြန္မအေနနဲ႔ သတိေပးေျပာၾကားလိုေၾကာင္းလည္း ၎မွဆက္လက္ေျပာသည္။

ဆက္လက္ၿပီး ၎အေနႏွင့္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုႀကီးဆိုသည့္ ျပည္ေထာင္စု၏ပန္းတိုင္ကို အျမန္ ဆံုးေရာက္ရွိႏိုင္ရန္ မိမိတို႔အစုအဖြဲ႕၏ အင္အားႏွင့္ ျပည္သူေတြ၏ တြန္းအားႏွစ္ခုႏွင့္ “စုေပါင္းအင္အား” အေကာင္းဆံုးအခ်ိန္မွာ မိမိတို႔လိုလားေတာင့္တေနသည့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး မုခ်ရမည္ျဖစ္ေၾကာင္း မိမိ အေနႏွင့္ အခိုင္အမာယံုၾကည္ထားေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ မိန္႔ခြန္း ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ ၂၀၂၀ ေရြးေကာက္ပြဲအလြန္ မည္သည့္အစိုးရတက္လာသည္ျဖစ္ေစ အဆင္သင့္ေလွ်ာက္လွမ္းရ မည့္ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ လမ္းသစ္ေဖာက္ေပးခဲ့ၿပီ ျဖစ္ေၾကာင္းလည္း ၎မွဆိုသည္။

#PeopleMedia #Peace

(unicode)
မျက်စိမမှိတ်ခင် မြန်မာနိုင်ငံငြိမ်းချမ်းရေးရတာ မြင်သွားချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၉

မျက်စိမမှိတ်ခင်အချိန်အတွင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရတာ မြင်သွားချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ငြိမ်းချမ်းရေးညီလာခံ မိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံစတုတ္ထအစည်းအဝေးတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိ်ုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့အားလုံး မျက်စိမမှိတ်ခင်အချိန်တွေမှာ ကျွန်မတို့နိုင်ငံငြိမ်းချမ်းရေးရတာကို မြင်သွားချင်ပါတယ်။ မငြိမ်းချမ်းလို့ မဖြစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ကျွန်မတို့ပြည်သူတွေ ငြိမ်းချမ်းရေးအတွက် ဝန်းရံပေးကြပါ။ ငြိမ်းချမ်း ရေးအတွက် တွန်းအားပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။

ထိုကဲ့သို့ပြောကြားရာတွင် လမ်းကြောင်းတစ်ခုပေါ်ကို ခြေတစ်လှမ်းလှမ်းမယ်ကြံလျှင် ကျွန်မတို့ချစ်တဲ့ ပြည် ထောင်စုကြီးနဲ့ ဒီပြည်ထောင်စုကြီးမှာ ဆက်လက်ရှင်ကြမယ့် ကျွန်မတို့ရဲ့ မျိုးဆက်သစ်တိုင်းရင်းသား လူငယ်တွေရဲ့ မျက်နှာတွေကို ပြန်လည်မြင်ယောင်ကြဖို့ ကျွန်မအနေနဲ့ သတိပေးပြောကြားလိုကြောင်းလည်း ၎င်းမှဆက်လက်ပြောသည်။

ဆက်လက်ပြီး ၎င်းအနေနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆိုသည့် ပြည်ထောင်စု၏ပန်းတိုင်ကို အမြန် ဆုံးရောက်ရှိနိုင်ရန် မိမိတို့အစုအဖွဲ့၏ အင်အားနှင့် ပြည်သူတွေ၏ တွန်းအားနှစ်ခုနှင့် “စုပေါင်းအင်အား” အကောင်းဆုံးအချိန်မှာ မိမိတို့လိုလားတောင့်တနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး မုချရမည်ဖြစ်ကြောင်း မိမိ အနေနှင့် အခိုင်အမာယုံကြည်ထားကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားခဲ့သည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် မည်သည့်အစိုးရတက်လာသည်ဖြစ်စေ အဆင်သင့်လျှောက်လှမ်းရ မည့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းသစ်ဖောက်ပေးခဲ့ပြီ ဖြစ်ကြောင်းလည်း ၎င်းမှဆိုသည်။

#PeopleMedia #Peace


Share this post